သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပါကစၥတန္မွာ တႏွစ္ေက်ာ္အတြင္း ပထမဆံုး ပိုလီယို ကူးစက္လူနာေတြ႔


ပါကစၥတန္ႏုိင္ငံ လာဟုိးၿမိဳ႕မွာ ကေလးငယ္ေတြကို ပိုလီယုိကာကြယ္ေဆး တုိက္ေကၽြးေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၂)

(Zawgyi / Unicode)

ပါကစၥတန္မွာ ၁ ႏွစ္ေက်ာ္ ကာလအတြင္း ပိုလီယိုအ႐ိုင္းပိုး ကူးစက္ခံရသူတဦး ပထမဆံုးအႀကိမ္ ေတြ႔ရွိေၾကာင္း ပါကစၥတန္ အာဏာပိုင္တို႔က အတည္ျပဳလိုက္ၿပီး ဒါဟာဆိုရင္ ကူးစက္ျမန္ ပိုလီယိုတိုက္ဖ်က္ေရးမွာ ဆုတ္ယုတ္မႈတခုလည္း ျဖစ္ပါတယ္။

အာဖဂန္နစၥတန္နယ္စပ္အနီးရွိ ေျမာက္ပိုင္း Waziristan ေဒသမွာ ပိုလီယိုဗိုင္းရပ္စ္ေၾကာင့္ ၁၅ လသားအရြယ္ ေယာက်္ားေလးတဦး အေၾကာေသသြားတယ္လို႔ ေသာၾကာေန႔က တရားဝင္ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီကေလးငယ္နဲ႔ သူ႔မိသားစုအတြက္ ဝမ္းနည္းစရာ ျဖစ္႐ုံသာမက ပါကစၥတန္နဲ႔ တကမၻာလုံး ပိုလီယိုိေရာဂါ တိုက္ဖ်က္ေရးအတြက္လည္း အလြန္ကို ထိခိုက္စရာပါလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထိပ္တန္းအရာရွိတဦးျဖစ္တဲ့ Aamir Ashraf က ေျပာပါတယ္။

အဲဒီအတြက္ က်န္းမာေရးအရာရွိေတြနဲ႔ အဲဒီေရာဂါနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရး လုပ္ေဆာင္ေနၾကေၾကာင္းနဲ႔ ေနာက္ထပ္ ျဖစ္ပြားမႈေတြ မရွိေအာင္လို႔ အေရးေပၚ ကာကြယ္ေဆးထိုးတဲ့ လုပ္ငန္းဟာလည္း ႏိုင္ငံတဝန္းမွာ စီစဥ္ေနၿပီလို႔ သူကေျပာပါတယ္။

ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ နယ္စပ္ေတြမွာ ပိုလီယုိ အေၾကာေသေရာဂါ ျဖစ္ပြားမႈ အေရအတြက္ဟာ သိသိသာသာ ထုိးက်သြားခဲ့ေပမဲ့လည္း ႏွစ္ႏိုင္ငံစလုံးက ကေလးငယ္ေတြမွာ ျဖစ္ပြားမႈေတြ ဆက္ရွိေနပါေသးတယ္။

အခုျဖစ္ရပ္မတုိင္ခင္ ပါကစၥတန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂ဝ၂၁ ဇန္္နဝါရီလက ကေလးငယ္တဦးမွာ ပိုလီယုိေရာဂါ ျဖစ္ပြားခဲ့တာ ေနာက္ဆုံးျဖစ္ခဲ့ၿပီး အာဖဂန္နစၥတန္ႏိုင္ငံမွာ ဆုိရင္လည္း ဒီႏွစ္ထဲမွာ ျဖစ္ပြားမႈတခုနဲ႔ မႏွစ္ ၂ဝ၂၁ က ကေလးငယ္ ၄ ဦးမွာ ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ပါကစ္စတန်မှာ တနှစ်ကျော်အတွင်း ပထမဆုံး ပိုလီယို ကူးစက်လူနာတွေ့

ပါကစ္စတန်မှာ ၁ နှစ်ကျော် ကာလအတွင်း ပိုလီယိုအရိုင်းပိုး ကူးစက်ခံရသူတဦး ပထမဆုံးအကြိမ် တွေ့ရှိကြောင်း ပါကစ္စတန် အာဏာပိုင်တို့က အတည်ပြုလိုက်ပြီး ဒါဟာဆိုရင် ကူးစက်မြန် ပိုလီယိုတိုက်ဖျက်ရေးမှာ ဆုတ်ယုတ်မှုတခုလည်း ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နယ်စပ်အနီးရှိ မြောက်ပိုင်း Waziristan ဒေသမှာ ပိုလီယိုဗိုင်းရပ်စ်ကြောင့် ၁၅ လသားအရွယ် ယောကျ်ားလေးတဦး အကြောသေသွားတယ်လို့ သောကြာနေ့က တရားဝင် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကလေးငယ်နဲ့ သူ့မိသားစုအတွက် ဝမ်းနည်းစရာ ဖြစ်ရုံသာမက ပါကစ္စတန်နဲ့ တကမ္ဘာလုံး ပိုလီယိုရောဂါ တိုက်ဖျက်ရေးအတွက်လည်း အလွန်ကို ထိခိုက်စရာပါလို့ ကျန်းမာရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ Aamir Ashraf က ပြောပါတယ်။

အဲဒီအတွက် ကျန်းမာရေးအရာရှိတွေနဲ့ အဲဒီရောဂါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေကြကြောင်းနဲ့ နောက်ထပ် ဖြစ်ပွားမှုတွေ မရှိအောင်လို့ အရေးပေါ် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းဟာလည်း နိုင်ငံတဝန်းမှာ စီစဉ်နေပြီလို့ သူကပြောပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်စပ်တွေမှာ ပိုလီယို အကြောသေရောဂါ ဖြစ်ပွားမှု အရေအတွက်ဟာ သိသိသာသာ ထိုးကျသွားခဲ့ပေမဲ့လည်း နှစ်နိုင်ငံစလုံးက ကလေးငယ်တွေမှာ ဖြစ်ပွားမှုတွေ ဆက်ရှိနေပါသေးတယ်။

အခုဖြစ်ရပ်မတိုင်ခင် ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ဇန်နဝါရီလက ကလေးငယ်တဦးမှာ ပိုလီယိုရောဂါ ဖြစ်ပွားခဲ့တာ နောက်ဆုံးဖြစ်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ ဆိုရင်လည်း ဒီနှစ်ထဲမှာ ဖြစ်ပွားမှုတခုနဲ့ မနှစ် ၂ဝ၂၁ က ကလေးငယ် ၄ ဦးမှာ ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG