သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ေရေဘး အကူအညီ ေဒၚလာသန္း ၁၆၀ ကုလေတာင္းခံ 


APTOPIX Pakistan Floods

ရာသီဥတု ေဖာက္ျပန္မႈေၾကာင့္ မုန္သုန္မိုးဒဏ္ အျပင္းအထန္ ခံခဲ့ရတဲ့ ပါကစၥတန္ႏိုင္ငံမွာ ၂ လေက်ာ္ၾကာ ေရေဘးသင့္သူေတြကို အကူအညီေပးဖို႔ ကုလသမဂၢက ေဒၚလာသန္း ၁၆၀ ေတာင္းခံလိုက္ပါတယ္။

ပါကစၥတန္ေရေဘး အကူအညီ ေဒၚလာသန္း ၁၆၀ ကုလေတာင္းခံ

{{Zawgyi/Unicode}}
ရာသီဥတု ေဖာက္ျပန္မႈေၾကာင့္ မုန္သုန္မိုးဒဏ္ အျပင္းအထန္ ခံခဲ့ရတဲ့ ပါကစၥတန္ႏိုင္ငံမွာ ၂ လေက်ာ္ၾကာ ေရေဘးသင့္သူေတြကို အကူအညီေပးဖို႔ ကုလသမဂၢက ေဒၚလာသန္း ၁၆၀ ေတာင္းခံလိုက္ပါတယ္။

“ပါကစၥတန္အစိုးရက ဦးေဆာင္မယ့္ တုံ႔ျပန္ေဆာင္ရြက္မႈေတြမွာ ကူညီဖို႔ ကုလသမဂၢက ေဒၚလာသန္း ၁၆၀ အေရးေပၚ အကူအညီ ေတာင္းခံပါတယ္။ ဒီရန္ပုံေငြေတြကိုေတာ့ လူေပါင္း ၅.၂ သန္းအတြက္ အစားအေသာက္၊ ေရ၊ မိလႅာ၊ အေရးေပၚ ပညာေရး၊ ေစာင့္ေရွာက္မႈနဲ႔ က်န္းမာေရးအတြက္ သုံးစဲြမွာ ျဖစ္ပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres ဗြီဒီယို မိန္႔ခြန္းမွာ ေျပာၾကားလိုက္တာပါ။

ေရႀကီးမႈေၾကာင့္ လူေပါင္းသန္းနဲ႔ခ်ီ အိုးမဲ့အိမ္မဲ့ ျဖစ္ၾကရ၊ စာသင္ေက်ာင္းေတြ၊ က်န္းမာေရး အေဆာက္အဦးေတြ ထိခိုက္ပ်က္စီးခဲ့ရၿပီး၊ အေရးႀကီးတဲ့ အေျခခံအေဆာက္အအုံေတြ ပ်က္စီးမႈေတြအျပင္၊ ေမွ်ာ္လင့္ခ်က္ေတြ၊ အိပ္မက္ေတြ ေရစုန္ေမ်ာခဲ့ရတယ္လို႔လည္း ကုလသမဂၢ အႀကီးအကဲက ေျပာပါတယ္။

ပါကစၥတန္ တာ၀န္ရွိသူေတြကေတာ့ မုတ္သုန္မိုးရြာသြန္းတဲ့ ဇြန္လကစ ေရႀကီးမႈေတြေၾကာင့္ လူေပါင္း ၁၁၀၀ ေက်ာ္ ေသဆုံးၿပီး၊ ၃၃ သန္းေက်ာ္ ေရေဘးဒဏ္သင့္ခဲ့ေၾကာင္း ေျပာဆိုထားပါတယ္။

ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ျဖစ္ရတဲ့ ကပ္ေဘးဒဏ္ကို ပါကစၥတန္အာဏာပိုင္ေတြ တုံ႔ျပန္ရာမွာ၊ ေရေဘးသင့္သူေတြကို ေငြသားအကူအညီ ေထာက္ပံ့တာ အပါအ၀င္ အကုန္အက်ခံ သုံးစဲြေနေပမဲ့လည္း ထိခိုက္မႈ အတိုင္းအတာ ႀကီးမားတာေၾကာင့္ မလုံေလာက္ဘူးလို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

ကမာၻေပၚမွာ ရာသီဥတု ေဖာက္ျပန္မႈ ျပႆနာနဲ႔ ရင္ဆိုင္ရႏိုင္တဲ့ ေဒသေတြထဲ ပါကစၥတန္ႏိုင္ငံလည္း ပါ၀င္ၿပီး၊ ဒီလိုေဒသေတြမွာ ေနထိုင္သူေတြဟာ ရာသီဥတုဒဏ္ေၾကာင့္ ေသေက်ႏိုင္တဲ့ အႏၲရာယ္ ၁၅ ဆ ပိုမ်ားတယ္လို႔လည္း အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

ပါကစ္စတန်ရေဘေး အကူအညီ ဒေါ်လာသန်း ၁၆၀ ကုလတောင်းခံ

{{Zawgyi/Unicode}}
ရာသီဥတု ဖောက်ပြန်မှုကြောင့် မုန်သုန်မိုးဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံမှာ ၂ လကျော်ကြာ ရေဘေးသင့်သူတွေကို အကူအညီပေးဖို့ ကုလသမဂ္ဂက ဒေါ်လာသန်း ၁၆၀ တောင်းခံလိုက်ပါတယ်။

“ပါကစ္စတန်အစိုးရက ဦးဆောင်မယ့် တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ကူညီဖို့ ကုလသမဂ္ဂက ဒေါ်လာသန်း ၁၆၀ အရေးပေါ် အကူအညီ တောင်းခံပါတယ်။ ဒီရန်ပုံငွေတွေကိုတော့ လူပေါင်း ၅.၂ သန်းအတွက် အစားအသောက်၊ ရေ၊ မိလ္လာ၊ အရေးပေါ် ပညာရေး၊ စောင့်ရှောက်မှုနဲ့ ကျန်းမာရေးအတွက် သုံးစွဲမှာ ဖြစ်ပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ဗွီဒီယို မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

ရေကြီးမှုကြောင့် လူပေါင်းသန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရ၊ စာသင်ကျောင်းတွေ၊ ကျန်းမာရေး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရပြီး၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးမှုတွေအပြင်၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ရေစုန်မျောခဲ့ရတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

ပါကစ္စတန် တာဝန်ရှိသူတွေကတော့ မုတ်သုန်မိုးရွာသွန်းတဲ့ ဇွန်လကစ ရေကြီးမှုတွေကြောင့် လူပေါင်း ၁၁၀၀ ကျော် သေဆုံးပြီး၊ ၃၃ သန်းကျော် ရေဘေးဒဏ်သင့်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ရတဲ့ ကပ်ဘေးဒဏ်ကို ပါကစ္စတန်အာဏာပိုင်တွေ တုံ့ပြန်ရာမှာ၊ ရေဘေးသင့်သူတွေကို ငွေသားအကူအညီ ထောက်ပံ့တာ အပါအဝင် အကုန်အကျခံ သုံးစွဲနေပေမဲ့လည်း ထိခိုက်မှု အတိုင်းအတာ ကြီးမားတာကြောင့် မလုံလောက်ဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ ရာသီဥတု ဖောက်ပြန်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တဲ့ ဒေသတွေထဲ ပါကစ္စတန်နိုင်ငံလည်း ပါဝင်ပြီး၊ ဒီလိုဒေသတွေမှာ နေထိုင်သူတွေဟာ ရာသီဥတုဒဏ်ကြောင့် သေကျေနိုင်တဲ့ အန္တရာယ် ၁၅ ဆ ပိုများတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

XS
SM
MD
LG