သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နိုင်ငံ ၃ ပုံ ၁ ပုံ ရေဘေးဒဏ်သင့်  


(Zawgyi/ Unicode)

ပါကစ္စတန်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ကြုံနေရပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူသားချင်း စာနာမှုကူညီရေးအဖွဲ့တွေက တုန့်ပြန်လုပ်ဆောင်နေပါတယ်။ ဒီရေကြီးမှုကြောင့် လူပေါင်း ၃၃ သန်းလောက် အတိဒုက္ခ ရောက်နေပြီး လွန်ခဲ့တဲ့ ၂ လအတွင်း လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ ပါကစ္စတန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Sherry Rehman ကတနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

လူဦးရေသန်း ၂၂၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကရေမြုပ်နေပြီး မကြုံဘူးလောက်အောင် ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ မုတ်သုန်မိုး စတင်တဲ့ ဇွန်လကတည်းက စဖြစ်နေခဲ့တာပါ။ သမုဒ္ဒရာကြီး တခုလို ရေတွေအကုန်ဖုံးအုပ်နေပြီး ဒီရေတွေ စီးထွက်သွားနိုင်လောက်တဲ့ ခြောက်သွေ့တဲ့ ကုန်းမြေဆိုတာကို မရှိတော့ပါဘူး လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး Sherry Rehman ကပြောဆိုသွားခဲ့တာပါ။

ပါကစ္စတန်မှာ ခရိုင်ပေါင်း ၁၆၀ ရှိတဲ့အနက် ၇၂ ခုကို ရာသီဥတုဘေးအန္တရာယ်ကြုံနေရတယ်လို့ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဌာန NDMA ကကြေညာထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး တွေကို စီမံလုပ်ဆောင်နေပါတယ်။ ရေကြီးမှုကြောင့် အိမ်ပေါင်း ၁,၀၀၀,၀၀၀၊ တံတားပေါင်း ၁၆၂ စင်း၊ ကားလမ်းမိုင်ပေါင်း ၂,၁၀၀ ကျော်ပျက်စီးပြီး၊ လယ်ယာ မြေတွေ ပျက်စီးတဲ့အပြင်၊ ကျွဲနွားတိရိစ္ဆာန် အကောင်ရေ ၈၀၀,၀၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဌာန NDMA က ထုတ်ပြန်ကြေညာထားပါတယ်။

ရေဘေး အရေးပေါ် အကူအညီအတွက် အမေရိကန်ဒေါ်လာ ၁၆၁ သန်းရရှိဖို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာစတင်ပါမယ်။ ရေကြီးမှုကြောင့် ပါကစ္စတန် စီးပွားရေး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံဘိုးလောက် ထိခိုက်နိုင်တယ်လို့ ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုပါတယ်။

ပါကစ္စတန်နိုင်ငံ ၃ ပုံ ၁ ပုံ ရေဘေးဒဏ်သင့်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG