သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံထိပ္သီး အစည္းအေဝးမွာ အဓိကထား ေဆြးေႏြးႏိုင္


အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲမွာ ခုံအလြတ္ခ်ထားတဲ့ ျမန္မာႏုိင္ငံကုိယ္စားျပဳေနရာ။ (ေမ ၁၃၊ ၂၀၂၂)

ႏိုဝင္ဘာ ဒုတိယပတ္အတြင္း ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းေဝးအတြင္းမွာ ျမန္မာႏိုင္ငံအေရး ထိပ္တန္း ဦးစားေပး ေဆြးေႏြး မယ့္အေၾကာင္းအရာတစ္ခု ျဖစ္ႏိုင္တဲ့အေၾကာင္း ေဒသတြင္း အကဲခတ္ေတြ ခန႔္မွန္းတာကို The South China Morning Post သတင္းစာမွာ ေရးသားထားပါတယ္။

အာဆီယံႏိုင္ငံေတြဟာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ စိတ္မရွည္ေတာ့ဘူးဆိုတာ နားလည္မိတဲ့အေၾကာင္း စကၤာပူ အေျခစိုက္ Nanyang နည္းပညာတကၠသိုလ္ NTU ႏိုင္ငံျခားေရးမူဝါဆိုင္ရာ လက္ေထာက္ပါေမာကၡ Dylan Loh က ေျပာဆိုပါတယ္။ ဒါေပမဲ့လည္း အာဆီယံေခါင္းေဆာင္ေတြဟာ ျမန္မာစစ္ေကာင္စီအေပၚ ျပတ္ျပတ္သားသား အေရးယူေရးမွာ လက္တြန႔္ေနတာကိုလည္း သူက ေဝဖန္ပါတယ္။ စကၤာပူႏိုင္ငံ အမ်ိဳးသားတကၠသိုလ္ ႏိုင္ငံေရးသိပၸံ တြဲဘက္ ပါေမာကၡ Chong Ja Ian ကေတာ့ ေဒသတြင္း အစည္းအေဝးေတြမွာ ျမန္မာစစ္ေခါင္းေဆာင္ေတြကို မဖိတ္ၾကားပဲ ဆက္ၿပီး ဝိုင္းပယ္ထားႏိုင္တာ၊ အေရးယူတာေတြ ဆက္လုပ္ႏိုင္ေပမဲ့ ျမန္မာစစ္ေကာင္စီ ေျပာင္းလဲလာေအာင္ ဖိအားေပးဖို႔ အာဆီယံအေနနဲ႔ နားခ်ႏိုင္တဲ့ အရွိန္ဩဇာနဲ႔ အရင္းအျမစ္ မရွိတဲ့အေၾကာင္း ေဝဖန္ပါတယ္။

ျမန္မာ့ႏိုင္ငံအေရး အာဆီယံက ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ေတြ အေကာင္အထည္ ေဖၚဖို႔ ပ်က္ကြက္ေနတာနဲ႔ ပတ္သက္ၿပီး စိတ္ပ်က္မိတဲ့အေၾကာင္း အာဆီယံႏိုင္ငံေတြ မၾကာခင္ကပဲ ေျပာဆိုေနပါတယ္။ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး တိက်တဲ့ အခ်ိန္သတ္မွတ္ခ်က္ ခ်မွတ္ေဆာင္႐ြက္ဖို႔လည္း တိုက္တြန္းေနသလို ျမန္မာႏိုင္ငံကို အာဆီယံအဖြဲ႕ဝင္အျဖစ္က ရပ္ဆိုင္းေရး အတြက္လည္း ဖိအားေပးေတာင္းဆိုေနပါတယ္။

ျမန္မာ စစ္ေကာင္စီဘက္ကေတာ့ အခ်ိန္အကန႔္အသတ္နဲ႔ ဖိအားေပးတာမ်ိဳးကို လက္မခံတဲ့အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမပါဝင္တဲ့ အစည္းအေဝးဆုံးျဖတ္ခ်က္ေတြကို လိုက္နာမွာ မဟုတ္တဲ့အေၾကာင္း ေျပာဆိုထားပါတယ္။

ဘာပဲျဖစ္ျဖစ္ ေဒသတြင္းေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးမွာ ေတာင္တ႐ုတ္ပင္လယ္ေရပိုင္နက္အျငင္းပြားမႈကိစၥက ျမန္မာ့အေရးနဲ႔ စာရင္ ေရွ႕တန္းက အဓိက ေဆြးေႏြးမယ့္ အေၾကာင္းအရာ တခု မဟုတ္ႏိုင္ဘူးလို႔ အကဲခတ္ေတြက သုံးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးမှာ အဓိကထား ဆွေးနွေးနိုင်

နိုဝင်ဘာ ဒုတိယပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းဝေးအတွင်းမှာ မြန်မာနိုင်ငံအရေး ထိပ်တန်း ဦးစားပေး ဆွေးနွေး မယ့်အကြောင်းအရာတစ်ခု ဖြစ်နိုင်တဲ့အကြောင်း ဒေသတွင်း အကဲခတ်တွေ ခန့်မှန်းတာကို The South China Morning Post သတင်းစာမှာ ရေးသားထားပါတယ်။

အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်မရှည်တော့ဘူးဆိုတာ နားလည်မိတဲ့အကြောင်း စင်္ကာပူ အခြေစိုက် Nanyang နည်းပညာတက္ကသိုလ် NTU နိုင်ငံခြားရေးမူဝါဆိုင်ရာ လက်ထောက်ပါမောက္ခ Dylan Loh က ပြောဆိုပါတယ်။ ဒါပေမဲ့လည်း အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်ကောင်စီအပေါ် ပြတ်ပြတ်သားသား အရေးယူရေးမှာ လက်တွန့်နေတာကိုလည်း သူက ဝေဖန်ပါတယ်။ စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် နိုင်ငံရေးသိပ္ပံ တွဲဘက် ပါမောက္ခ Chong Ja Ian ကတော့ ဒေသတွင်း အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို မဖိတ်ကြားပဲ ဆက်ပြီး ဝိုင်းပယ်ထားနိုင်တာ၊ အရေးယူတာတွေ ဆက်လုပ်နိုင်ပေမဲ့ မြန်မာစစ်ကောင်စီ ပြောင်းလဲလာအောင် ဖိအားပေးဖို့ အာဆီယံအနေနဲ့ နားချနိုင်တဲ့ အရှိန်ဩဇာနဲ့ အရင်းအမြစ် မရှိတဲ့အကြောင်း ဝေဖန်ပါတယ်။

မြန်မာ့နိုင်ငံအရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည် ဖေါ်ဖို့ ပျက်ကွက်နေတာနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတဲ့အကြောင်း အာဆီယံနိုင်ငံတွေ မကြာခင်ကပဲ ပြောဆိုနေပါတယ်။ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တိကျတဲ့ အချိန်သတ်မှတ်ချက် ချမှတ်ဆောင်ရွက်ဖို့လည်း တိုက်တွန်းနေသလို မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းရေး အတွက်လည်း ဖိအားပေးတောင်းဆိုနေပါတယ်။

မြန်မာ စစ်ကောင်စီဘက်ကတော့ အချိန်အကန့်အသတ်နဲ့ ဖိအားပေးတာမျိုးကို လက်မခံတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမပါဝင်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေကို လိုက်နာမှာ မဟုတ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ဘာပဲဖြစ်ဖြစ် ဒေသတွင်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမှုကိစ္စက မြန်မာ့အရေးနဲ့ စာရင် ရှေ့တန်းက အဓိက ဆွေးနွေးမယ့် အကြောင်းအရာ တခု မဟုတ်နိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG