သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အကြီးအကဲကို ဝေဖန်တဲ့ ပါကစ္စတန်အတိုက်အခံအမတ် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ


အထက်လွှတ်တော်အမတ် Azam Khan Swati
အထက်လွှတ်တော်အမတ် Azam Khan Swati

[[ ZAWGYI / UNICODE ]]

စစ်တပ်အကြီးအကဲကို ဝေဖန်တဲ့ ပါကစ္စတန်အတိုက်အခံအမတ် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

သြဇာကြီးတဲ့ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ကိုဝေဖန်ခဲ့တဲ့ အတိုက်အခံ PTI ပါတီ ကဝါရင့် အထက်လွှတ်တော်အမတ် Azam Swati ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ကြာသပတေးနေ့မှာ ပါကစ္စတန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Imram Khan ရဲ့PTI ပါတီက ပါတီကိုယ်စားပြု အထက်လွှတ်တော်အမတ် Swati ရဲ့ အစ္စလန်မာဘတ် နေအိမ်ကို အာရုံမတက်ခင် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ဗဟိုအစိုးရစုံစမ်းရေးဌာန FIA က သူ့ကို ပါကစ္စတန်ကြည်းတပ်နဲ့ ကြည်းတပ်အကြီးအကဲကို ဆန့်ကျင်တဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ခြိမ်းခြောက်မှုတွေ တွစ်တာ လူမှုမီဒီယာမှာ ရေးသားတဲ့အတွက်လို့ ပြောပြီး အငြင်းပွါးဖွယ် ဆိုင်ဘာရာဇဝတ်မှု ဥပဒေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ငွေကြေးခဝါချမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် Shehbaz Sharif နဲ့ သားဖြစ်သူ Hamza Shehbaz တို့ကို ပါကစ္စတန် အရှေ့ပိုင်း Lahore တရားရုံးက တရားသေလွှတ်ပေးလိုက်တာ အတွက် လွှတ်တော်အမတ် Swati က တွစ်တာမှာ ဗုဒ္ဓဟူးနေ့က သရော်ပြီး ရေသားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ Bajwa နဲ့ အပေါင်းအပါတချို့ကို ဂုဏ်ပြုကြောင်း ရာဇဝတ်သားတွေ လွတ်မြောက်အောင်လုပ်ပြီး ကိုယ်တိုင်လည်း တရားဝင် အဂတိလိုက်စားနိုင်ပြီဖြစ်ကြောင်း သူ့တွစ်တာမှာ ရေးသားထားတာပါ။

FIA ကတော့ ဒါဟာ ဘယ်အရာရှိပဲ ဖြစ်စေ သူတို့ကျူးလွန်ခဲ့တာကို ကင်းလွတ်ခွင့် ရနေတယ်ဆိုပြီး သတင်းမှား တွေနဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေကို ခြိမ်းခြောက်မှုအဖြစ်နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို အမည်ပါတပ်ပြီး အပြစ်တင်မှုဟာ စစ်တပ်တာဝန်ရှိသူတွေကြား မပြေလည်အောင် သွေးခွဲတာ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ အတွက် ၂၀၁၆ ဆိုင်ဘာရာဇဝတ်မှုကာကွယ်ရေး အက်ဥပဒေ အရ အွန်လိုင်းကနေ အာဏာပိုင်တွေကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

===============

{{ UNICODE }}






XS
SM
MD
LG