သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်နက်ရရေး ခွင့်ပြုချက်ပေးမထားကြောင်း စင်္ကာပူငြင်းဆို 


စင်ကာပူနိုင်ငံခြားရေးဝန်ကြီး  Vivian Balakrishnan 
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး  Vivian Balakrishnan 

[[Zawgyi/Unicode]]

မြန်မာစစ်တပ်အတွက်စစ်လက်နက် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်မယ့်အရာတွေကို လွှဲပြောင်းပေးအပ်တာမျိုး စင်္ကာပူနိုင်ငံကခွင့်ပြုတာမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ စင်္ကာပူအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M ခေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက တနင်္လာနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တာကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်လက်နက်တွေနဲ့ စစ်ဖက်မှာအသုံးပြုနိုင်တဲ့အရာတွေဟာ လက်နက်မဲ့အရပ်သားပြည်သူတွေကို နှိမ်နင်းတဲ့ အကြမ်းဖက်လုပ်ရာမှာအသုံးပြုနိုင်တာကြောင့် အရမ်းအန္တရာယ်များကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးဌာနပြောခွင့်ရက ဆိုပါတယ်။

SAC-M ရဲ့အစီရင်ခံစာပါ အချက်အလက်တွေကို လေ့လာဆန်းစစ်နေပြီး၊ စင်္ကာပူနဲ့ ပတ်သက်တာတွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာမသိမ်းခင်က အချက်အလက်တွေဖြစ်ကြောင်း ကနဦးလေ့လာချက်မှာ တွေ့ရတယ်လို့လာည်း ပြောပါတယ်။ စင်္ကာပူနဲ့ မြန်မာစီးပွားရေးဆက်ဆံမှုတွေဟာ စစ်တပ်ကအာဏာမသိမ်းခင်အချိန်ထိရှိခဲ့ကြောင်း မြန်မာနိုင်ငံထဲကို စစ်လက်နက်စီးဆင်းမှုမရှိအောင်တားဆီးရေး ၂၀၂၁ ဇွန်လထဲ ကုလသမဂ္ဂ အထွေထွေညီလာခဲ့ရဲ့ဆုံးဖြတ်ချက်ကို စင်္ကာပူနိုင်ငံက မဲပေးထောက်ခံခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာနက ထောက်ပြပါတယ်။ ဥပဒေကို ချိုးဖောက်တာ တွေ့ရှိခဲ့ရင်လည်း အရေးယူဖို့ တုံ့နှေးမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






XS
SM
MD
LG