သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အယ္လ္ခိုင္းဒါးေခါင္းေဆာင္ ေသဆုံးတဲ့ အေမရိကန္ တိုက္ခိုက္မႈ တာလီဘန္႐ႈတ္ခ်


(Zawgyi / Unicode)


အယ္လ္ခိုင္းဒါးေခါင္းေဆာင္ Ayman al-Zawahiri ေသဆုံးခဲ့တဲ့ အာဖဂနစၥတန္ႏိုင္ငံ ကာဘူးၿမိဳ႕ေတာ္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က အေမရိကန္ရဲ႕ အေ၀းထိန္း ဒ႐ုန္းနဲ႔ တိုက္ခိုက္မႈအေပၚ ဗုဒၶဟူးေန႔မွာ တာလီဘန္ေတြက ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။ ဒါေပမဲ့လည္း ပစ္မွတ္ထား တိုက္ခိုက္ခံခဲ့ရသူနဲ႔ ပတ္သက္လို႔ သတင္းအခ်က္အလက္ ရရွိထားတာ မရွိေသးေၾကာင္းနဲ႔ အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ဖို႔ ရည္မွန္းထားေၾကာင္း ထပ္မံေျပာဆိုလိုက္ပါတယ္။

အယ္လ္ခိုင္းဒါး အၾကမ္းဖက္အဖဲြ႕ေခါင္းေဆာင္ကို သုတ္သင္လိုက္ေၾကာင္း အေမရိကန္သမၼတ Joe Biden တနလၤာေန႔ေႏွာင္းပိုင္းက အတည္ျပဳခဲ့ၿပီးေနာက္၊ ပထမဆုံးအႀကိမ္အျဖစ္ တရား၀င္တုံ႔ျပန္ခ်က္အျဖစ္ တာလီဘန္ ဒုတိယ၀န္ႀကီးခ်ဳပ္ တဦးျဖစ္တဲ့ Abdul Salam Hanafi က ကာဘူးၿမိဳ႕ေတာ္မွာ သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။ အာဖဂန္ၿမိဳ႕ေတာ္မွာ အယ္လ္ခိုင္းဒါးေခါင္းေဆာင္ ေနထိုင္ေနတဲ့ သတင္းဟာ လြန္ခဲ့တဲ့ ၁ ႏွစ္ေလာက္က အာဏာရလာၿပီးေနာက္ ႏိုင္ငံတကာ အသိအမွတ္ျပဳခံရေရး ႀကိဳးပမ္းေနတဲ့ တာလီဘန္ေတြအတြက္ ထိုးႏွက္ခ်က္တခု ျဖစ္ခဲ့ပါတယ္။

အေမရိကန္ရဲ႕ တိုက္ခိုက္မႈဟာ တိုင္းျပည္အခ်ဳပ္အျခာအာဏာ၊ ႏိုင္ငံတကာ ဥပေဒေတြအျပင္ ကာတာႏိုင္ငံ ဒိုဟာမွာ အေမရိကန္နဲ႔ ရရွိခဲ့တဲ့ သေဘာတူညီခ်က္ကို ခ်ဳိးေဖာက္ရာ ေရာက္ေၾကာင္းလည္း အာဖဂန္ဒု၀န္ႀကီးခ်ဳပ္ Hanafi ကေျပာပါတယ္။ အိမ္နီးခ်င္းေတြနဲ႔ ျပည္ပႏိုင္ငံေတြကို တိုက္ခိုက္ဖို႔ အာဖဂန္နယ္ေျမကို အသုံးျပဳခြင့္မေပးတဲ့ မူဝါဒကို က်င့္သုံးေၾကာင္း ႏိုင္ငံတကာကို အႀကိမ္ႀကိမ္ ေျပာဆိုထားတယ္လို႔လည္း ေျပာခဲ့တာပါ။

အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အရာရွိတေယာက္ကေတာ့ အယ္လ္ခိုင္းဒါး ေခါင္းေဆာင္ကို ကာဘူးလ္ၿမိဳ႕ေတာ္မွာ လက္ခံထားတာဟာ ၂၀၂၀ ျပည့္၊ ေဖေဖာ္ဝါရီလက ရရွိထားတဲ့ ဒိုဟာသေဘာတူညီခ်က္ကို တာလီဘန္ေတြဖက္က ေဖာက္ဖ်က္တာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အယ်လ်ခိုင်းဒါးခေါင်းဆောင် သေဆုံးတဲ့ အမေရိကန်တိုက်ခိုက်မှု တာလီဘန်ရှုတ်ချ

အယ်လ်ခိုင်းဒါးခေါင်းဆောင် Ayman al-Zawahiri သေဆုံးခဲ့တဲ့ အာဖဂနစ္စတန်နိုင်ငံ ကာဘူးမြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းနဲ့ တိုက်ခိုက်မှုအပေါ် ဗုဒ္ဓဟူးနေ့မှာ တာလီဘန်တွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါပေမဲ့လည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသူနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ရရှိထားတာ မရှိသေးကြောင်းနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ဖို့ ရည်မှန်းထားကြောင်း ထပ်မံပြောဆိုလိုက်ပါတယ်။

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို သုတ်သင်လိုက်ကြောင်း အမေရိကန်သမ္မတ Joe Biden တနင်္လာနေ့နှောင်းပိုင်းက အတည်ပြုခဲ့ပြီးနောက်၊ ပထမဆုံးအကြိမ်အဖြစ် တရားဝင်တုံ့ပြန်ချက်အဖြစ် တာလီဘန် ဒုတိယဝန်ကြီးချုပ် တဦးဖြစ်တဲ့ Abdul Salam Hanafi က ကာဘူးမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

အာဖဂန်မြို့တော်မှာ အယ်လ်ခိုင်းဒါးခေါင်းဆောင် နေထိုင်နေတဲ့ သတင်းဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်က အာဏာရလာပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေတဲ့ တာလီဘန်တွေအတွက် ထိုးနှက်ချက်တခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ တိုင်းပြည်အချုပ်အခြာအာဏာ၊ နိုင်ငံတကာ ဥပဒေတွေအပြင် ကာတာနိုင်ငံ ဒိုဟာမှာ အမေရိကန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း အာဖဂန်ဒုဝန်ကြီးချုပ် Hanafi ကပြောပါတယ်။

အိမ်နီးချင်းတွေနဲ့ ပြည်ပနိုင်ငံတွေကို တိုက်ခိုက်ဖို့ အာဖဂန်နယ်မြေကို အသုံးပြုခွင့်မပေးတဲ့ မူဝါဒကို ကျင့်သုံးကြောင်း နိုင်ငံတကာကို အကြိမ်ကြိမ် ပြောဆိုထားတယ်လို့လည်း ပြောခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတယောက်ကတော့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်ကို ကာဘူးလ်မြို့တော်မှာ လက်ခံထားတာဟာ ၂၀၂၀ ပြည့်၊ ဖေဖော်ဝါရီလက ရရှိထားတဲ့ ဒိုဟာသဘောတူညီချက်ကို တာလီဘန်တွေဖက်က ဖောက်ဖျက်တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG