သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နာမည္ေက်ာ္ ပါကစၥတန္သတင္းေထာက္ ကင္ညာႏိုင္ငံမွာ ပစ္သတ္ခံရ


Arshad Sharif

နာမည္ေက်ာ္ ပါကစၥတန္သတင္းေထာက္တဦး ကင္ညာႏိုင္ငံမွာ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတာေၾကာင့္ ေသဆုံးခဲ့ရၿပီး၊ အာဏာပိုင္ေတြကေတာ့ မွားယြင္းပစ္ခတ္မႈအျဖစ္ ေျပာဆိုခဲ့ၾကပါတယ္။

Zawgyi

နာမည္ေက်ာ္ ပါကစၥတန္သတင္းေထာက္ ကင္ညာႏိုင္ငံမွာ ပစ္သတ္ခံရ

နာမည္ေက်ာ္ ပါကစၥတန္သတင္းေထာက္တဦး ကင္ညာႏိုင္ငံမွာ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတာေၾကာင့္ ေသဆုံးခဲ့ရၿပီး၊ အာဏာပိုင္ေတြကေတာ့ မွားယြင္းပစ္ခတ္မႈအျဖစ္ ေျပာဆိုခဲ့ၾကပါတယ္။

တနဂၤေႏြေန႔ညက Magadi ၿမိဳ႔နဲ႔ ၿမိဳ႔ေတာ္ Nairobi အၾကား အေ၀ေျပးလမ္းေပၚမွာ သူ႔ရဲ႔ကားကိုေမာင္းႏွင္လာတဲ့ ယဥ္ေမာင္းက စစ္ေဆးေရးဂိတ္မွာ မရပ္လို႔ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ ပစ္ခတ္ခဲ့ရာက အသက္ ၅၀ အရြယ္ ပါကစၥတန္ သတင္းေထာက္ Arshad Sharif ရဲ႔ ဦးေခါင္းကိုထိမွန္ၿပီးေသဆုံးခဲ့တာလို႔ ကင္ညာႏိုင္ငံက ထင္ရွားတဲ့သတင္းစာတေစာင္ကေဖၚျပခဲ့ ပါတယ္။

Sharif ဟာ ပါကစၥတန္ႏိုင္ငံက ထိပ္တန္း႐ုပ္ျမင္သံၾကားသတင္းဌာနတခုျဖစ္တဲ့ ARY သတင္းဌာနမွာ Power Play အာဏာကစားပဲြ ဆိုတဲ့ေခါင္းစဥ္နဲ႔ ႏိုင္ငံေရးေဆြးေႏြးပဲြအစီစဥ္ကိုႏွစ္အေတာ္ၾကာေအာင္ လုပ္ခဲ့သူျဖစ္ၿပီး၊ သူ႔ရဲ႔တြစ္တာ လူမႈကြန္ယက္မွာ မွာယူၾကည့္ရႈသူ ၂ သန္းရွိပါတယ္။

သူ႔ကို ပါကစၥတန္မွာ အသက္အႏၲရယ္ၿခိမ္းေျခာက္တာေတြရွိသလို၊ သူအပါ၀င္အျခားသတင္းေထာက္ေတြကို ႏိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈလို ပုဒ္မေတြနဲ႔တရားစဲြဆိုတာေတြ၊ အျခားစြပ္စဲြခ်က္မ်ိဳးစုံနဲ႔ သူ႔ကိုတရားစဲြတာေတြခံခဲ့ရၿပီး၊ လြန္ခဲ့တဲ့ၾသဂုတ္လက ပါကစၥတန္ကေန ထြက္ခြါလာခဲ့တာျဖစ္ပါတယ္။

သူေသဆုံးတဲ့သတင္းပါကစၥတန္မွာ အလ်င္အျမန္ပ်ံႏွံသြားၿပီး၊ လူအမ်ား၀မ္းနည္းေၾကာင္းေဖၚျပၾကသလို၊ သတင္းသမား ေတြ၊ အတိုက္အခံႏိုင္ငံေရးသမားေတြ၊ ေရွ႕ေနေတြ၊ လူ႔အခြင့္အေရးအဖဲြ႕ေတြက ပါကစၥတန္အစိုးရအေနနဲ႔ သူ႔ရဲ႔ေသဆုံးမႈ ကိုစုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုတိုက္တြန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

နာမည်ကျော် ပါကစ္စတန်သတင်းထောက် ကင်ညာနိုင်ငံမှာ ပစ်သတ်ခံရ

နာမည်ကျော် ပါကစ္စတန်သတင်းထောက်တဦး ကင်ညာနိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရပြီး၊ အာဏာပိုင်တွေကတော့ မှားယွင်းပစ်ခတ်မှုအဖြစ် ပြောဆိုခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ညက Magadi မြို့နဲ့ မြို့တော် Nairobi အကြား အဝေပြေးလမ်းပေါ်မှာ သူ့ရဲ့ကားကိုမောင်းနှင်လာတဲ့ ယဉ်မောင်းက စစ်ဆေးရေးဂိတ်မှာ မရပ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့ရာက အသက် ၅၀ အရွယ် ပါကစ္စတန် သတင်းထောက် Arshad Sharif ရဲ့ ဦးခေါင်းကိုထိမှန်ပြီးသေဆုံးခဲ့တာလို့ ကင်ညာနိုင်ငံက ထင်ရှားတဲ့သတင်းစာတစောင်ကဖေါ်ပြခဲ့ ပါတယ်။

Sharif ဟာ ပါကစ္စတန်နိုင်ငံက ထိပ်တန်းရုပ်မြင်သံကြားသတင်းဌာနတခုဖြစ်တဲ့ ARY သတင်းဌာနမှာ Power Play အာဏာကစားပွဲ ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအစီစဉ်ကိုနှစ်အတော်ကြာအောင် လုပ်ခဲ့သူဖြစ်ပြီး၊ သူ့ရဲ့တွစ်တာ လူမှုကွန်ယက်မှာ မှာယူကြည့်ရှုသူ ၂ သန်းရှိပါတယ်။

သူ့ကို ပါကစ္စတန်မှာ အသက်အန္တရယ်ခြိမ်းခြောက်တာတွေရှိသလို၊ သူအပါဝင်အခြားသတင်းထောက်တွေကို နိုင်ငံတော် အကြည်အညိုပျက်စေမှုလို ပုဒ်မတွေနဲ့တရားစွဲဆိုတာတွေ၊ အခြားစွပ်စွဲချက်မျိုးစုံနဲ့ သူ့ကိုတရားစွဲတာတွေခံခဲ့ရပြီး၊ လွန်ခဲ့တဲ့သြဂုတ်လက ပါကစ္စတန်ကနေ ထွက်ခွါလာခဲ့တာဖြစ်ပါတယ်။

သူသေဆုံးတဲ့သတင်းပါကစ္စတန်မှာ အလျင်အမြန်ပျံနှံသွားပြီး၊ လူအများဝမ်းနည်းကြောင်းဖေါ်ပြကြသလို၊ သတင်းသမား တွေ၊ အတိုက်အခံနိုင်ငံရေးသမားတွေ၊ ရှေ့နေတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ပါကစ္စတန်အစိုးရအနေနဲ့ သူ့ရဲ့သေဆုံးမှု ကိုစုံစမ်းစစ်ဆေးဖို့ တောင်းဆိုတိုက်တွန်းကြပါတယ်။

XS
SM
MD
LG