သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရေဘးသင့္ ပါကစၥတန္မွာ ၀မ္းေရာဂါျဖစ္ပြားသူ ၁ သိန္းေက်ာ္


(Zawgyi / Unicode)

ပါကစၥတန္ႏိုင္ငံမွာ ေရေဘးဒဏ္ အဆိုးဝါးဆုံး ခံစားခဲ့ရတဲ့ Sindh ျပည္နယ္မွာ ၀မ္းေလွ်ာေရာဂါနဲ႔ ငွက္ဖ်ားေရာဂါေတြ ျဖစ္ေနတယ္လို႔ ျပည္နယ္က်န္းမာေရး၀န္ႀကီး Azra Pechuho က တနဂၤေႏြေန႔မွာ ေျပာဆိုလိုက္ပါတယ္။

မွတ္တမ္းေတြအရ ျပည္နယ္အတြင္း ၀မ္းပ်က္၀မ္းေလွ်ာ ျဖစ္ပြားသူ ၁၃၄,၀၀၀နဲ႔ ငွက္ဖ်ားျဖစ္သူ ၄၄,၀၀၀ ရွိသြားၿပီလို႔ ျပည္နယ္က်န္းမာေရး၀န္ႀကီးကေျပာပါတယ္။ ေရေဘးဒုကၡသည္ေတြအၾကား အေရျပားမွာျဖစ္တဲ့ ေရာဂါခံစားရသူ ၁၀၀,၀၀၀ ေက်ာ္၊ ေႁမြကိုက္ခံရသူ ၁၀၁ ေယာက္နဲ႔ ေခြးကိုက္ခံရသူ ၅၀၀ ရွိတယ္လို႔လည္းဆိုပါတယ္။

ကိုယ္၀န္ေဆာင္မ်ိဳးသမီး ၆၅၀,၀၀၀ ေက်ာ္ရွိၿပီး အဲဒီ အထဲက ၇၃၀,၀၀၀ ေက်ာ္ဟာ ေနာက္လထဲမွာ ေမြးေတာ့မွာလို႔ ကုလသမဂၢ လူဦးေရ ရံပုံေငြအဖဲြ႕ UNPF ကၿပီးခဲ့တဲ့အပတ္ထဲတုန္းက ေျပာဆိုပါတယ္။ အဲဒီအထဲက အေတာ္ မ်ားမ်ားဟာ ကေလးေမြးဖို႔ ေဆး႐ုံေဆးခန္းေတြ သြားေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ေရေဘးဒုကၡသည္ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီး ၄၇,၀၀၀ ေလာက္ဟာ ယာယီစခန္းေတြမွာ ေနထိုင္ေနၾကတယ္လို႔ ပါကစၥတန္ တာ၀န္ရွိသူေတြက ေျပာဆိုပါတယ္။

ပါကစၥတန္မွာ လနဲ႔ခ်ီ မိုးေတြဆက္တိုက္ ရြာသြန္းခဲ့တဲ့အတြက္ ေရႀကီးေရလွ်ံ ျဖစ္ခဲ့ၿပီး အိမ္ေပါင္း ၁ ဒသမ ၅ သန္း၊ တံတားေပါင္း ၂၄၃ စင္းနဲ႔ကားလမ္း မိုင္ေပါင္း ၃,၅၀၀ ေက်ာ္ပ်က္စီးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရေဘေးသင့် ပါကစ္စတန်မှာ ဝမ်းရောဂါဖြစ်ပွားသူ ၁ သိန်းကျော်


ပါကစ္စတန်နိုင်ငံမှာ ရေဘေးဒဏ် အဆိုးဝါးဆုံး ခံစားခဲ့ရတဲ့ Sindh ပြည်နယ်မှာ ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး Azra Pechuho က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

မှတ်တမ်းတွေအရ ပြည်နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၁၃၄,၀၀၀နဲ့ ငှက်ဖျားဖြစ်သူ ၄၄,၀၀၀ ရှိသွားပြီလို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးကပြောပါတယ်။
ရေဘေးဒုက္ခသည်တွေအကြား အရေပြားမှာဖြစ်တဲ့ ရောဂါခံစားရသူ ၁၀၀,၀၀၀ ကျော်၊ မြွေကိုက်ခံရသူ ၁၀၁ ယောက်နဲ့ ခွေးကိုက်ခံရသူ ၅၀၀ ရှိတယ်လို့လည်းဆိုပါတယ်။

ကိုယ်ဝန်ဆောင်မျိုးသမီး ၆၅၀,၀၀၀ ကျော်ရှိပြီး အဲဒီ အထဲက ၇၃၀,၀၀၀ ကျော်ဟာ နောက်လထဲမှာ မွေးတော့မှာလို့ ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့ UNPF ကပြီးခဲ့တဲ့အပတ်ထဲတုန်းက ပြောဆိုပါတယ်။ အဲဒီအထဲက အတော် များများဟာ ကလေးမွေးဖို့ ဆေးရုံဆေးခန်းတွေ သွားရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ရေဘေးဒုက္ခသည် ကိုယ်ဝန်ဆောင် အမျိုးသမီး ၄၇,၀၀၀ လောက်ဟာ ယာယီစခန်းတွေမှာ နေထိုင်နေကြတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ပါကစ္စတန်မှာ လနဲ့ချီ မိုးတွေဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် ရေကြီးရေလျှံ ဖြစ်ခဲ့ပြီး အိမ်ပေါင်း ၁ ဒသမ ၅ သန်း၊ တံတားပေါင်း ၂၄၃ စင်းနဲ့ကားလမ်း မိုင်ပေါင်း ၃,၅၀၀ ကျော်ပျက်စီးခဲ့ပါတယ်။

XS
SM
MD
LG