သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂြြန္တာနာမို အက်ဥ္းစခန္း ဆက္ထားဖို႔ လိုေသးသလား


GUANTANAMO PRISIÓN

က်ဴးဘား ႏိုင္ငံ Guantanamo Bay က အေမရိကန္ စစ္တပ္ရဲ႕ အက်ဥ္းစခန္းကို အၾကမ္းဖက္ ဝါဒတိုက္ဖ်က္ေရး စစ္ပြဲ အတြင္း ပထမဆံုး အက်ဥ္းသားေတြ စေရာက္ခဲ႔တာ ႏွစ္ ၂၀ ရွိခဲ႔ပါၿပီ။ ၿပီးခဲ႔တဲ႔ ဆယ္စုႏွစ္ ၂ ခု ေက်ာ္ အတြင္း ထိန္းသိမ္းခံရသူ အနည္းဆံုး လူ ၈၀၀ ရွိခဲ႔ၿပီး ဒီထဲက အမ်ားစုကိုေတာ့ ရာဇ၀တ္မႈနဲ႔ စြဲခ်က္ တင္ခဲ႔တာမ်ိဳး မရွိပါဘူး။ အက်ဥ္းေထာင္ ပိတ္သိမ္းေရး ဘ၀ကို ႏွစ္ျမႇဳပ္ေဆာင္ရြက္ေနတဲ႔ အက်ဥ္းသားေဟာင္း Mansoor Adyfi ကို ဗြီအိုေအရဲ႕ ပင္တဂြန္ဆိုင္ရာ သတင္းတာ၀န္ခံ Carla Babb က ေမးျမန္းၿပီး သတင္းေဆာင္းပါး တင္ျပထားပါတယ္။ မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

မစၥတာ Biden ကို ဒီကေန႔ ေျပာလိုတာကေတာ့ ေက်းဇူးျပဳၿပီး ဂြါတာနာမို ကို ပိတ္သိမ္းေပးပါ။ အဲဒီ ေနရာဟာ အေမရိကန္ရဲ႕ သမိုင္း၊ အေမရိကန္ရဲ႕ စံႏႈန္းေတြနဲ႔ အေမရိကန္ရဲ႕ မူဝါဒမွာ အျပစ္အနာအဆာ တခုပါ။

ယီမင္ႏိုင္ငံတြင္းက အစၥလာမၼစ္ အဖြဲ႔အစည္း တခု အတြက္ အစၥလာမၼစ္ အရံတပ္ဖြဲ႔ေတြ အေၾကာင္း သုေတသန လုပ္ဖို႔ အတြက္ သူ အသက္ ၁၈ ႏွစ္ အရြယ္မွာ အာဖဂန္နစၥတန္ကို သြားခဲ႔ေၾကာင္း ယီမင္ ႏိုင္ငံသား Mansoor Adyfi က ေျပာျပပါတယ္။

"9/11 ျဖစ္ျပီး လပိုင္း အၾကာမွာ က်ေနာ္ အာဖဂန္နစၥတန္ကို ေရာက္ခဲ႔ပါတယ္။ အဲဒီေနာက္မွာ စစ္နယ္ရွင္ တဦးက က်ေနာ္႔ကို ဖမ္းၿပီး လက္လႊဲေရာင္းစားခဲ႔ပါတယ္။ အဲဒီေနာက္မွာေတာ့ al-Qaida အျဖစ္နဲ႔ အေမရိကန္ေတြကို ေရာင္းခဲ႔ပါတယ္။"

အေမရိကန္ေတြက လူလတ္ပိုင္း အရြယ္ အီဂ်စ္ႏိုင္ငံသား al-Qaida ေခါင္းေဆာင္နဲ႔ 9/11 အတြင္းလူ တဦးကို ရွာခဲ႔တာလို႔လည္း သူက ေျပာပါတယ္။ အႀကိမ္ႀကိမ္ ႏွိပ္စက္ စစ္ေမးခံခဲ႔ရၿပီးေနာက္မွာေတာ့ သူက အဲဒီ လူျဖစ္ပါတယ္လို႔ မဟုတ္မမွန္ ထြက္ဆိုခဲ႔ေၾကာင္းလည္း Adayfi က ေျပာပါတယ္။ ရန္သူ တိုက္ခိုက္ေရး သမား သံသယ ရွိသူေတြကို ထိန္းသိမ္းၿပီး စစ္ေဆးဖို႔ အတြက္ ၂၀၀၂ ခုႏွစ္မွာ အဲဒီ အခ်ိန္က သမၼတ Geroge W. Bush က ဖြင့္လွစ္ခဲ႔တဲ႔ Guantanamo Bay ထိန္းသိမ္းေရး စခန္းကို ပထမဆံုး အက်ဥ္းသားေတြ ပို႔ေဆာင္ခဲ႔တဲ႔ အထဲမွာ ပါ၀င္ခဲ႔ၿပီး လ်ိဳ႕၀ွက္ စခန္းတခုမွာ အက်ဥ္းက်ေနစဥ္ သူ အသက္ ၁၉ ႏွစ္ ျပည့္ခဲ႔တာပါ။ သမၼတ Geroge W. Bush က အခုလို ေျပာပါတယ္။

"လ်ိဳ႕၀ွက္ ထိန္းသိမ္းထားႏိုင္တဲ႔၊ ကြ်မ္းက်င္သူေတြက စစ္ေမးၿပီး သင့္ေတာ္တဲ႔ အခ်ိန္မွာ အၾကမ္းဖက္မႈ လုပ္ရပ္ေတြ အတြက္ တရားစြဲဆိုႏိုင္မယ့္ ပတ္၀န္းက်င္မ်ိဳးမွာ ဒီ လူေတြကို ေရႊ႕ထားဖို႔ လိုအပ္ပါတယ္။"

ဂြါတာနာမို အက်ဥ္းသားေဟာင္း Mansoor Adayfi က အခုလို ေျပာပါတယ္။

"လက္ထိပ္ခတ္၊ ေခါင္းစြပ္တပ္၊ လိေမၼာ္ေရာင္ Jumpsuit နဲ႔ က်ေနာ္တို႔ ေရာက္ခဲ႔ၾကၿပီး က်ေနာ္တို႔ဟာ အဆိုးတကာ့ အဆိုးဆံုး အၾကမ္းဖက္ ဝါဒီေတြ အျဖစ္ သူတို႔က ကမ ၻာကို ျပသခဲ႔ပါတယ္။ အၾကမ္းဖ်ဥ္း အားျဖင့္ေတာ့ ခင္ဗ်ား ေရာက္လာၿပီ ဆိုတာနဲ႔ သူတို႔က ခင္ဗ်ားရဲ႕ အ၀တ္ေတြကို ဆုတ္ၿဖဲ ပစ္လိုက္မယ္၊ ေနာက္ ၾကမ္းေပၚကို ပစ္လွဲၿပီး ေရပိုက္နဲ႔ထိုး၊ တံမ်က္စည္းနဲ႔ တိုက္ပစ္ပါတယ္။"

အရွက္ခြဲတာ အျပင္ ႏွိပ္စက္ ညႇဥ္းပန္းမႈေတြလည္း မရပ္ဘူးလို႔ Adayfi က ေျပာပါတယ္။

"စစ္ေဆးသူက က်ေနာ႔ကို ႏွိပ္စက္တဲ႔ အခါမွာဆိုရင္ က်ေနာ္႔ကို ကိုယ္လံုးတီး လုပ္ၿပီး ႐ိုက္ပါတယ္။ က်ေနာ္ဟာ ခင္ဗ်ားဟာ အၾကမ္းဖက္ ဝါဒီဘဲ၊ ခင္ဗ်ားဟာ အၾကမ္းဖက္သမား။ အခု အၾကမ္းဖက္သမား တေယာက္လို လုပ္ေနတာလို႔ က်ေနာ္ ေျပာပါတယ္။"


သူဟာ အီဂ်စ္ႏိုင္ငံသား al-Qaida ေခါင္းေဆာင္ပါ ဆိုတဲ႔ စြပ္စြဲခ်က္ကို အေမရိကန္က ေနာက္ပိုင္းမွာ ႐ုပ္သိမ္းလိုက္ပါတယ္။ ဒါေပမယ္လို႔လည္း ဒီစြပ္စြဲခ်က္ေၾကာင့္ သူ ၁၄ ႏွစ္ အခ်ိန္ေပးခဲ႔ရၿပီး သူ႔ရဲ႕ အသက္ ၂၀ ေက်ာ္ ဘ၀ တေလွ်ာက္လံုးကို သံဆူးႀကိဳးေတြ ကာထားတဲ႔ Guantanamo မွာ ကုန္ဆံုးခဲ႔ရပါတယ္။


ဒီကေန႔ အခ်ိန္ထိ Guantanamo မွာ အက်ဥ္းသား ၃၉ ဦး ရွိေနဆဲ ျဖစ္ၿပီး တဒါဇင္ေလာက္ကိုဘဲ စြဲခ်က္တင္တာ ဒါမွမဟုတ္လည္း စစ္ရာဇ၀တ္မႈေတြနဲ႔ ျပစ္ဒဏ္ ခ်မွတ္ခဲ႔ပါတယ္။ ဒီ အမ်ိဳးသား တဒါဇင္ေလာက္ဟာ သိပ္ကို အႏၲရာယ္ႀကီးတယ္လို႔ ယူဆခံရေပမယ္လို႔လည္း ဒီ အက်ဥ္းေထာင္ကို ပိတ္ပစ္ဖို႔ ကတိေပးခဲ႔တဲ႔ သမၼတ Obama ေရာ သမၼတ Biden တို႔ေရာ အေကာင္အထည္ မေဖာ္ႏိုင္ခဲ႔ပါဘူး။ အေမရိကန္ စစ္ဌာနခ်ဳပ္ Pentagon ေျပာခြင့္ရ John Kirby က အခုလို ေျပာပါတယ္။

"Guantanamo Bay က ထိန္းသိမ္းေရး စခန္းကို ပိတ္သိမ္းေရး အစိုးရက ဆံုးျဖတ္ထားဆဲ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လို႔ ဘာမွ အေျပာင္းအလဲ မရွိေသးပါဘူး။"

စည္းရံုးေဆာင္ရြက္ေနသူေတြကေတာ့ ဒီ ကတိက၀တ္ေတြနဲ႔ အညီ လုပ္ေဆာင္ခ်က္ေတြလည္း ေတြ႕လိုေနေၾကာင္း New America ရဲ႕ ေဆြးေႏြးပြဲ တခုမွာ ေျပာပါတယ္။ အစိုးရ အေနနဲ႔ 9/11 ကို စီစဥ္သူ Khalid Sheikh Mohammad တို႔လို လူေတြကို ထိန္းသိမ္းထားရမွာ ျဖစ္ေပမယ့္လည္း တျခားသူေတြကိုေတာ့ အကန္႔အသတ္ မရွိ ထိန္းသိမ္းမႈကေန ရပ္ဆိုင္းရမယ္လို႔လည္း သူတို႔က ေျပာပါတယ္။ The Guantanamo Files ကို ေရးသားသူ Andy Worthington က အခုလို ေျပာပါတယ္။

"9/11 ေဘးဒဏ္ခံရသူေတြ အတြက္ ႏွစ္ေပါင္း ၂၀ ရွိခဲ႔ပါၿပီ။ ဒီလူေတြ အတြက္ ႏွစ္ေပါင္း ၃၀၊ ႏွစ္ေပါင္း ၄၀ ေနလာၿပီး ေနာက္ဆံုး အသက္ႀကီးၿပီး Guantanamo မွာ ေသသြားမယ္၊ တရားမွ်တမႈလည္း မရခဲ႔ဘူးဆိုရင္ ဒါဟာ တရားတယ္လို႔ ထင္ပါသလား။"

ေရွ႕ေန Thomas Wilner ကလည္း အခုလို ေျပာပါတယ္။

"စစ္က ၿပီးသြားပါၿပီ။ သူတို႔ကို အေရးတႀကီး ထိန္းသိမ္းထားဖို႔ အတြက္ တရားဥပေဒေၾကာင္း အရ အေၾကာင္း မရွိေတာ့ပါဘူး။"

ယီမင္မွာ ေကာင္းေကာင္းလည္ပတ္ႏိုင္တဲ႔ အစိုးရ တရပ္ မရွိပါဘူး။ ဒါေၾကာင့္ Adayfi ကို ဌာေနရင္း ျပန္ပို႔လို႔ မရပါဘူး။ အခုေတာ့ လံုျခံဳေရး တင္းတင္းၾကပ္ၾကပ္ တားျမစ္ခ်က္ေတြနဲ႔ ဆားဘီယားမွာ သူ ေနထိုင္ေနပါတယ္။ သူ မသြားခ်င္ခဲ႔တဲ႔ ေနရာျဖစ္ၿပီး ေခ်ာင္ပိတ္မိသလို ခံစားေနရဆဲ ျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။ Guantanamo အက်ဥ္းသားေဟာင္း Mansoor Adayfi က အခုလို ေျပာပါတယ္။

"လႊတ္ေတာ္ အမတ္ေတြ မရွိဘူး၊ အခ်ိတ္အဆက္ေတြ မရွိဘူးဆိုရင္ မိသားစုနဲ႔ ဆက္သြယ္လို႔ မရႏိုင္ပါဘူး။ Guantanamo ရဲ႕ အမဲစက္ေၾကာင့္ လူေတြက ကိုယ့္ကို စကားေျပာဖို႔လည္း ေၾကာက္ၾကပါတယ္။ လက္ထပ္လို႔လည္း မရႏိုင္ပါဘူး။ ဘာနဲ႔ တူလဲ ဆိုေတာ့ Guantanamo 2.0 နဲ႔ တူပါတယ္။"

စာေရးတာက သူ႔ရဲ႕ စိတ္ဒဏ္ရာကို သက္သာေစေၾကာင္း သူက ေျပာပါတယ္။ Guantanamo ရဲ႕ စာသင္ခန္းၾကမ္းပ်ဥ္မွာ အခ်ဳပ္ခံထားရစဥ္က စထားတဲ႔ သူ႔ရဲ႕ စာအုပ္သစ္ဟာဆိုရင္ အက်ဥ္းေထာင္ ပိတ္ပစ္ေရး သူ႔လိုလားခ်က္ကို လူေတြ နားလည္လာေစမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း သူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


-----------------------------

ဂွန်တာနာမို အကျဉ်းစခန်း ဆက်ထားဖို့ လိုသေးသလား

ကျူးဘား နိုင်ငံ Guantanamo Bay က အမေရိကန် စစ်တပ်ရဲ့ အကျဉ်းစခန်းကို အကြမ်းဖက် ဝါဒတိုက်ဖျက်ရေး စစ်ပွဲ အတွင်း ပထမဆုံး အကျဉ်းသားတွေ စရောက်ခဲ့တာ နှစ် ၂၀ ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ကျော် အတွင်း ထိန်းသိမ်းခံရသူ အနည်းဆုံး လူ ၈၀၀ ရှိခဲ့ပြီး ဒီထဲက အများစုကိုတော့ ရာဇဝတ်မှုနဲ့ စွဲချက် တင်ခဲ့တာမျိုး မရှိပါဘူး။ အကျဉ်းထောင် ပိတ်သိမ်းရေး ဘဝကို နှစ်မြှုပ်ဆောင်ရွက်နေတဲ့ အကျဉ်းသားဟောင်း Mansoor Adyfi ကို ဗွီအိုအေရဲ့ ပင်တဂွန်ဆိုင်ရာ သတင်းတာဝန်ခံ Carla Babb က မေးမြန်းပြီး သတင်းဆောင်းပါး တင်ပြထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

မစ္စတာ Biden ကို ဒီကနေ့ ပြောလိုတာကတော့ ကျေးဇူးပြုပြီး ဂွါတာနာမို ကို ပိတ်သိမ်းပေးပါ။ အဲဒီ နေရာဟာ အမေရိကန်ရဲ့ သမိုင်း၊ အမေရိကန်ရဲ့ စံနှုန်းတွေနဲ့ အမေရိကန်ရဲ့ မူဝါဒမှာ အပြစ်အနာအဆာ တခုပါ။

ယီမင်နိုင်ငံတွင်းက အစ္စလာမ္မစ် အဖွဲ့အစည်း တခု အတွက် အစ္စလာမ္မစ် အရံတပ်ဖွဲ့တွေ အကြောင်း သုတေသန လုပ်ဖို့ အတွက် သူ အသက် ၁၈ နှစ် အရွယ်မှာ အာဖဂန်နစ္စတန်ကို သွားခဲ့ကြောင်း ယီမင် နိုင်ငံသား Mansoor Adyfi က ပြောပြပါတယ်။

"9/11 ဖြစ်ပြီး လပိုင်း အကြာမှာ ကျနော် အာဖဂန်နစ္စတန်ကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်နယ်ရှင် တဦးက ကျနော့်ကို ဖမ်းပြီး လက်လွှဲရောင်းစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ al-Qaida အဖြစ်နဲ့ အမေရိကန်တွေကို ရောင်းခဲ့ပါတယ်။"

အမေရိကန်တွေက လူလတ်ပိုင်း အရွယ် အီဂျစ်နိုင်ငံသား al-Qaida ခေါင်းဆောင်နဲ့ 9/11 အတွင်းလူ တဦးကို ရှာခဲ့တာလို့လည်း သူက ပြောပါတယ်။ အကြိမ်ကြိမ် နှိပ်စက် စစ်မေးခံခဲ့ရပြီးနောက်မှာတော့ သူက အဲဒီ လူဖြစ်ပါတယ်လို့ မဟုတ်မမှန် ထွက်ဆိုခဲ့ကြောင်းလည်း Adayfi က ပြောပါတယ်။ ရန်သူ တိုက်ခိုက်ရေး သမား သံသယ ရှိသူတွေကို ထိန်းသိမ်းပြီး စစ်ဆေးဖို့ အတွက် ၂၀၀၂ ခုနှစ်မှာ အဲဒီ အချိန်က သမ္မတ Geroge W. Bush က ဖွင့်လှစ်ခဲ့တဲ့ Guantanamo Bay ထိန်းသိမ်းရေး စခန်းကို ပထမဆုံး အကျဉ်းသားတွေ ပို့ဆောင်ခဲ့တဲ့ အထဲမှာ ပါဝင်ခဲ့ပြီး လျို့ဝှက် စခန်းတခုမှာ အကျဉ်းကျနေစဉ် သူ အသက် ၁၉ နှစ် ပြည့်ခဲ့တာပါ။ သမ္မတ Geroge W. Bush က အခုလို ပြောပါတယ်။

"လျို့ဝှက် ထိန်းသိမ်းထားနိုင်တဲ့၊ ကျွမ်းကျင်သူတွေက စစ်မေးပြီး သင့်တော်တဲ့ အချိန်မှာ အကြမ်းဖက်မှု လုပ်ရပ်တွေ အတွက် တရားစွဲဆိုနိုင်မယ့် ပတ်ဝန်းကျင်မျိုးမှာ ဒီ လူတွေကို ရွှေ့ထားဖို့ လိုအပ်ပါတယ်။"

ဂွါတာနာမို အကျဉ်းသားဟောင်း Mansoor Adayfi က အခုလို ပြောပါတယ်။

"လက်ထိပ်ခတ်၊ ခေါင်းစွပ်တပ်၊ လိမ္မော်ရောင် Jumpsuit နဲ့ ကျနော်တို့ ရောက်ခဲ့ကြပြီး ကျနော်တို့ဟာ အဆိုးတကာ့ အဆိုးဆုံး အကြမ်းဖက် ဝါဒီတွေ အဖြစ် သူတို့က ကမ ္ဘာကို ပြသခဲ့ပါတယ်။ အကြမ်းဖျဉ်း အားဖြင့်တော့ ခင်ဗျား ရောက်လာပြီ ဆိုတာနဲ့ သူတို့က ခင်ဗျားရဲ့ အဝတ်တွေကို ဆုတ်ဖြဲ ပစ်လိုက်မယ်၊ နောက် ကြမ်းပေါ်ကို ပစ်လှဲပြီး ရေပိုက်နဲ့ထိုး၊ တံမျက်စည်းနဲ့ တိုက်ပစ်ပါတယ်။"

အရှက်ခွဲတာ အပြင် နှိပ်စက် ညှဉ်းပန်းမှုတွေလည်း မရပ်ဘူးလို့ Adayfi က ပြောပါတယ်။

"စစ်ဆေးသူက ကျနော့ကို နှိပ်စက်တဲ့ အခါမှာဆိုရင် ကျနော့်ကို ကိုယ်လုံးတီး လုပ်ပြီး ရိုက်ပါတယ်။ ကျနော်ဟာ ခင်ဗျားဟာ အကြမ်းဖက် ဝါဒီဘဲ၊ ခင်ဗျားဟာ အကြမ်းဖက်သမား။ အခု အကြမ်းဖက်သမား တယောက်လို လုပ်နေတာလို့ ကျနော် ပြောပါတယ်။"


သူဟာ အီဂျစ်နိုင်ငံသား al-Qaida ခေါင်းဆောင်ပါ ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်က နောက်ပိုင်းမှာ ရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမယ်လို့လည်း ဒီစွပ်စွဲချက်ကြောင့် သူ ၁၄ နှစ် အချိန်ပေးခဲ့ရပြီး သူ့ရဲ့ အသက် ၂၀ ကျော် ဘ၀ တလျှောက်လုံးကို သံဆူးကြိုးတွေ ကာထားတဲ့ Guantanamo မှာ ကုန်ဆုံးခဲ့ရပါတယ်။


ဒီကနေ့ အချိန်ထိ Guantanamo မှာ အကျဉ်းသား ၃၉ ဦး ရှိနေဆဲ ဖြစ်ပြီး တဒါဇင်လောက်ကိုဘဲ စွဲချက်တင်တာ ဒါမှမဟုတ်လည်း စစ်ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီ အမျိုးသား တဒါဇင်လောက်ဟာ သိပ်ကို အန္တရာယ်ကြီးတယ်လို့ ယူဆခံရပေမယ်လို့လည်း ဒီ အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ ကတိပေးခဲ့တဲ့ သမ္မတ Obama ရော သမ္မတ Biden တို့ရော အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အမေရိကန် စစ်ဌာနချုပ် Pentagon ပြောခွင့်ရ John Kirby က အခုလို ပြောပါတယ်။

"Guantanamo Bay က ထိန်းသိမ်းရေး စခန်းကို ပိတ်သိမ်းရေး အစိုးရက ဆုံးဖြတ်ထားဆဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး။"

စည်းရုံးဆောင်ရွက်နေသူတွေကတော့ ဒီ ကတိကဝတ်တွေနဲ့ အညီ လုပ်ဆောင်ချက်တွေလည်း တွေ့လိုနေကြောင်း New America ရဲ့ ဆွေးနွေးပွဲ တခုမှာ ပြောပါတယ်။ အစိုးရ အနေနဲ့ 9/11 ကို စီစဉ်သူ Khalid Sheikh Mohammad တို့လို လူတွေကို ထိန်းသိမ်းထားရမှာ ဖြစ်ပေမယ့်လည်း တခြားသူတွေကိုတော့ အကန့်အသတ် မရှိ ထိန်းသိမ်းမှုကနေ ရပ်ဆိုင်းရမယ်လို့လည်း သူတို့က ပြောပါတယ်။ The Guantanamo Files ကို ရေးသားသူ Andy Worthington က အခုလို ပြောပါတယ်။

"9/11 ဘေးဒဏ်ခံရသူတွေ အတွက် နှစ်ပေါင်း ၂၀ ရှိခဲ့ပါပြီ။ ဒီလူတွေ အတွက် နှစ်ပေါင်း ၃၀၊ နှစ်ပေါင်း ၄၀ နေလာပြီး နောက်ဆုံး အသက်ကြီးပြီး Guantanamo မှာ သေသွားမယ်၊ တရားမျှတမှုလည်း မရခဲ့ဘူးဆိုရင် ဒါဟာ တရားတယ်လို့ ထင်ပါသလား။"

ရှေ့နေ Thomas Wilner ကလည်း အခုလို ပြောပါတယ်။

"စစ်က ပြီးသွားပါပြီ။ သူတို့ကို အရေးတကြီး ထိန်းသိမ်းထားဖို့ အတွက် တရားဥပဒေကြောင်း အရ အကြောင်း မရှိတော့ပါဘူး။"

ယီမင်မှာ ကောင်းကောင်းလည်ပတ်နိုင်တဲ့ အစိုးရ တရပ် မရှိပါဘူး။ ဒါကြောင့် Adayfi ကို ဌာနေရင်း ပြန်ပို့လို့ မရပါဘူး။ အခုတော့ လုံခြုံရေး တင်းတင်းကြပ်ကြပ် တားမြစ်ချက်တွေနဲ့ ဆားဘီယားမှာ သူ နေထိုင်နေပါတယ်။ သူ မသွားချင်ခဲ့တဲ့ နေရာဖြစ်ပြီး ချောင်ပိတ်မိသလို ခံစားနေရဆဲ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ Guantanamo အကျဉ်းသားဟောင်း Mansoor Adayfi က အခုလို ပြောပါတယ်။

"လွှတ်တော် အမတ်တွေ မရှိဘူး၊ အချိတ်အဆက်တွေ မရှိဘူးဆိုရင် မိသားစုနဲ့ ဆက်သွယ်လို့ မရနိုင်ပါဘူး။ Guantanamo ရဲ့ အမဲစက်ကြောင့် လူတွေက ကိုယ့်ကို စကားပြောဖို့လည်း ကြောက်ကြပါတယ်။ လက်ထပ်လို့လည်း မရနိုင်ပါဘူး။ ဘာနဲ့ တူလဲ ဆိုတော့ Guantanamo 2.0 နဲ့ တူပါတယ်။"

စာရေးတာက သူ့ရဲ့ စိတ်ဒဏ်ရာကို သက်သာစေကြောင်း သူက ပြောပါတယ်။ Guantanamo ရဲ့ စာသင်ခန်းကြမ်းပျဉ်မှာ အချုပ်ခံထားရစဉ်က စထားတဲ့ သူ့ရဲ့ စာအုပ်သစ်ဟာဆိုရင် အကျဉ်းထောင် ပိတ်ပစ်ရေး သူ့လိုလားချက်ကို လူတွေ နားလည်လာစေမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

XS
SM
MD
LG