သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပါကစၥတန္ ကားဗုံးေပါက္ကဲြမႈ တ႐ုတ္ႏိုင္ငံသား ၃ ဦးနဲ႔ ယာဥ္ေမာင္းေသဆုံး 


Pakistan Explosion

ပါကစၥတန္ ႏိုင္ငံ ေတာင္ပိုင္း ကရာခ်ိ ၿမိဳ႕မွာ ဗင္ကားတစီးတြင္း အေသခံ ဗံုးေဖာက္ခြဲမႈေၾကာင့္ တ႐ုတ္ ႏိုင္ငံသား ၃ ဦးနဲ႔ ေဒသခံ ကားေမာင္းသမားတို႔ ေသဆံုးေၾကာင္း ပါကစၥတန္ ရဲတပ္ဖြဲ႔က အဂၤါေန႔မွာ ေျပာပါတယ္။

ပါကစၥတန္ ကားဗုံးေပါက္ကဲြမႈ တ႐ုတ္ႏိုင္ငံသား ၃ ဦးနဲ႔ ယာဥ္ေမာင္းေသဆုံး

{{Zawgyi/Unicode}}
ပါကစၥတန္ ႏိုင္ငံ ေတာင္ပိုင္း ကရာခ်ိ ၿမိဳ႕မွာ ဗင္ကားတစီးတြင္း အေသခံ ဗံုးေဖာက္ခြဲမႈေၾကာင့္ တ႐ုတ္ ႏိုင္ငံသား ၃ ဦးနဲ႔ ေဒသခံ ကားေမာင္းသမားတို႔ ေသဆံုးေၾကာင္း ပါကစၥတန္ ရဲတပ္ဖြဲ႔က အဂၤါေန႔မွာ ေျပာပါတယ္။ အခု ေသဆံုးရသူေတြကေတာ့ ကရာခ်ိၿမိဳ႕မွာ တ႐ုတ္တို႔ တည္ေထာင္တဲ႔ ကြန္ျဖဴးရွပ္ အင္စတီက်ဳကို သြားခဲ႔တာမွာ အ၀င္ဂိတ္ အေရာက္မွာ သူတို႔ စီးနင္းလာတဲ႔ ဗင္ကား ေပါက္ကြဲခဲ႔တာ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ အႀကီးတန္း တာ၀န္ရွိသူေတြက သတင္းေထာက္ေတြကို ေျပာပါတယ္။

ေသဆံုးသြားတဲ႔ တ႐ုတ္ ႏိုင္ငံသားေတြထဲမွာေတာ့ တ႐ုတ္ ဘာသာစကား ဘြဲ႔သင္တန္းေတြ ဖြင့္လွစ္ေနတဲ႔ ကြန္ျဖဴးရွပ္ အင္စတီက်ဴရဲ႕ ဒါ႐ိုက္တာနဲ႔ အမ်ိဳးသမီး ေက်ာင္းဆရာမ ႏွစ္ဦးတို႔ ျဖစ္ပါတယ္။

ေနာက္ထပ္ တ႐ုတ္ ႏိုင္ငံသား တဦးနဲ႔ ပါကစၥတန္တဦးတို႔ကေတာ့ တိုက္ခိုက္မႈ အတြင္းမွာ ဒဏ္ရာရသြားပါတယ္။ အေသခံ ဗံုးခြဲသမားရဲ႕ ေဖာက္ခြဲမႈ ျဖစ္ႏိုင္တယ္လို႔ Karachi ရဲခ်ဳပ္ Ghulam Nabi Memon က ေျပာပါတယ္။ ဒါေပမယ့္ စံုစမ္း စစ္ေဆးမႈ ဆက္လက္ ေဆာင္ရြက္ေနဆဲ ျဖစ္ပါတယ္။ ကနဦး စံုစမ္းမႈေတြ အရေတာ့ အနက္ေရာင္ ဘာကာ ၀တ္ထားတဲ႔ အမ်ိဳးသမီး တဦးက ေပါက္ကြဲမႈ မျဖစ္ခင္ေလးမွာဘဲ ဗင္ကားဆီကို လမ္းေလွ်ာက္သြားတာကို အခင္းျဖစ္ေနရာက ရရွိတဲ႔ အနီးကပ္ ဗြီဒီယိုထဲမွာ ေတြ႕ရွိရေၾကာင္းလည္း သူက ေျပာပါတယ္။

အင္စတီက်ဴ အ၀င္မွာ ဗင္ကား အရွိန္ေလ်ာ့သြားခ်ိန္မွာ အမ်ိဳးသမီး တိုက္ခိုက္သူက ဗံုးေဖာက္ခြဲလိုက္တဲ႔ ႐ုပ္သံေတြကို ေနာက္ပိုင္းမွာ ေဒသဆိုင္ရာ ႐ုပ္သံလိုင္းေတြမွာ ထုတ္လႊင့္ျပသခဲ႔ပါတယ္။

မတရားသင္း ေၾကညာခံထားရတဲ႔ Baluch ခြဲထြက္ေရး အဖြဲ႔ Baluch Liberation Army ကေတာ့ တိုက္ခိုက္မႈက သူတို႔ လက္ခ်က္ ျဖစ္ေၾကာင္း ေျပာဆိုလိုက္ၿပီး အမ်ိဳးသမီး ဗံုးခြဲသမားက တိုက္ခိုက္ခဲ႔တာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒီ စစ္ေသြးႂကြေတြရဲ႕ ေျပာဆိုခ်က္ အေပၚ သီးျခား အတည္ျပဳခ်က္ေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

..................................................

ပါကစ္စတန် ကားဗုံးပေါက်ကွဲမှု တရုတ်နိုင်ငံသား ၃ ဦးနဲ့ ယာဉ်မောင်းသေဆုံး

{{Zawgyi/Unicode}}
ပါကစ္စတန် နိုင်ငံ တောင်ပိုင်း ကရာချိ မြို့မှာ ဗင်ကားတစီးတွင်း အသေခံ ဗုံးဖောက်ခွဲမှုကြောင့် တရုတ် နိုင်ငံသား ၃ ဦးနဲ့ ဒေသခံ ကားမောင်းသမားတို့ သေဆုံးကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။ အခု သေဆုံးရသူတွေကတော့ ကရာချိမြို့မှာ တရုတ်တို့ တည်ထောင်တဲ့ ကွန်ဖြူးရှပ် အင်စတီကျုကို သွားခဲ့တာမှာ အဝင်ဂိတ် အရောက်မှာ သူတို့ စီးနင်းလာတဲ့ ဗင်ကား ပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးသွားတဲ့ တရုတ် နိုင်ငံသားတွေထဲမှာတော့ တရုတ် ဘာသာစကား ဘွဲ့သင်တန်းတွေ ဖွင့်လှစ်နေတဲ့ ကွန်ဖြူးရှပ် အင်စတီကျူရဲ့ ဒါရိုက်တာနဲ့ အမျိုးသမီး ကျောင်းဆရာမ နှစ်ဦးတို့ ဖြစ်ပါတယ်။

နောက်ထပ် တရုတ် နိုင်ငံသား တဦးနဲ့ ပါကစ္စတန်တဦးတို့ကတော့ တိုက်ခိုက်မှု အတွင်းမှာ ဒဏ်ရာရသွားပါတယ်။ အသေခံ ဗုံးခွဲသမားရဲ့ ဖောက်ခွဲမှု ဖြစ်နိုင်တယ်လို့ Karachi ရဲချုပ် Ghulam Nabi Memon က ပြောပါတယ်။ ဒါပေမယ့် စုံစမ်း စစ်ဆေးမှု ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ကနဦး စုံစမ်းမှုတွေ အရတော့ အနက်ရောင် ဘာကာ ဝတ်ထားတဲ့ အမျိုးသမီး တဦးက ပေါက်ကွဲမှု မဖြစ်ခင်လေးမှာဘဲ ဗင်ကားဆီကို လမ်းလျှောက်သွားတာကို အခင်းဖြစ်နေရာက ရရှိတဲ့ အနီးကပ် ဗွီဒီယိုထဲမှာ တွေ့ရှိရကြောင်းလည်း သူက ပြောပါတယ်။

အင်စတီကျူ အဝင်မှာ ဗင်ကား အရှိန်လျော့သွားချိန်မှာ အမျိုးသမီး တိုက်ခိုက်သူက ဗုံးဖောက်ခွဲလိုက်တဲ့ ရုပ်သံတွေကို နောက်ပိုင်းမှာ ဒေသဆိုင်ရာ ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

မတရားသင်း ကြေညာခံထားရတဲ့ Baluch ခွဲထွက်ရေး အဖွဲ့ Baluch Liberation Army ကတော့ တိုက်ခိုက်မှုက သူတို့ လက်ချက် ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး အမျိုးသမီး ဗုံးခွဲသမားက တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီ စစ်သွေးကြွတွေရဲ့ ပြောဆိုချက် အပေါ် သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။

XS
SM
MD
LG