ပါကစၥတန္ ေရြးေကာက္ပဲြက်င္းပေရး ၆ ရက္အတြင္း ေက်ညာဖို႔ Imran Khan ရာဇသံေပး
{{Zawgyi/Unicode}}
အစိုးရဘက္က ၆ ရက္အတြင္း ေရြးေကာက္ပြဲအျမန္က်င္းပေပးဖို႔ ပ်က္ကြက္ခဲ့ရင္ သိန္းနဲ႔ခ်ီတဲ့ျပည္သူေတြနဲ႔ အတူ သူကိုယ္တိုင္ အစၥလန္မာဘတ္မွာ ထိုင္သပိတ္ က်င္းပမွာ ျဖစ္ေၾကာင္း ျဖဳတ္အခ်ခံရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Imran Khan က သူ႔ကို ေထာက္ခံသူေတြကို ၾကာသပေတးေန႔မွာ ေျပာပါတယ္။
သူ႔ကို ေထာက္ခံသူေတြ ၿမိဳ႕ေတာ္အေနာက္ေျမာက္ မိုင္ ၆၀ ေက်ာ္အကြာ Swabi ၿမိဳ႕ကေန ဗုဒၶဟူးေန႔ မနက္ပိုင္း စတင္ခ်ီတက္လာခ်ိန္မွာေရာ ခ်ီတက္ပြဲ မလုပ္ခင္မွာပါ ရဲေတြ အလံုးအရင္းနဲ႔ ေျခမႈန္းခဲ့တာ အတြက္ ဝန္ႀကီးခ်ဳပ္ Shehbaz Sharif အစိုးရကို ရႈတ္ခ်ေၾကာင္းလည္း Khan က ေျပာပါတယ္။ ဒါ့အျပင္ ရဲလက္ခ်က္နဲ႔ သူ႔ပါတီက အ လုပ္သမား ၅ ဦးေသဆံုးရသလို အမ်ားအျပားလည္း ဒဏ္ရာေတြ ရခဲ့တယ္လို႔ ေျပာပါတယ္။
၆ ရက္အတြင္း ေရြးေကာက္ပြဲက်င္းပဖို႔ ေၾကညာရမွာျဖစ္ၿပီး လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ နဲ႔ တကယ္လို႔ မလုပ္ေဆာင္ရင္ တႏိုင္ငံလံုး န႔ဲအတူ အစၥလန္မာဘတ္ကို သူလာမွာ ျဖစ္ေၾကာင္းလည္း သူ႔ရဲ႕ PTI ပါတီ ေမာ္ေတာ္ယဥ္တန္းနဲ႔ အတူ ၿမိဳ႕ေတာ္ကို အာရံုမတက္ခင္မွာ ေရာက္လာခဲ့တဲ့ Khan က ေျပာၾကားလိုက္တာပါ။
ဝန္ႀကီးခ်ဳပ္ေဟာင္းဟာ ၿမိဳ႕ေတာ္ အစၥလန္မာဘတ္မွာ ၿငိမ္းခ်မ္းစြာ ထိုင္သပိတ္လုပ္ဖို႔ စီစဥ္ထားတာ ျဖစ္ၿပီး ေရြးေကာက္ပြဲ အျမန္က်င္းပေပးမယ့္ ရက္က ေၾကညာတဲ့ အထိ ဆက္လုပ္ေဆာင္ဖို႔ ျဖစ္ပါတယ္။ အခုေတာ့ အစိုးရအေနနဲ႔ လႊတ္ေတာ္ဖ်က္သိမ္းၿပီး ေရြးေကာက္ပြဲက်င္းပဖို႔ ေၾကညာခ်ိန္အထိ ေနမယ္လို႔ ဆံုးျဖတ္ခဲ့ေၾကာင္း ေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္ေဟာင္း Khan ကို ၿပီးခဲ့ဲတဲ့လထဲမွာ လႊတ္ေတာ္က အယံုအၾကည္မရွိ အဆိုတင္သြင္းခဲ့တဲ့ ေနာက္ ျဖဳတ္ခ်တာ ခံခဲ့ရတာ ျဖစ္ပါတယ္။
................................................
ပါကစ္စတန် ရွေးကောက်ပွဲကျင်းပရေး ၆ ရက်အတွင်း ကျေညာဖို့ Imran Khan ရာဇသံပေး
{{Zawgyi/Unicode}}
အစိုးရဘက်က ၆ ရက်အတွင်း ရွေးကောက်ပွဲအမြန်ကျင်းပပေးဖို့ ပျက်ကွက်ခဲ့ရင် သိန်းနဲ့ချီတဲ့ပြည်သူတွေနဲ့ အတူ သူကိုယ်တိုင် အစ္စလန်မာဘတ်မှာ ထိုင်သပိတ် ကျင်းပမှာ ဖြစ်ကြောင်း ဖြုတ်အချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan က သူ့ကို ထောက်ခံသူတွေကို ကြာသပတေးနေ့မှာ ပြောပါတယ်။
သူ့ကို ထောက်ခံသူတွေ မြို့တော်အနောက်မြောက် မိုင် ၆၀ ကျော်အကွာ Swabi မြို့ကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း စတင်ချီတက်လာချိန်မှာရော ချီတက်ပွဲ မလုပ်ခင်မှာပါ ရဲတွေ အလုံးအရင်းနဲ့ ခြေမှုန်းခဲ့တာ အတွက် ဝန်ကြီးချုပ် Shehbaz Sharif အစိုးရကို ရှုတ်ချကြောင်းလည်း Khan က ပြောပါတယ်။ ဒါ့အပြင် ရဲလက်ချက်နဲ့ သူ့ပါတီက အ လုပ်သမား ၅ ဦးသေဆုံးရသလို အများအပြားလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။
၆ ရက်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ ကြေညာရမှာဖြစ်ပြီး လွှတ်တော်ကို ဖျက်သိမ်းဖို့ နဲ့ တကယ်လို့ မလုပ်ဆောင်ရင် တနိုင်ငံလုံး နဲ့အတူ အစ္စလန်မာဘတ်ကို သူလာမှာ ဖြစ်ကြောင်းလည်း သူ့ရဲ့ PTI ပါတီ မော်တော်ယဉ်တန်းနဲ့ အတူ မြို့တော်ကို အာရုံမတက်ခင်မှာ ရောက်လာခဲ့တဲ့ Khan က ပြောကြားလိုက်တာပါ။
ဝန်ကြီးချုပ်ဟောင်းဟာ မြို့တော် အစ္စလန်မာဘတ်မှာ ငြိမ်းချမ်းစွာ ထိုင်သပိတ်လုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပပေးမယ့် ရက်က ကြေညာတဲ့ အထိ ဆက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ အခုတော့ အစိုးရအနေနဲ့ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြေညာချိန်အထိ နေမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း Khan ကို ပြီးခဲ့ဲတဲ့လထဲမှာ လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့တဲ့ နောက် ဖြုတ်ချတာ ခံခဲ့ရတာ ဖြစ်ပါတယ်။