သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေကြီးမှုကြောင့် လူ တထောင်ကျော်သေဆုံး


Army troops evacuate people from a flood-hit area in Rajanpur, district of Punjab, Pakistan, Aug. 27, 2022.
Army troops evacuate people from a flood-hit area in Rajanpur, district of Punjab, Pakistan, Aug. 27, 2022.

ပါကစ္စတန်နိုင်ငံမှာ ဇွန်လအလယ်ပိုင်းလောက်ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ မိုးသည်းရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁,၀၀၀ ကျော်သွားပြီလို့ အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ အခုလို မကြုံဘူးတဲ့ပမာဏနဲ့ ဖြစ်ပေါ်နေတဲ့ ရေကြီး ရေလျှံမှုတွေဟာ ဥတုရာသီပြောင်းလဲမှုကြောင့်ဖြစ်ရတဲ့ ကပ်ဘေးဖြစ်တယ်လို့ ပါကစ္စတန် ဥတုရာသီဆိုင်ရာဝန်ကြီးက ပြောပါတယ်။

မိုးသည်းပြီး ရုတ်တရက် ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ကျေးရွာတွေနဲ့ စိုက်ခင်းတွေ ရေထဲမျောပါကုန်ပြီး ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေကို စစ်သားတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ကယ်တင်ပြီး ဘေးကင်းရာ ခိုလှုံရေးစခန်းတွေကို ပို့ပေးတာ၊ သူတို့အတွက် အစားအသောက်တွေ စီစဉ်ပေးတာတွေ ဆောင်ရွက်နေပါတယ်။

ပါကစ္စတန်နိုင်ငံက မုတ်သုံမိုးရာသီဟာ အခါတိုင်းနှစ်တွေထက်စောပြီး ဇွန်လလယ်ပိုင်းလောက်မှာ စတင်ခဲ့တာမှာ အခုနောက်ဆုံး Khyber Pakhtunkhwa နဲ့ Sindh က သေဆုံးသူစာရင်းတွေ ရောက်လာတဲ့အတွက် အခုချိန်ထိ စုစုပေါင်း သေဆုံးသူ ၁,၀၃၃ ဦး ရှိသွားပြီလို့ ပါကစ္စတန် အရေးပေါ်ကယ်ဆယ်ရေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ဥတုရာသီပြောင်းလဲမှုနဲ့ဆိုင်တဲ့ ကြီးမားတဲ့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ပါကစ္စတန် အထက်လွှတ်တော်အမတ်လည်းဖြစ်၊ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့ Cherry Rahman က ပြောပါတယ်။

တခါမှ မကြုံဘူးတဲ့ ဒီ မုတ်သုံမိုးအားကောင်းမှုကြောင်း ပါကစ္စတန်က ပြည်နယ် ၄ ခုစလုံးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူပေါင်း ၃ သိန်းရဲ့ အိုးအိမ်တွေလည်း ပျက်ဆီးကုန်တဲ့အပြင် လမ်းတွေပျက်ဆီးပြီး လျှပ်မီးတွေလည်း ပြတ်တောက်ကုန်တယ်လို့ ဆိုပါတယ်။

==== Unicode ====






XS
SM
MD
LG