သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂနစၥတန္မွာ အေမရိကန္ဒ႐ုန္း တိုက္ခိုက္မႈေတြအတြက္ ပါကစၥတန္ကို တာလီဘန္အျပစ္ဖို႔


(Zawgyi / Unicode)

အာဖဂန္နစၥတန္ကို အေမရိကန္က အေ၀း ထိန္း ဒ႐ုန္းယာဥ္ေတြနဲ႔ တိုက္ခိုက္ရာမွာ အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံက ေလေၾကာင္းပိုင္နက္ကို သုံးခြင့္ျပဳေနေၾကာင္း တာလီဘန္ ကာကြယ္ေရးဝန္ႀကီး Mohammad Yaqoob က တနဂၤေႏြေန႔က စြပ္စြဲလိုက္ပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံ၊ Kabul ၿမိဳ႕လယ္မွာ ပုန္းခိုေနတဲ့ al-Qaida အၾကမ္းဖက္ ေခါင္းေဆာင္ Ayman al-Zawahiri ကို ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔က Drone နဲ႔ ပစ္ခတ္သုတ္သင္လိုက္ေၾကာင္း အေမရိကန္အစိုးရက ေၾကညာၿပီးေနာက္ တလနီးပါၾကာမွ အခုလို စြပ္စြဲလိုက္တာပါ။

တိုက္ခိုက္မႈ ေနာက္ပိုင္းမွာလည္း အေမရိကန္ Drone ယာဥ္ေတြဟာ အာဖဂနစၥတန္ ေလပိုင္နက္မွာ ပ်ံသန္းေနၿပီး၊ ဒါဟာ အခ်ဳပ္အျခာပိုင္ဆိုင္မႈကို ခ်ိဳးေဖာက္တာျဖစ္ေၾကာင္း Kabul ၿမိဳ႕ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ၿပီး၊ ခ်ိဳးေဖာက္မႈေတြကို အေမရိကန္နဲ႔ ပါကစၥတန္ တို႔အေနနဲ႔ ရပ္တန႔္ၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။ အေမရိကန္တပ္ဖြဲ႕ေတြ အာဖဂန္နစၥတန္ က ဆုတ္ခြာခဲ့စဥ္မွာ ေရဒါစနစ္ေတြ အကုန္လုံးဖ်က္ဆီးခဲ့တဲ့အတြက္ေၾကာင့္ ေလပိုင္နက္အတြင္း ခ်ိဳးေဖာက္ဝင္ေရာက္လာတာကို တာလီဘန္အေနနဲ႔ တိတိက်က် ေျခရာခံႏိုင္ျခင္းမရွိေၾကာင္း လည္း သူကေျပာပါတယ္။

ဒါေပမယ့္လည္း ရရွိထားတဲ့ သတင္းအခ်က္အလက္ေတြအရ Drone ေတြဟာ ပါကစၥတန္ ေလေၾကာင္းပိုက္နက္ထဲကေန အာဖဂန္နယ္ထဲကို ဝင္ေရာက္လာတာျဖစ္ေၾကာင္း အဲဒီအတြက္ ပါကစၥတန္အေနနဲ႔ ေလေၾကာင္း အသုံးျပဳခြင့္မေပးဖို႔ ေတာင္းဆိုထားေၾကာင္း အာဖဂန္ ကာကြယ္ေရးဝန္ႀကီး က ေျပာပါတယ္။

ဒါနဲ႔ ပတ္သက္ၿပီး ပါကစၥတန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ fAsim Iftikhar Ahmad ကလည္း ေၾကညာခ်က္တေစာင္ ထုတ္ျပန္ၿပီး အာဖဂန္ တာလီဘန္ ကာကြယ္ေရးဝန္ႀကီး Yaqoob ရဲ႕ စြပ္စြဲခ်က္အေပၚ အေလးအနက္ စိုးရိမ္မႈနဲ႔ မွတ္သားထားေၾကာင္း ေျပာဆိုပါတယ္။ ဒါ႔အျပင္ အေထာက္အထား တစုံတရာမရွိဘဲနဲ႔ အဲဒီလို စြပ္စြဲေျပာဆိုတာဟာ သံတမန္က်င့္ဝတ္ကို ဆန္႔က်င္ရာ ေရာက္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဖဂနစ္စတန်မှာ အမေရိကန်ဒရုန်း တိုက်ခိုက်မှုတွေအတွက် ပါကစ္စတန်ကို တာလီဘန်အပြစ်ဖို့

အာဖဂန်နစ္စတန်ကို အမေရိကန်က အဝေး ထိန်း ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ရာမှာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက လေကြောင်းပိုင်နက်ကို သုံးခွင့်ပြုနေကြောင်း တာလီဘန် ကာကွယ်ရေးဝန်ကြီး Mohammad Yaqoob က တနင်္ဂနွေနေ့က စွပ်စွဲလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၊ Kabul မြို့လယ်မှာ ပုန်းခိုနေတဲ့ al-Qaida အကြမ်းဖက် ခေါင်းဆောင် Ayman al-Zawahiri ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က Drone နဲ့ ပစ်ခတ်သုတ်သင်လိုက်ကြောင်း အမေရိကန်အစိုးရက ကြေညာပြီးနောက် တလနီးပါကြာမှ အခုလို စွပ်စွဲလိုက်တာပါ။ တိုက်ခိုက်မှု နောက်ပိုင်းမှာလည်း အမေရိကန် Drone ယာဉ်တွေဟာ အာဖဂနစ္စတန် လေပိုင်နက်မှာ ပျံသန်းနေပြီး၊ ဒါဟာ အချုပ်အခြာပိုင်ဆိုင်မှုကို ချိုးဖောက်တာဖြစ်ကြောင်း Kabul မြို့တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပြီး၊ ချိုးဖောက်မှုတွေကို အမေရိကန်နဲ့ ပါကစ္စတန် တို့အနေနဲ့ ရပ်တန့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန် က ဆုတ်ခွာခဲ့စဉ်မှာ ရေဒါစနစ်တွေ အကုန်လုံးဖျက်ဆီးခဲ့တဲ့အတွက်ကြောင့် လေပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက်လာတာကို တာလီဘန်အနေနဲ့ တိတိကျကျ ခြေရာခံနိုင်ခြင်းမရှိကြောင်း လည်း သူကပြောပါတယ်။ ဒါပေမယ့်လည်း ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ Drone တွေဟာ ပါကစ္စတန် လေကြောင်းပိုက်နက်ထဲကနေ အာဖဂန်နယ်ထဲကို ဝင်ရောက်လာတာဖြစ်ကြောင်း အဲဒီအတွက် ပါကစ္စတန်အနေနဲ့ လေကြောင်း အသုံးပြုခွင့်မပေးဖို့ တောင်းဆိုထားကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ fAsim Iftikhar Ahmad ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ပြီး အာဖဂန် တာလီဘန် ကာကွယ်ရေးဝန်ကြီး Yaqoob ရဲ့ စွပ်စွဲချက်အပေါ် အလေးအနက် စိုးရိမ်မှုနဲ့ မှတ်သားထားကြောင်း ပြောဆိုပါတယ်။ ဒါ့အပြင် အထောက်အထား တစုံတရာမရှိဘဲနဲ့ အဲဒီလို စွပ်စွဲပြောဆိုတာဟာ သံတမန်ကျင့်ဝတ်ကို ဆန့်ကျင်ရာ ရောက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

XS
SM
MD
LG