သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ေရေဘး ႏိုင္ငံတကာ အကူအညီေပးဖို႔ျပင္


PAKISTAN-WEATHER-FLOODS

ပါကစၥတႏိုင္ငံမွာ ဇြန္လလယ္ကစၿပီး ႏိုင္ငံတဝွမ္းမိုးႀကီးတဲ့ဒဏ္ေၾကာင့္ အခုဆို ေရႀကီးတဲ့ဒဏ္ခံရသူ ၃၃ သန္းနီးပါးရွိေနၿပီး၊ ေသဆုံးရသူက ၁၀၀၀ ေလာက္ရွိေနၿပီလို႔ ပါကစၥတန္အရာရွိေတြက ဒီေန႔စေနေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒီ ေရေဘးဒုကၡသည္ေတြအတြက္ ႏိုင္ငံတကာကလည္း အကူညီေပးဖို႔ လုပ္ေဆာင္ေနၾကပါတယ္။

စီးပြားေရးအက်ပ္အတည္းပါႀကဳံေနရတဲ့ ပါကစၥတန္မွာ မုတ္သုန္မိုးေၾကာင့္ ေရႀကီးေရလွ်ံမႈနဲ႔ ပ်က္စီးဆုံးရႈံးရတာေတြ ျပန္နလံထူႏိုင္ဖို႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Shahbaz Sharif က ႏိုင္ငံတကာရဲ႕ အကူအညီေတာင္းခံအၿပီး ေနာက္တေန႔မွာပဲ အခုလို ေသဆုံးမူဆက္တိုးလာတာပါ။

ႏိုင္ငံတဝွမ္း လူသန္းေပါင္းမ်ားစြာဟာ လမ္းပမ္းအဆက္အသြယ္ေတြ ျပတ္ေတာက္ေနၿပီး ဒီီမိုးႀကီးေရႀကီးဒဏ္ ခံေနရတာကို ႏိုင္ငံတြင္းက အကူအညီေပးေရးလုပ္သားေတြ ခက္ခက္ခဲခဲ ကယ္တင္ေပးေနရခ်ိန္မွာ၊ ကုလသမဂၢဘက္ကလည္း ႏိုင္ငံတကာအကူအညီေတြကို ေနာက္ထပ္ ထပ္ ေတာင္းခံထားပါတယ္။

ပါကစၥတန္အစိုးရအေနနဲ႔ ႏိုင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာခဲ့ၿပီး အေရးေပၚဘတ္ဂ်က္ အမ်ားအျပား ထုတ္သုံး႐ုန္းကန္ေနရသလို စီးပြားေရးအၾကပ္႐ိုက္ေနမႈအတြက္ IMF ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႔က ကူညီေပးဖို႔ ျပင္ဆင္ေနပါတယ္။

IMF အမႈေဆာင္ဘုတ္အဖြဲအေနနဲ႔ ေငြေၾကးေဖာင္းပြမူနဲ႔ ႏိုင္ငံျခားအရံေငြျပတ္လာတဲ့ ပါကစၥတန္စီးပြားေရး မၿပိဳလဲေအာင္၊ ေခ်းေငြ ေဒၚလာသန္း တစ္ေထာင္ေပးႏိုင္ဖို႔ လာမဲ့ တနလာေန႔မွာ ေဆြးေႏြးဖို႔ ျပင္ဆင္ေနတယ္လို႔ IMF အရာရွိေတြက ဆိုပါတယ္။

===Unicode ===

ပါကစ္စတနိုင်ငံမှာ ဇွန်လလယ်ကစပြီး နိုင်ငံတဝှမ်းမိုးကြီးတဲ့ဒဏ်ကြောင့် အခုဆို ရေကြီးတဲ့ဒဏ်ခံရသူ ၃၃ သန်းနီးပါးရှိနေပြီး၊ သေဆုံးရသူက ၁၀၀၀ လောက်ရှိနေပြီလို့ ပါကစ္စတန်အရာရှိတွေက ဒီနေ့စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီ ရေဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာကလည်း အကူညီပေးဖို့ လုပ်ဆောင်နေကြပါတယ်။

စီးပွားရေးအကျပ်အတည်းပါကြုံနေရတဲ့ ပါကစ္စတန်မှာ မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံမှုနဲ့ ပျက်စီးဆုံးရှုံးရတာတွေ ပြန်နလံထူနိုင်ဖို့ ပါကစ္စတန်ဝန်ကြီးချုပ် Shahbaz Sharif က နိုင်ငံတကာရဲ့ အကူအညီတောင်းခံအပြီး နောက်တနေ့မှာပဲ အခုလို သေဆုံးမူဆက်တိုးလာတာပါ။

နိုင်ငံတဝှမ်း လူသန်းပေါင်းများစွာဟာ လမ်းပမ်းအဆက်အသွယ်တွေ ပြတ်တောက်နေပြီး ဒီမိုးကြီးရေကြီးဒဏ် ခံနေရတာကို နိုင်ငံတွင်းက အကူအညီပေးရေးလုပ်သားတွေ ခက်ခက်ခဲခဲ ကယ်တင်ပေးနေရချိန်မှာ၊ ကုလသမဂ္ဂဘက်ကလည်း နိုင်ငံတကာအကူအညီတွေကို နောက်ထပ် ထပ် တောင်းခံထားပါတယ်။

ပါကစ္စတန်အစိုးရအနေနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အရေးပေါ်ဘတ်ဂျက် အများအပြား ထုတ်သုံးရုန်းကန်နေရသလို စီးပွားရေးအကြပ်ရိုက်နေမှုအတွက် IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က ကူညီပေးဖို့ ပြင်ဆင်နေပါတယ်။

IMF အမှုဆောင်ဘုတ်အဖွဲအနေနဲ့ ငွေကြေးဖောင်းပွမူနဲ့ နိုင်ငံခြားအရံငွေပြတ်လာတဲ့ ပါကစ္စတန်စီးပွားရေး မပြိုလဲအောင်၊ ချေးငွေ ဒေါ်လာသန်း တစ်ထောင်ပေးနိုင်ဖို့ လာမဲ့ တနလာနေ့မှာ ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ IMF အရာရှိတွေက ဆိုပါတယ်။

XS
SM
MD
LG