Zawgyi/Unicode
ပါကစၥတန္စစ္တပ္ကို ေဝဖန္တဲ႔ သတင္းသမားေတြ ရာဇဝတ္ေၾကာင္းအရ အေရးယူခံရ
ပါကစၥတန္ ရဲတပ္ဖြဲ႕က သတင္းသမားနဲ႔ ႏိုင္ငံေရး ေဆြးေႏြးပြဲ တင္ဆက္သူ အနည္းဆုံး ၆ ဦးကို သူတို႔ရဲ႕ လုပ္ငန္းေဆာင္႐ြက္ခ်က္ေတြ အေပၚ လက္တုံ႔ျပန္တဲ့ အေနနဲ႔ ရာဇဝတ္ေၾကာင္းနဲ႔ စတင္ အေရးယူလိုက္ေၾကာင္း အမႈဖြင့္ခံရသူေတြရဲ႕ ေရွ႕ေနေတြက တနလာေနၤ့မွာ အထက္တရား႐ုံးတခုမွာ တင္ျပခဲ့ပါတယ္။
သတင္းသမားေတြဟာ စစ္တပ္နဲ႔ ႏိုင္ငံပိုင္ အဖြဲ႕အစည္းေတြကို ဆန႔္က်င္တဲ့ အမုန္းတရားျဖန႔္ေဝမႈေတြကို သူတို႔ သတင္းေတြမွာ ေဖာ္ျပေနတယ္လို႔ စြပ္စြဲၿပီး မ်ိဳးခ်စ္ ႏိုင္ငံသားမ်ားလို႔ ဆိုသူေတြက ႏိုင္ငံတဝန္း ၿမိဳ႕ေတြမွာ ၿပီးခဲ့တဲ့ ရက္ပိုင္း အတြင္း ရဲထံ တိုင္ၾကားတဲ့ အမႈေတြဟာ အမ်ိဳးအစားတူ အမႈေတြ ျဖစ္ပါတယ္။
ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ Imran Khan ကေတာ့ ဒီအမႈေတြဟာ ႏိုင္ငံေရး အရ လက္တုံ႔ျပန္မႈလို႔ သုံးႏႈန္း ေျပာဆိုလိုက္ၿပီး ဒီအမႈေတြရဲ႕ ေနာက္ကြယ္မွာ အစိုးရ ပတ္သက္ေနတယ္လို႔လည္း စြပ္စြဲလိုက္ပါတယ္။ ပါကစၥတန္ရဲ႕ အီလက္ထေရာနစ္ မီဒီယာ စည္းကမ္းထိန္းသိမ္းေရး အာဏာပိုင္ အဖြဲ႕ PEMRA က ဒီဂ်စ္တယ္ သတင္းဌာနေတြနဲ႔ အသံလႊင့္သူေတြ အေနနဲ႔ ႏိုင္ငံ အဖြဲ႕အစည္းေတြ အထူးသျဖင့္ တရားေရးနဲ႔ စစ္တပ္ကို ေလွာင္ေျပာင္ သေရာ္မႈေတြကို သတိေပးတဲ့ ေၾကညာခ်က္ကို တနလာေနၤ့က ထုတ္ျပန္မႈနဲ႔လည္း အခု သတင္းသမားေတြ အေပၚ ရာဇဝတ္ေၾကာင္းအရ အမႈဖြင့္တာေတြက တိုက္ဆိုင္ေနပါတယ္။
ခ်ိဳးေဖာက္မႈေတြ ရွိရင္ေတာ့ ႐ုပ္သံလႊင့္တာေတြကို ခ်င္းခ်က္ ရပ္ဆိုင္းၿပီး ဒဏ္ေၾကးလည္း ခ်မွတ္တာနဲ႔ ႀကဳံရႏိုင္ေၾကာင္း ႐ုပ္သံထုတ္လႊင့္မႈ၊ ႐ိုက္ႏွိပ္ထုတ္ေဝမႈနဲ႔ အီလက္ထေရာနစ္ မီဒီယာ လိုင္စင္ေတြထုတ္ေပးၿပီး စည္းကမ္း ထိန္းသိမ္းတဲ့ ျပည္ေထာင္စု အဖြဲ႕အစည္း တခု ျဖစ္တဲ့ PEMRA က သတိေပးထားပါတယ္။
ေမလ ၉ ရက္ေန႔မွာလည္း အလားတူ သတိေပးခ်က္မ်ိဳးကို Pemra အဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။ တရားဝင္ တရားစြဲဆိုခံရၿပီး ျပစ္ဒဏ္ခ်မွတ္ခံရရင္ေတာ့ သတင္းသမားေတြ အေနနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္နဲ႔ အထက္နဲ႔ ေငြဒဏ္ ခ်မွတ္ခံရႏိုင္ေျခ ရွိပါတယ္။
#
ပါကစ္စတန်စစ်တပ်ကို ဝေဖန်တဲ့ သတင်းသမားတွေ ရာဇဝတ်ကြောင်းအရ အရေးယူခံရ
ပါကစ္စတန် ရဲတပ်ဖွဲ့က သတင်းသမားနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တင်ဆက်သူ အနည်းဆုံး ၆ ဦးကို သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ ရာဇဝတ်ကြောင်းနဲ့ စတင် အရေးယူလိုက်ကြောင်း အမှုဖွင့်ခံရသူတွေရဲ့ ရှေ့နေတွေက တနလာင်္နေ့မှာ အထက်တရားရုံးတခုမှာ တင်ပြခဲ့ပါတယ်။
သတင်းသမားတွေဟာ စစ်တပ်နဲ့ နိုင်ငံပိုင် အဖွဲ့အစည်းတွေကို ဆန့်ကျင်တဲ့ အမုန်းတရားဖြန့်ဝေမှုတွေကို သူတို့ သတင်းတွေမှာ ဖော်ပြနေတယ်လို့ စွပ်စွဲပြီး မျိုးချစ် နိုင်ငံသားများလို့ ဆိုသူတွေက နိုင်ငံတဝန်း မြို့တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ရဲထံ တိုင်ကြားတဲ့ အမှုတွေဟာ အမျိုးအစားတူ အမှုတွေ ဖြစ်ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ကတော့ ဒီအမှုတွေဟာ နိုင်ငံရေး အရ လက်တုံ့ပြန်မှုလို့ သုံးနှုန်း ပြောဆိုလိုက်ပြီး ဒီအမှုတွေရဲ့ နောက်ကွယ်မှာ အစိုးရ ပတ်သက်နေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။ ပါကစ္စတန်ရဲ့ အီလက်ထရောနစ် မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့ PEMRA က ဒီဂျစ်တယ် သတင်းဌာနတွေနဲ့ အသံလွှင့်သူတွေ အနေနဲ့ နိုင်ငံ အဖွဲ့အစည်းတွေ အထူးသဖြင့် တရားရေးနဲ့ စစ်တပ်ကို လှောင်ပြောင် သရော်မှုတွေကို သတိပေးတဲ့ ကြေညာချက်ကို တနလာင်္နေ့က ထုတ်ပြန်မှုနဲ့လည်း အခု သတင်းသမားတွေ အပေါ် ရာဇဝတ်ကြောင်းအရ အမှုဖွင့်တာတွေက တိုက်ဆိုင်နေပါတယ်။
ချိုးဖောက်မှုတွေ ရှိရင်တော့ ရုပ်သံလွှင့်တာတွေကို ချင်းချက် ရပ်ဆိုင်းပြီး ဒဏ်ကြေးလည်း ချမှတ်တာနဲ့ ကြုံရနိုင်ကြောင်း ရုပ်သံထုတ်လွှင့်မှု၊ ရိုက်နှိပ်ထုတ်ဝေမှုနဲ့ အီလက်ထရောနစ် မီဒီယာ လိုင်စင်တွေထုတ်ပေးပြီး စည်းကမ်း ထိန်းသိမ်းတဲ့ ပြည်ထောင်စု အဖွဲ့အစည်း တခု ဖြစ်တဲ့ PEMRA က သတိပေးထားပါတယ်။
မေလ ၉ ရက်နေ့မှာလည်း အလားတူ သတိပေးချက်မျိုးကို Pemra အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ တရားဝင် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ချမှတ်ခံရရင်တော့ သတင်းသမားတွေ အနေနဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ အထက်နဲ့ ငွေဒဏ် ချမှတ်ခံရနိုင်ခြေ ရှိပါတယ်။