စကၤာပူႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံကို စစ္လက္နက္ေတြ ေရာင္းခ်ျခင္းမျပဳတာ ႏွစ္ေပါင္းအတန္ၾကာခဲ့ၿပီျဖစ္ၿပီး အဲဒီ္ရဲ႕ အက်ိဳးသက္ေရာက္မႈေတြလည္း ရွိေနတယ္လို႔ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan က ဒီကေန႔မွာ ေျပာပါတယ္။
ဇန္နဝါရီလ ၁၆ ရက္ေန႔ထုတ္ SAC-M ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီရဲ႕ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာအသုံးျပဳတဲ့ စစ္ေကာင္စီရဲ႕ စစ္လက္နက္ပစၥည္းေတြ ထုတ္လုပ္ရာမွာ စကၤာပူအပါအဝင္ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံထက္မနည္းက စီးပြားေရးကုမၸဏီေတြ ပါဝင္ပတ္သက္ေနၾကတယ္လို႔ ထည့္သြင္း ေဖာ္ျပခဲ့တာနဲ႔ ပတ္သက္လို႔ စကၤာပူ လႊတ္ေတာ္အမတ္ Dennis Tap က လႊတ္ေတာ္အေမးအေျဖက႑မွာ ေမးခဲ့တာကို ဝန္ႀကီး Balakrishnan ျပန္လည္ ေျဖၾကားခဲ့တာပါ။
ျမန္မာႏိုင္ငံကို လက္နက္ေတြ တင္ပို႔မႈမွာ SAC-M ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားတဲ့ စကၤာပူကုမၸဏီေတြ ပါဝင္ပတ္သက္ေနျခင္းရွိမရွိ အာဏာပိုင္ေတြက အေသအခ်ာ စစ္ေဆးခဲ့ျခင္းရွိမရွိ လႊတ္ေတာ္အမတ္ Dennis Tap က ေမးခြန္းထုတ္ခဲ့ပါတယ္။
ျမန္မာစစ္တပ္အတြက္ စစ္လက္နက္၊ ဒါမွမဟုတ္ စစ္ဘက္ဆိုင္ရာအတြက္ အသုံးျပဳႏိုင္မယ့္အရာေတြကို လႊဲေျပာင္းေပးအပ္တာမ်ိဳး စကၤာပူႏိုင္ငံက ခြင့္ျပဳတာမရွိေၾကာင္း SAC-M ရဲ႕ အစီရင္ခံစာထြက္ၿပီး ရက္ပိုင္းအတြင္းမွာဘဲ ဝန္ႀကီး Balakrishnan က ျပန္လည္ ေျဖၾကားခဲ့ၿပီးလည္း ျဖစ္ပါတယ္။ စကၤာပူက ျမန္မာႏိုင္ငံနဲ႔ စီးပြားေရးအရ ပတ္သက္ဆက္ႏြယ္မႈေတြဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ ၂၀၂၁ ခုႏွစ္ မတိုင္ခင္ကတည္းကလို႔ ဆိုပါတယ္။
[Unicode]
မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ရောင်းချခြင်းမပြုတာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး အဲဒီ်ရဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီကနေ့မှာ ပြောပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ စင်္ကာပူအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ ထည့်သွင်း ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ စင်္ကာပူ လွှတ်တော်အမတ် Dennis Tap က လွှတ်တော်အမေးအဖြေကဏ္ဍမှာ မေးခဲ့တာကို ဝန်ကြီး Balakrishnan ပြန်လည် ဖြေကြားခဲ့တာပါ။
မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှုမှာ SAC-M ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စင်္ကာပူကုမ္ပဏီတွေ ပါဝင်ပတ်သက်နေခြင်းရှိမရှိ အာဏာပိုင်တွေက အသေအချာ စစ်ဆေးခဲ့ခြင်းရှိမရှိ လွှတ်တော်အမတ် Dennis Tap က မေးခွန်းထုတ်ခဲ့ပါတယ်။
မြန်မာစစ်တပ်အတွက် စစ်လက်နက်၊ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်မယ့်အရာတွေကို လွှဲပြောင်းပေးအပ်တာမျိုး စင်္ကာပူနိုင်ငံက ခွင့်ပြုတာမရှိကြောင်း SAC-M ရဲ့ အစီရင်ခံစာထွက်ပြီး ရက်ပိုင်းအတွင်းမှာဘဲ ဝန်ကြီး Balakrishnan က ပြန်လည် ဖြေကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ စင်္ကာပူက မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွယ်မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းကလို့ ဆိုပါတယ်။