သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

al-Qaida ေခါင္းေဆာင္ al-Zawahiri အေမရိကန္ ဒံုးက်ည္ထိမွန္ ေသဆံုး


FILE PHOTO: A photo of Al Qaeda leader Ayman al-Zawahiri is seen in this still image taken from a video

အာဖဂန္နစၥတန္ႏိုင္ငံတြင္းက အေရးပါတဲ႔ al-Qaida ကို ပစ္မွတ္ထားၿပီး အၾကမ္းဖက္ဝါဒ တန္ျပန္တိုက္ဖ်က္ေရး ရွားရွားပါးပါး စစ္ဆင္ေရးကို ၿပီးခဲ႔တဲ႔ သီတင္းပတ္ကုန္ အတြင္း အေမရိကန္က ေဆာင္ရြက္ခဲ႔ေၾကာင္း အေမရိကန္ အႀကီးတန္းတာ၀န္ရွိသူက တနလၤာေန႔မွာ ေျပာပါတယ္။

al-Qaida ေခါင္းေဆာင္ al-Zawahiri အေမရိကန္ ဒံုးက်ည္ထိမွန္ ေသဆံုး

{{Zawgyi/Unicode}}
အာဖဂန္နစၥတန္ႏိုင္ငံတြင္းက အေရးပါတဲ႔ al-Qaida ကို ပစ္မွတ္ထားၿပီး အၾကမ္းဖက္ဝါဒ တန္ျပန္တိုက္ဖ်က္ေရး ရွားရွားပါးပါး စစ္ဆင္ေရးကို ၿပီးခဲ႔တဲ႔ သီတင္းပတ္ကုန္ အတြင္း အေမရိကန္က ေဆာင္ရြက္ခဲ႔ေၾကာင္း အေမရိကန္ အႀကီးတန္း တာ၀န္ရွိသူက တနလာၤေန႔မွာ ေျပာပါတယ္။ စစ္ဆင္ေရးေအာင္ျမင္ေၾကာင္းနဲ႔ အရပ္သား ထိခိုက္ေသဆံုးမႈ မရွိေၾကာင္းလည္း သူက ေျပာပါတယ္။ ဒါေပမယ့္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။

စစ္ဆင္ေရး အတြင္း al-Qaida ေခါင္းေဆာင္ Ayman al-Zawahiri ေသဆံုးေၾကာင္း သတင္းရင္းျမစ္ေတြက ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုအတြင္း ၂၀၀၁ ခုႏွစ္ စက္တင္ဘာ တိုက္ခိုက္မႈကို စီစဥ္ခဲ႔စဥ္က al-Qaida အဖြဲ႔ကို တည္ေထာင္သူ Osama bin Laden ရဲ႕ လက္ေထာက္တဦးလည္း ျဖစ္ခဲ႔ပါတယ္။

အာဖဂန္နစၥတန္ ႏိုင္ငံ ၿမိဳ႕ေတာ္ ကာဘူးလ္က လူေနအိမ္ယာ တခုမွာ တနဂၤေႏြေန႔က ဒံုးက်ည္နဲ႔ တိုက္ခိုက္ခံရၿပီး အေမရိကန္ အေ၀းထိန္း ဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္မႈ ျဖစ္တယ္လို႔ တာလီဘန္ အုပ္ခ်ဳပ္သူေတြက ေျပာဆိုၿပီး တနာရီေက်ာ္ အၾကာမွာ အခုလို အတည္ျပဳခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

ဘာအေၾကာင္းျပခ်က္နဲ႔ဘဲ ျဖစ္ေစ အခုတိုက္ခိုက္မႈကို အာဖဂန္နစၥတန္ႏိုင္ငံက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း တာလီဘန္ ေျပာခြင့္ရ Zabihullah Mujahid က ေၾကညာခ်က္ ထုတ္ ေျပာပါတယ္။ ဒီတိုက္ခိုက္မႈဟာဆိုရင္ ႏိုင္ငံတကာ စည္းမ်ဥ္းေတြနဲ႔ ဒိုဟာ သေဘာတူညီခ်က္ကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္မႈ အျဖစ္လည္း သူက ရႈတ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................

al-Qaida ခေါင်းဆောင် al-Zawahiri အမေရိကန် ဒုံးကျည်ထိမှန် သေဆုံး

{{Zawgyi/Unicode}}
အာဖဂန်နစ္စတန်နိုင်ငံတွင်းက အရေးပါတဲ့ al-Qaida ကို ပစ်မှတ်ထားပြီး အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ရှားရှားပါးပါး စစ်ဆင်ရေးကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် အတွင်း အမေရိကန်က ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် အကြီးတန်း တာဝန်ရှိသူက တနလာၤနေ့မှာ ပြောပါတယ်။ စစ်ဆင်ရေးအောင်မြင်ကြောင်းနဲ့ အရပ်သား ထိခိုက် သေဆုံးမှု မရှိကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

စစ်ဆင်ရေး အတွင်း al-Qaida ခေါင်းဆောင် Ayman al-Zawahiri သေဆုံးကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်း ၂၀၀၁ ခုနှစ် စက်တင်ဘာ တိုက်ခိုက်မှုကို စီစဉ်ခဲ့စဉ်က al-Qaida အဖွဲ့ကို တည်ထောင်သူ Osama bin Laden ရဲ့ လက်ထောက် တဦးလည်း ဖြစ်ခဲ့ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်က လူနေအိမ်ယာ တခုမှာ တနင်္ဂနွေနေ့က ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီး အမေရိကန် အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ တာလီဘန် အုပ်ချုပ်သူတွေက ပြောဆိုပြီး တနာရီကျော် အကြာမှာ အခုလို အတည်ပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘာအကြောင်းပြချက်နဲ့ဘဲ ဖြစ်စေ အခု တိုက်ခိုက်မှုကို အာဖဂန်နစ္စတန် နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တာလီဘန် ပြောခွင့်ရ Zabihullah Mujahid က ကြေညာချက် ထုတ် ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာဆိုရင် နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ ဒိုဟာ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု အဖြစ်လည်း သူက ရှုတ်ချထားပါတယ်။

XS
SM
MD
LG