သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် ပါကစ္စတန်အတွက် ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၂ ထောင် ကူညီမည်


(Zawgyi/ Unicode)

ရေဘေးဒဏ်သင့် ပါကစ္စတန်ကို ဒေါ်လာ ၂ ဘီလျံ လောက် အကူအညီပေးမယ့် အကြောင်း ကမ ္ဘာ့ဘဏ်က ပြောဆိုလိုက်ပြီး အခုအချိန်ထိတော့ အများဆုံး ကူညီထောက်ပံ့ရေး ကတိကဝတ် ဖြစ်ပါတယ်။

ပါကစ္စတန်မှာ ဒီနှစ် အတွင်း ရေဘေးဒဏ်ကြောင့် လူပေါင်း ၁၆၀၀ ကျော် သေဆုံးခဲရပြီး လူပေါင်း ၁၃၀၀၀ လောက်လည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ ရေကြီးဒဏ်ကြောင့် လူပေါင်း သန်းချီ အိုးအိမ်စွန့်ရွှေ့ပြောင်းကြရပြီး ကောက်ပဲသီးနှံတွေ၊ အိမ်ပေါင်း ၅ သိန်းနဲ့ မိုင်ပေါင်းထောင်ချီတဲ့ လမ်းတွေလည်း ပျက်စီးခဲ့ရပါတယ်။ ကမ ္ဘာ့ဘဏ်ရဲ့ တောင်အာရှ ဆိုင်ရာ ဒုတိယ ဥက္ကဌ Martin Raiser ရဲ့ ပါကစ္စတန်ကို သွားတဲ့ ပထမဆုံး အကြိမ် တရားဝင် ခရီးစဉ်ကို စနေနေ့မှာ အဆုံးသတ်ပြီးနောက် ညပိုင်းမှာ ထုတ်တဲ့ ကြေညာချက်မှာ အကူအညီပေးဖို့ ကတိကဝတ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရေဘေးဒဏ်ကြောင့် အသက် အိုးအိမ်တွေ ဆုံးရှုံးရတဲ့ အတွက် အထူးဝမ်းနည်းကြောင်း၊ ဘေးဒဏ် အဆိုးဆုံးသင့်ခဲ့သူတွေကို အရေးပေါ် ကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ရေး အတွက် ပြည်ထောင်စု၊ ပြည်နယ် အစိုးရတွေနဲ့ ပူးတွဲ ဆောင်ရွက်နေကြောင်း သူက ပြောပါတယ်။ အဆိုးဆုံး ဒဏ်သင့်ခဲ့တဲ့ တောင်ပိုင်း ဆင်းပြည်နယ်တွင်းက ဘေးဒဏ်သင့် Dadu ဒေသကို သွားရောက်ခဲ့သလိုဘဲ ဆင်းပြည်နယ်ရဲ့ ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စု အစိုးရ ဝန်ကြီးတွေနဲ့လည်း Raiser တွေ့ဆုံခဲ့ပါတယ်။

ပြည်နယ်တွင်းမှာတော့ ရေဘေးဒဏ်ကနေ လွတ်မြောက်လာသူတွေ အတွက် ယာယီ ကျန်းမာရေး စောင့်ရှောက်မှု စခန်း ထောင်ချီဖွင့်လှစ်ထားပြီး တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ကူးစက် ဖြစ်ပွားနေပြီး အနည်းဆုံး လူ ၃၀၀ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်းလည်း အမျိုးသား သဘာ၀ ဘေးဒဏ် စီမံခန့်ခွဲမှု အာဏာပိုင် အဖွဲ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG