သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ ေရေဘးသင့္ေဒသ အေမရိကန္အကူအညီ စတင္ေရာက္ရွိ


(Zawgyi / Unicode)

ပါကစၥတန္ႏိုင္ငံမွာ မုတ္သုန္မိုးေၾကာင့္ ေရႀကီးမႈဒဏ္သင့္ေနတဲ႔ ေတာင္ပိုင္း Sindh ျပည္နယ္ကို အကူအညီ ပစၥည္း တန္ခ်ိန္မ်ားစြာ တင္ေဆာင္သြားတဲ႔ အေမရိကန္ စစ္တပ္ ေလယာဥ္ ႏွစ္စင္း တနဂၤေႏြေန႔မွာ ဆိုက္ေရာက္သြားပါၿပီ။ ဆင္းရဲတဲ႔ ပါကစၥတန္ ႏိုင္ငံတြင္း ေရေဘးဒဏ္ အဆိုးဆံုး ခံရတဲ႔ ျပည္နယ္ တခုလည္း ျဖစ္ပါတယ္။

ေလယာဥ္ တစင္းကို အကူအညီ ပစၥည္း ၃၅ တန္စီ တင္ေဆာင္လာေၾကာင္း ပါကစၥတန္ အရပ္ဘက္ ေလေၾကာင္း အာဏာပိုင္ အဖြဲ႔ ေျပာခြင့္ရ Saif Ullah က ေျပာဆိုထားၿပီး ဒီ အကူအညီ ပစၥည္းေတြကိုေတာ့ ကမ ၻာ့စားနပ္ရိကၡာ အဖြဲ႔ WFP အစီအစဥ္နဲ႔ ျပည္နယ္တြင္းမွာ ျဖန္႔ေ၀မွာ ျဖစ္ပါတယ္။ Sindh ျပည္နယ္ Sukkur ေလဆိပ္ကို ေလယာဥ္ေတြ ဆင္းသက္ခဲ႔တာ ျဖစ္ၿပီး အေမရိကန္ရဲ႕ အကူအညီ ေပးေရး လုပ္ငန္းစဥ္က ၾကာသပေတးေန႔က စတင္ခဲ႔တာ ျဖစ္ၿပီး စက္တင္ဘာလ ၁၆ ရက္ေန႔ထိ ေဆာင္ရြက္မွာ ျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။

ပါကစၥတန္မွာ ဒီႏွစ္ ဇြန္လလပိုင္းမွာ စခဲ႔တဲ႔ မုတ္သုန္မိုး အလြန္အကြ်ံ သည္းထန္ခဲ႔တဲ႔ ဒဏ္ကို ခံခဲ႔ရတာ ျဖစ္ပါတယ္။ မိုးသည္းထန္မႈနဲ႔ ေရႀကီးမႈဟာဆိုရင္ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ျဖစ္တယ္လို႔ ကြ်မ္းက်င္သူေတြနဲ႔ တာ၀န္ရွိသူေတြက အျပစ္ဖု႔ိ ၾကပါတယ္။

အႏၲရာယ္ ႀကီးလွတဲ႔ သဘာ၀ ပတ္၀န္းက်င္ ဆိုင္ရာ ျပႆနာေတြၾကားမွာ ကမ ၻာႀကီး အေနနဲ႔ မသိက်ိဳးကြ်ံ ျပဳ မထားၾကဖို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာဘဲ ေျပာဆိုထားပါတယ္။ ပါကစၥတန္ အတြက္ အကူအညီ အမ်ားအျပား ေပးဖို႔ၾကဖို႔လည္း ႏိုင္ငံတကာ အသိုင္းအဝိုင္းကို သူက ထပ္ၿပီး တိုက္တြန္းထားပါတယ္။ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု UAE က အကူအညီေပးေရး ပစၥည္းေတြ တင္ေဆာင္လာတဲ႔ ေလယာဥ္ ႏွစ္စင္း တနဂၤေႏြေန႔မွာ ကရာခ်ိ ေလဆိပ္ကို ဆိုက္ေရာက္လာေၾကာင္းလည္း ေျပာခြင့္ရ Ullah က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပါကစ္စတန် ရေဘေးသင့်ဒေသ အမေရိကန်အကူအညီ စတင်ရောက်ရှိ

ပါကစ္စတန်နိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရေကြီးမှုဒဏ်သင့်နေတဲ့ တောင်ပိုင်း Sindh ပြည်နယ်ကို အကူအညီ ပစ္စည်း တန်ချိန်များစွာ တင်ဆောင်သွားတဲ့ အမေရိကန် စစ်တပ် လေယာဉ် နှစ်စင်း တနင်္ဂနွေနေ့မှာ ဆိုက်ရောက်သွားပါပြီ။ ဆင်းရဲတဲ့ ပါကစ္စတန် နိုင်ငံတွင်း ရေဘေးဒဏ် အဆိုးဆုံး ခံရတဲ့ ပြည်နယ် တခုလည်း ဖြစ်ပါတယ်။

လေယာဉ် တစင်းကို အကူအညီ ပစ္စည်း ၃၅ တန်စီ တင်ဆောင်လာကြောင်း ပါကစ္စတန် အရပ်ဘက် လေကြောင်း အာဏာပိုင် အဖွဲ့ ပြောခွင့်ရ Saif Ullah က ပြောဆိုထားပြီး ဒီ အကူအညီ ပစ္စည်းတွေကိုတော့ ကမ ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP အစီအစဉ်နဲ့ ပြည်နယ်တွင်းမှာ ဖြန့်ဝေမှာ ဖြစ်ပါတယ်။ Sindh ပြည်နယ် Sukkur လေဆိပ်ကို လေယာဉ်တွေ ဆင်းသက်ခဲ့တာ ဖြစ်ပြီး အမေရိကန်ရဲ့ အကူအညီ ပေးရေး လုပ်ငန်းစဉ်က ကြာသပတေးနေ့က စတင်ခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ထိ ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ပါကစ္စတန်မှာ ဒီနှစ် ဇွန်လလပိုင်းမှာ စခဲ့တဲ့ မုတ်သုန်မိုး အလွန်အကျွံ သည်းထန်ခဲ့တဲ့ ဒဏ်ကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မိုးသည်းထန်မှုနဲ့ ရေကြီးမှုဟာဆိုရင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ တာဝန်ရှိသူတွေက အပြစ်ဖု့ိ ကြပါတယ်။

အန္တရာယ် ကြီးလှတဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေကြားမှာ ကမ ္ဘာကြီး အနေနဲ့ မသိကျိုးကျွံ ပြု မထားကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ ပြောဆိုထားပါတယ်။ ပါကစ္စတန် အတွက် အကူအညီ အများအပြား ပေးဖို့ကြဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို သူက ထပ်ပြီး တိုက်တွန်းထားပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE က အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ လေယာဉ် နှစ်စင်း တနင်္ဂနွေနေ့မှာ ကရာချိ လေဆိပ်ကို ဆိုက်ရောက်လာကြောင်းလည်း ပြောခွင့်ရ Ullah က ပြောပါတယ်။

XS
SM
MD
LG