သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ႏုိင္ငံတကာဆက္ဆံေရး ျမန္မာ့စီးပြားေရး႐ိုက္ခတ္


ေရႊျပည္သာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္စက္႐ံု လုပ္ငန္းခြင္တခု။ (စက္တင္ဘာ ၁၈၊ ၂၀၁၅။)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ႏိုင္ငံေရးျပႆနာေတြေၾကာင့္ ျမန္မာစစ္ေကာင္စီဟာ အာဆီယံအပါအဝင္ ႏိုင္ငံတကာနဲ႔ ဆက္ဆံေရးမွာ တျဖည္းျဖည္း အလွမ္းေဝးလာပါတယ္။ ဒီမိုကေရစီလိုလားတဲ့ အေနာက္ႏိုင္ငံေတြရဲ႕ ဖိအားေတြ၊ ပိတ္ဆို႔မႈေတြကလည္း တိုးလာေနၿပီး ဒီအေျခအေနက ျမန္မာ့စီးပြားေရးအေပၚ ႐ိုက္ခတ္လာႏိုင္တယ္လို႔ နယ္ပယ္အသီးသီးက ကၽြမ္းက်င္သူေတြက ခန႔္မွန္းလိုက္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ေဖေဖာ္ဝါရီလ ၁၇ ရက္က အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကေတာ့ ျမန္မာႏိုင္ငံမပါဘဲ က်င္းပခဲ့ပါတယ္။ ႏိုင္ငံတကာရဲ႕ ဖိအားေတြ၊ တိုက္တြန္းမႈေတြကို လ်စ္လ်ဴ႐ႈထားတဲ့ စစ္ေကာင္စီအေပၚ အာဆီယံလို ေဒသတြင္းႏိုင္ငံေတြရဲ႕ တုံ႔ျပန္မႈက သိပ္မေကာင္းလွပါဘူး။

ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွ ၁၀ ႏုိင္ငံနဲ႔ ဖြဲ႔စည္းထားတဲ့ အာဆီယံအဖြဲ႔ရဲ႕ အေရးႀကီး အစည္းအေဝးေတြမွာ စစ္ေကာင္စီကို မဖိတ္ၾကားေတာ့တာဟာ သံတမန္ဆက္ဆံေရးမွာ က်႐ႈံးတာျဖစ္သလို တိုင္းျပည္ရဲ႕ စီးပြားေရးကိုလည္း ႐ိုက္ခတ္မႈေတြ ရွိလာႏိုင္တယ္လို႔ ပညာရွင္ေတြ ျမင္ပါတယ္။ အာဆီယံႏိုင္ငံေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈက ျမန္မာျပည္တြင္းမွာ တ႐ုတ္ေလာက္ မ်ားမ်ားစားစား မရွိေပမယ့္ အာဆီယံအပါအဝင္ ႏိုင္ငံတကာရဲ႕အျမင္မွာ ပုံရိပ္က်ဆင္းမႈက ျမန္မာ့စီးပြားေရး လုပ္ငန္းရွင္ေတြအတြက္ စိန္ေခၚမႈေတြ ျဖစ္လာရပါတယ္။

ထင္ရွားတဲ့ဥပမာကို ေပးရမယ္ဆိုရင္ ကမၻာလွည့္ခရီးသြားေတြ မလာေတာ့တာ၊ အထည္ခ်ဳပ္လုပ္ငန္းေတြ အပ္ထည္အဝင္နည္းသြားတာ၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြ အလ်င္စလို ထြက္ကုန္တာ၊ ျမန္မာလုပ္သား ေခၚယူမႈေတြကို ေလွ်ာ့ခ်လိုက္တာ၊ ေက်ာင္းသားဗီဇာ မေပးေတာ့တာ၊ INGO လို ႏိုင္ငံတကာက အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြက သူတို႔ရဲ႕လုပ္ငန္းေတြကို ခ်ဳံ႕ပစ္လိုက္ရတာ စတဲ့ က႑အသီးသီးမွာ သက္ေရာက္မႈေတြ ရွိခဲ့တာပါ။

ျမန္မာႏိုင္ငံဟာ လုံၿခဳံေရးအရ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတုန္းပါ။ ျမန္မာ့ခရီးသြားလုပ္ငန္းက အခုအခ်ိန္အထိ ပုံမွန္မျဖစ္ေသးဘူးလို႔ ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းရဲ႕ ဥေရာပခရီးသြား ျမႇင့္တင္ေရးအဖြဲ႔က ေဒၚေကသြယ္စိုးက ေျပာပါတယ္။

“တကယ္လို႔ scheduled flight ေတြ ျပန္ၿပီးဆြဲရင္ေတာင္မွ (ျပည္ပကလာတဲ့) ခရီးသြားလုပ္ငန္း inbound tourism က အခ်ိန္ေတြအမ်ားႀကီး ေပးရလိမ့္ဦးမယ္လို႔ ထင္တယ္။ ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားခရီးသည္ လာေရာက္ဖို႔က ေဒသတြင္း မၿငိမ္းခ်မ္းတဲ့အခါမွာ safety ကအစ ျဖစ္ေနတာေပါ့ေနာ္။ အဲဒီေတာ့ ေဒသတြင္း မၿငိမ္းခ်မ္းမႈ၊ လုံၿခဳံမႈမရွိဘူးဆိုရင္ေတာ့ ခရီးသြားက ဘယ္ခရီးသြားမွေတာ့ လာမွာမဟုတ္ဘူး။ အဲဒီအတြက္လည္း ခရီးေတြ ျပန္သြားလို႔ရပါၿပီ၊ tourist ေတြကို welcome လုပ္ပါတယ္လို႔ ေျပာဖို႔ရာ အခ်က္အလက္ေတြ အမ်ားႀကီး လိုပါဦးမယ္။ အခ်ိန္ေတြလည္း အမ်ားႀကီး ယူရပါဦးမယ္လို႔ ဒါကေတာ့ က်မအျမင္ပါ။”

မေလးရွားႏိုင္ငံပိုင္ Petronas နဲ႔ ဂ်ပန္ Mitsubishi ကုမၸဏီေတြက ရဲတံခြန္ သဘာဝဓာတ္ေငြ႔ လုပ္ကြက္ထဲက သူတို႔ရဲ႕ ထည့္ဝင္ထားတဲ့ ေဝစုကို ျပန္႐ုပ္သိမ္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါဟာ မၾကာေသးခင္က အေမရိကန္ စြမ္းအင္ကုမၸဏီ Chevron နဲ႔ ျပင္သစ္က TOTAL ကုမၸဏီတို႔ ျမန္မာႏိုင္ငံက လုပ္ငန္းေတြ ႐ုပ္သိမ္းအၿပီး ေနာက္ဆက္တြဲ ျဖစ္လာတာပါ။

ေနာ္ေဝဆက္သြယ္ေရးလုပ္ငန္း တယ္လီေနာလည္း ျပည္တြင္းက သူ႔လုပ္ငန္းေတြကို ေရာင္းဖို႔ ျပင္ေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ တႏွစ္တာလုံးကို ျပန္ၾကည့္မယ္ဆိုရင္ Mckinsey နဲ႔ Coco-Cola ဟာ သူတို႔ရဲ႕႐ုံးခန္းေတြကို မူလေနရာမွာ ထပ္မံမငွားရမ္းေတာ့သလို ေနာ္ေဝကုမၸဏီ KPL ဟာ Adani ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္ စီမံကိန္းကေန ႏုတ္ထြက္ခဲ့ပါတယ္။ LONDON နဲ႔ Lucky Strike ကုမၸဏီေတြ လုပ္ငန္းရပ္ဆိုင္းသြားတာ၊ Shell Plc ဟာ ၿပီးခဲ့တဲ့ႏွစ္ကစၿပီး လိုင္စင္သက္တမ္း မတိုးေတာ့တာ၊ ဩစေၾတးလ် Woodside Petroleum၊ ေတာင္ကိုရီးယား POSCO၊ ျပင္သစ္ Voltalia၊ ဂ်ာမန္ Metro၊ ဂ်ပန္ တာယာကုမၸဏီ Bridgestone နဲ႔ ဩစေၾတးလ်ရဲ႕ Myanmar Metals တို႔ ဆက္တိုက္ထြက္သြားတာေတြ ရွိခဲ့ပါတယ္။ စက္မႈဇုန္ထဲက တ႐ုတ္အထည္ခ်ဳပ္ လုပ္ငန္းတခ်ိဳ႕လည္း ရပ္နားသြားပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက ၈ ႏွစ္တာအတြင္းမွာ အနိမ့္ဆုံးေရာက္ေနၿပီး ၂၀၂၂ ထဲမွာ စီးပြားေရး ဆုတ္ယုတ္သြားႏိုင္တယ္လို႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႔ (IMF) က ခန႔္မွန္းထားပါတယ္။

ကေမၻာဒီးယားႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁၇ ရက္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး လုပ္ေနခ်ိန္မွာပဲ စစ္ေကာင္စီနဲ႔ စီးပြားေရး အက်ိဳးတူ ပူးေပါင္းတာေတြကို ရပ္တန႔္ဖို႔ အာဆီယံႏိုင္ငံေတြကို ႏိုင္ငံေရးတက္ႂကြတဲ့ အဖြဲ႔တခ်ိဳ႕က တိုက္တြန္းခဲ့ပါတယ္။ ႏိုင္ငံတကာရဲ႕ စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔မႈ၊ စစ္ေကာင္စီနဲ႔ ခပ္ခြာခြာေနလိုမႈက ျပည္တြင္းလုပ္ငန္းေတြ အတြက္ေတာ့ အနည္းအမ်ားဆိုသလို အက်ပ္အတည္း ေတြ႔ႏိုင္ပါတယ္။ စီးပြားေရးပညာရွင္ ဦးသန္းစိုး (ေဘာဂေဗဒ) က သူ႔အျမင္ကို ေျပာျပပါတယ္။

“ႏိုင္ငံတကာ investment ေပါ့ေနာ္ အဲဒီအေပၚမွာ international political economy အရ ၾကည့္မယ္ဆိုရင္ ျမန္မာႏိုင္ငံအေနနဲ႔ ကုမၸဏီႀကီးေတြ ထြက္သြားတယ္ဆိုေတာ့ image က်တာေပါ့။ ဒုတိယအေနနဲ႔ financial flow ေတြေပါ့၊ ျမန္မာႏိုင္ငံက import/export အေနနဲ႔ capital အရင္အႏွီးေတြေပါ့၊ ေဒၚလာေရစီးေၾကာင္းေတြ အဲဒါေတြ က်ပ္ခံရႏိုင္တာေတြ ျဖစ္လာႏိုင္တာေပါ့။ ၁၉၉၅ ပတ္ဝန္းက်င္ေလာက္ကဆို ျမန္မာႏိုင္ငံရဲ႕ financial flow ေတြအကုန္လုံး လိုက္က်ပ္ခံရတာေတြ ပုဂၢလိက လုပ္ငန္းေတြေရာ အစိုးရရဲ႕ financial ေတြေရာ အကုန္လုံး က်ပ္ခံရတယ္။ အဲဒါေတြက် ျမန္မာလုပ္ငန္းရွင္ေတြ ႀကဳံရမွာျဖစ္တဲ့အတြက္ ဒါေတြကေတာ့ သေဘာေျပာရင္ေတာ့ သီးျခားကိုင္တြယ္ၿပီး သီးျခားေျဖရွင္းမယ္ဆို မဆိုးဘူးေပါ့။”

ေယဘုယအားျဖင့္ေတာ့ ႏိုင္ငံတကာရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြက အရင္းရွင္ ခ႐ိုနီစီးပြားေရးေတြထက္ အေျခခံလူတန္းစားကို ထိခိုက္ႏိုင္ေျခ မ်ားတဲ့အတြက္ ဒါကို ခြဲခြဲျခားျခား ကိုင္တြယ္ေျဖရွင္းဖို႔ လိုတယ္လို႔ သူက ဗြီအိုေအကို ေျပာတာပါ။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းခံရၿပီး မၾကာခင္မွာပဲ စင္ကာပူဗဟိုဘဏ္က ျမန္မာ-စင္ကာပူအၾကား ျပစ္မႈေျမာက္ႏိုင္တဲ့ သံသယရွိဖြယ္ ေငြအလႊဲအေျပာင္းနဲ႔ ေငြစီးဆင္းမႈေတြကို အထူးသတိထား ေစာင့္ၾကည့္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ စင္ကာပူ ေငြေၾကးဆိုင္ရာ စီမံအုပ္ခ်ဳပ္မႈအဖြဲ႔က MAS ကလည္း ေငြေၾကးအႏၲရာယ္ ကာကြယ္ေရးေတြ ခိုင္ခိုင္မာမာလုပ္ဖို႔၊ ျဖစ္လာႏိုင္တဲ့ ေငြေၾကးခဝါခ်မႈေတြကိုပါ သတိထားေစာင့္ၾကည့္ဖို႔ သတိေပးခဲ့တာပါ။

ျမန္မာလုပ္ငန္းေတြကို ေငြေၾကးဆိုင္ရာ ၾကပ္မတ္မႈေတြ စင္ကာပူဘက္က ပိုလုပ္လာေပမယ့္ လက္ရွိအထိေတာ့ ႏွစ္ႏိုင္ငံအၾကား ေငြေၾကးလည္ပတ္မႈက ရပ္တန႔္မသြားေသးပါဘူး။ ဒါေပမယ့္ ျပည္ပနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ရတဲ့ လုပ္ငန္းေတြမွာ အက်ပ္အတည္းရွိလာေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာစိုးထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“လက္ရွိကေတာ့ သြားေတာ့ သြားေနပါတယ္။ တခုေတာ့ရွိတယ္ သူက အရင္ကထက္စာရင္ အထူးသျဖင့္ anti money laundry နဲ႔ပတ္သက္တဲ့ စိစစ္မႈေတာ့ ပိုၿပီးမ်ားလာတာရွိတယ္။ ဒါေပမယ့္လည္း လုံးဝႀကီး ရပ္တန႔္သြားတာမ်ိဳးေတာ့ မရွိေသးပါဘူး။ အခုကေတာ့ က်ေနာ္တို႔တိုင္းျပည္ကေတာ့ ႏိုင္ငံတကာရဲ႕ စီးပြားေရးပိတ္ဆို႔မႈ အေမရိကန္ရဲ႕ sanction ဒါေတြကေတာ့ ျပင္ပနဲ႔ ဆက္သြယ္လုပ္ကိုင္တဲ့ ေနရာမွာ နည္းနည္းေလး အခက္အခဲေတြ ရွိၾကတာေပါ့ေနာ္။ ျပည္ပနဲ႔ဆက္သြယ္ရတဲ့ လုပ္ငန္းေတြကေတာ့ နည္းနည္းေလး လုပ္ရကိုင္ရ က်ပ္တဲ့အေနအထားလို႔ ေျပာလို႔ရတယ္။”

စစ္ေကာင္စီဘက္ကေတာ့ ႏိုင္ငံေရးနဲ႔ စီးပြားေရးကိစၥေတြကို သူတို႔ခ်မွတ္ထားတဲ့ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အတိုင္းပဲ ဆက္သြားဖို႔ရွိတယ္လို႔ သတင္းစာရွင္းလင္းပြဲေတြမွာ ေျပာေလ့ရွိပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ထြက္သြားရင္ေတာင္မွ မိတ္ဘက္ႏိုင္ငံေတြနဲ႔ ဆက္ၿပီး ေဆာင္ရြက္သြားမယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာခဲ့တာပါ။

“လုပ္ငန္းေတြကေတာ့ ထိခိုက္စရာ မရွိပါဘူး။ သို႔ေသာ္ အဲဒီလို ထြက္သြားတဲ့အတြက္ အေျပာင္းအလဲေတြေတာ့ လုပ္ရမွာေပါ့။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ေဆာင္ရြက္ႏိုင္တဲ့ နည္းလမ္းေတြ၊ ပူးေပါင္းေဆာင္ရြက္ႏိုင္တဲ့ မိတ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ဆက္လက္ေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္။ ဒါကေတာ့ က်ေနာ္တို႔ လည္ပတ္လို႔ ရပါတယ္။ က်ေနာ္တို႔ခ်ည္းပဲ လည္ပတ္လို႔လည္း ရေကာင္းရႏိုင္တယ္၊ လည္ပတ္လို႔မရဘူး၊ နည္းပညာအကူအညီ လိုတယ္ဆိုရင္လည္း ကူညီႏိုင္မယ့္ မိတ္ဘက္ႏိုင္ငံမ်ားနဲ႔ အဖြဲ႔အစည္းမ်ား ရွိတယ္လို႔ပဲ ေျပာခ်င္ပါတယ္ဗ်ာ။”

တ႐ုတ္အပါအဝင္ အာရွႏိုင္ငံအမ်ားစုနဲ႔ ဖြဲ႔စည္းထားတဲ့ ဘက္စုံစီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရး RCEP မွာ ျမန္မာနဲ႔ ကုန္သြယ္မွာ မဟုတ္ဘူးလို႔ နယူးဇီလန္ႏိုင္ငံက ေျပာပါတယ္။ ျမန္မာစစ္တပ္ရဲ႕ အာဏာသိမ္း အၾကမ္းဖက္မႈေတြ၊ ဒီမိုကေရစီကို ဆိတ္သုန္းေအာင္ လုပ္တာေတြကို နယူးဇီလန္က ေထာက္ျပၿပီး တျခားအဖြဲ႔ဝင္ႏိုင္ငံေတြကို ေဖေဖာ္ဝါရီလ ၁၇ ရက္မွာ အသိေပးလိုက္တာပါ။ နယူးဇီလန္နည္းတူ ဖိလစ္ပိုင္ႏိုင္ငံကလည္း ဒီကုန္သြယ္မႈမွာ ျမန္မာနဲ႔ မဆက္ဆံဖို႔ ေနာက္တရက္မွာ ဆုံးျဖတ္လိုက္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ၾကားကာလအစိုးရ NUG နဲ႔ စစ္ေကာင္စီတို႔ၾကားမွာ သံတမန္နည္းလမ္းနဲ႔ ခ်ဥ္းကပ္ေစ့စပ္ေပးဖို႔ အာဆီယံ အလွည့္က်ဥကၠ႒ ကေမၻာဒီးယားႏိုင္ငံက ႀကိဳးပမ္းေနပါတယ္။ အာဆီယံနဲ႔ ျမန္မာၾကားက ေရွ႕မတိုး၊ ေနာက္မဆုတ္သာ အေျခအေနကို ေက်ာ္လႊားေအာင္ လုပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဦးမယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

အာဆီယံ စီးပြားေရးအသိုင္းအဝန္းမွာ ဝင္ဆန္႔ႏိုင္ဖို႔ဆိုရင္ အာဆီယံရဲ႕ သေဘာထားကိုလည္း ျမန္မာက လိုက္ေလ်ာေပးရမယ္လို႔ စီးပြားေရး ေလ့လာသူေတြက ျမင္ပါတယ္။ တမၸဒီပအင္စတီက်ဳက ျပည္သူ႔ေရးရာမူဝါဒ ေလ့လာသုံးသပ္တဲ့ ပညာရွင္တဦးကေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ေရရွည္မွာ စီးပြားေရး ေကာင္းမြန္ဖို႔ဆိုရင္ ေဒသတြင္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ေျပလည္ဖို႔လိုတယ္လို႔ ေျပာပါတယ္။

“အာဆီယံက ေရွ႕တန္းတင္ၿပီးေတာ့ လုပ္ေနတယ္ဆိုရင္ အာဆီယံနဲ႔ အနည္းဆုံးေတာ့ စီးပြားေရးဆက္ဆံမႈက ရွိရမယ္ေလ။ ဒါမွမရွိႏိုင္ဘူးဆိုရင္ တိုင္းျပည္က ေတာ္ေတာ္ေလးကို ခက္ခဲလိမ့္မယ္။ အခု (ကေမၻာဒီးယား) ဟြန္ဆန္ မႏွစ္က ဘ႐ူႏိုင္းနဲ႔စာလို႔ရွိရင္ ကေမၻာဒီးယားက ျမန္မာျပည္နဲ႔ ပိုသင့္ျမတ္မယ္လို႔ ထင္ရတယ္ေပါ့ေလ။ ကေမၻာဒီးယား ဥကၠ႒ျဖစ္ေနတဲ့အခ်ိန္မွ အာဆီယံကို အဆင္ေျပေအာင္ မဆက္ဆံႏိုင္ဘူး ဆိုရင္ေတာ့ ကိုယ့္ဘက္က ညံ့တာပဲ။ စီးပြားေရးကို ျပန္မၾကည့္ဘူး၊ လူထုျပည္သူကို ျပန္မၾကည့္ဘူး၊ တိုင္းျပည္ကို ျပန္မၾကည့္ဘူး၊ ဆိုေတာ့ ဘာက်န္ေတာ့လဲ၊ အဲဒါေတာ့ ဆင္ျခင္သင့္တယ္လို႔ ထင္ပါတယ္။”

ျပည္တြင္းက တင္းမာမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို အာဆီယံအဖြဲ႔က ေလွ်ာ့ခ်ေပးႏိုင္ဖို႔ အေမရိကန္ အပါအဝင္ ဒီမိုကေရစီလိုလားတဲ့ အေနာက္ႏိုင္ငံႀကီးတခ်ိဳ႕က ေမွ်ာ္လင့္ထားတာပါ။ အထူးသျဖင့္ ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ျမန္မာစစ္ေကာင္စီဘက္က လိုက္ေလ်ာလာဖို႔ တြန္းအားေပးေနၾကပါတယ္။ ဒါေပမယ့္လည္း အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ ျပည္တြင္းေရးမွာ အကန႔္အသတ္နဲ႔ပဲ ၾကားဝင္ႏိုင္တဲ့ အာဆီယံအဖြဲ႔ဟာ ျမန္မာ့အေရးမွာ ေျဖရွင္းဖို႔ ခက္ေနပါတယ္။ အာဆီယံႏိုင္ငံေတြၾကားမွာလည္း ျမန္မာ့အေရးအေပၚ သေဘာထားေတြ မတူညီၾကပါဘူး။

သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ ဖိတ္ၾကားမႈနဲ႔ အေမရိကန္-အာဆီယံ အထူးထိပ္သီး အစည္းအေဝးကို ဝါရွင္တန္ဒီစီမွာ မၾကာခင္လပိုင္းအတြင္း ျပဳလုပ္သြားဖို႔ ရွိပါတယ္။ မႏွစ္က အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးပြဲအၿပီး သမၼတအိမ္ျဖဴေတာ္ရဲ႕ သီးျခားထုတ္ျပန္ခ်က္မွာေတာ့ အာဆီယံအဖြဲ႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို ေထာက္ခံထားၿပီး ျမန္မာစစ္တပ္ရဲ႕ အာဏာသိမ္းမႈ၊ အၾကမ္းဖက္မႈေတြကို စိုးရိမ္ေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

စစ်ကောင်စီ နိုင်ငံတကာဆက်ဆံရေး မြန်မာ့စီးပွားရေးရိုက်ခတ်

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာစစ်ကောင်စီဟာ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ တဖြည်းဖြည်း အလှမ်းဝေးလာပါတယ်။ ဒီမိုကရေစီလိုလားတဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေ၊ ပိတ်ဆို့မှုတွေကလည်း တိုးလာနေပြီး ဒီအခြေအနေက မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်တယ်လို့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဖေဖော်ဝါရီလ ၁၇ ရက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကတော့ မြန်မာနိုင်ငံမပါဘဲ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားတွေ၊ တိုက်တွန်းမှုတွေကို လျစ်လျူရှုထားတဲ့ စစ်ကောင်စီအပေါ် အာဆီယံလို ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုက သိပ်မကောင်းလှပါဘူး။

မြန်မာအပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအဖွဲ့ရဲ့ အရေးကြီး အစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်ကြားတော့တာဟာ သံတမန်ဆက်ဆံရေးမှာ ကျရှုံးတာဖြစ်သလို တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပညာရှင်တွေ မြင်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာပြည်တွင်းမှာ တရုတ်လောက် များများစားစား မရှိပေမယ့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့အမြင်မှာ ပုံရိပ်ကျဆင်းမှုက မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာရပါတယ်။

ထင်ရှားတဲ့ဥပမာကို ပေးရမယ်ဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ မလာတော့တာ၊ အထည်ချုပ်လုပ်ငန်းတွေ အပ်ထည်အဝင်နည်းသွားတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အလျင်စလို ထွက်ကုန်တာ၊ မြန်မာလုပ်သား ခေါ်ယူမှုတွေကို လျှော့ချလိုက်တာ၊ ကျောင်းသားဗီဇာ မပေးတော့တာ၊ INGO လို နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့လုပ်ငန်းတွေကို ချုံ့ပစ်လိုက်ရတာ စတဲ့ ကဏ္ဍအသီးသီးမှာ သက်ရောက်မှုတွေ ရှိခဲ့တာပါ။

မြန်မာနိုင်ငံဟာ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပါ။ မြန်မာ့ခရီးသွားလုပ်ငန်းက အခုအချိန်အထိ ပုံမှန်မဖြစ်သေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်များ အသင်းရဲ့ ဥရောပခရီးသွား မြှင့်တင်ရေးအဖွဲ့က ဒေါ်ကေသွယ်စိုးက ပြောပါတယ်။

“တကယ်လို့ scheduled flight တွေ ပြန်ပြီးဆွဲရင်တောင်မှ (ပြည်ပကလာတဲ့) ခရီးသွားလုပ်ငန်း inbound tourism က အချိန်တွေအများကြီး ပေးရလိမ့်ဦးမယ်လို့ ထင်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသည် လာရောက်ဖို့က ဒေသတွင်း မငြိမ်းချမ်းတဲ့အခါမှာ safety ကအစ ဖြစ်နေတာပေါ့နော်။ အဲဒီတော့ ဒေသတွင်း မငြိမ်းချမ်းမှု၊ လုံခြုံမှုမရှိဘူးဆိုရင်တော့ ခရီးသွားက ဘယ်ခရီးသွားမှတော့ လာမှာမဟုတ်ဘူး။ အဲဒီအတွက်လည်း ခရီးတွေ ပြန်သွားလို့ရပါပြီ၊ tourist တွေကို welcome လုပ်ပါတယ်လို့ ပြောဖို့ရာ အချက်အလက်တွေ အများကြီး လိုပါဦးမယ်။ အချိန်တွေလည်း အများကြီး ယူရပါဦးမယ်လို့ ဒါကတော့ ကျမအမြင်ပါ။”

မလေးရှားနိုင်ငံပိုင် Petronas နဲ့ ဂျပန် Mitsubishi ကုမ္ပဏီတွေက ရဲတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်ထဲက သူတို့ရဲ့ ထည့်ဝင်ထားတဲ့ ဝေစုကို ပြန်ရုပ်သိမ်းမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ မကြာသေးခင်က အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron နဲ့ ပြင်သစ်က TOTAL ကုမ္ပဏီတို့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရုပ်သိမ်းအပြီး နောက်ဆက်တွဲ ဖြစ်လာတာပါ။

နော်ဝေဆက်သွယ်ရေးလုပ်ငန်း တယ်လီနောလည်း ပြည်တွင်းက သူ့လုပ်ငန်းတွေကို ရောင်းဖို့ ပြင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်တာလုံးကို ပြန်ကြည့်မယ်ဆိုရင် Mckinsey နဲ့ Coco-Cola ဟာ သူတို့ရဲ့ရုံးခန်းတွေကို မူလနေရာမှာ ထပ်မံမငှားရမ်းတော့သလို နော်ဝေကုမ္ပဏီ KPL ဟာ Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကနေ နုတ်ထွက်ခဲ့ပါတယ်။ LONDON နဲ့ Lucky Strike ကုမ္ပဏီတွေ လုပ်ငန်းရပ်ဆိုင်းသွားတာ၊ Shell Plc ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး လိုင်စင်သက်တမ်း မတိုးတော့တာ၊ ဩစတြေးလျ Woodside Petroleum၊ တောင်ကိုရီးယား POSCO၊ ပြင်သစ် Voltalia၊ ဂျာမန် Metro၊ ဂျပန် တာယာကုမ္ပဏီ Bridgestone နဲ့ ဩစတြေးလျရဲ့ Myanmar Metals တို့ ဆက်တိုက်ထွက်သွားတာတွေ ရှိခဲ့ပါတယ်။ စက်မှုဇုန်ထဲက တရုတ်အထည်ချုပ် လုပ်ငန်းတချို့လည်း ရပ်နားသွားပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၈ နှစ်တာအတွင်းမှာ အနိမ့်ဆုံးရောက်နေပြီး ၂၀၂၂ ထဲမှာ စီးပွားရေး ဆုတ်ယုတ်သွားနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၇ ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး လုပ်နေချိန်မှာပဲ စစ်ကောင်စီနဲ့ စီးပွားရေး အကျိုးတူ ပူးပေါင်းတာတွေကို ရပ်တန့်ဖို့ အာဆီယံနိုင်ငံတွေကို နိုင်ငံရေးတက်ကြွတဲ့ အဖွဲ့တချို့က တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု၊ စစ်ကောင်စီနဲ့ ခပ်ခွာခွာနေလိုမှုက ပြည်တွင်းလုပ်ငန်းတွေ အတွက်တော့ အနည်းအများဆိုသလို အကျပ်အတည်း တွေ့နိုင်ပါတယ်။ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က သူ့အမြင်ကို ပြောပြပါတယ်။

“နိုင်ငံတကာ investment ပေါ့နော် အဲဒီအပေါ်မှာ international political economy အရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကုမ္ပဏီကြီးတွေ ထွက်သွားတယ်ဆိုတော့ image ကျတာပေါ့။ ဒုတိယအနေနဲ့ financial flow တွေပေါ့၊ မြန်မာနိုင်ငံက import/export အနေနဲ့ capital အရင်အနှီးတွေပေါ့၊ ဒေါ်လာရေစီးကြောင်းတွေ အဲဒါတွေ ကျပ်ခံရနိုင်တာတွေ ဖြစ်လာနိုင်တာပေါ့။ ၁၉၉၅ ပတ်ဝန်းကျင်လောက်ကဆို မြန်မာနိုင်ငံရဲ့ financial flow တွေအကုန်လုံး လိုက်ကျပ်ခံရတာတွေ ပုဂ္ဂလိက လုပ်ငန်းတွေရော အစိုးရရဲ့ financial တွေရော အကုန်လုံး ကျပ်ခံရတယ်။ အဲဒါတွေကျ မြန်မာလုပ်ငန်းရှင်တွေ ကြုံရမှာဖြစ်တဲ့အတွက် ဒါတွေကတော့ သဘောပြောရင်တော့ သီးခြားကိုင်တွယ်ပြီး သီးခြားဖြေရှင်းမယ်ဆို မဆိုးဘူးပေါ့။”

ယေဘုယအားဖြင့်တော့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အရင်းရှင် ခရိုနီစီးပွားရေးတွေထက် အခြေခံလူတန်းစားကို ထိခိုက်နိုင်ခြေ များတဲ့အတွက် ဒါကို ခွဲခွဲခြားခြား ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ သူက ဗွီအိုအေကို ပြောတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီး မကြာခင်မှာပဲ စင်ကာပူဗဟိုဘဏ်က မြန်မာ-စင်ကာပူအကြား ပြစ်မှုမြောက်နိုင်တဲ့ သံသယရှိဖွယ် ငွေအလွှဲအပြောင်းနဲ့ ငွေစီးဆင်းမှုတွေကို အထူးသတိထား စောင့်ကြည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ စင်ကာပူ ငွေကြေးဆိုင်ရာ စီမံအုပ်ချုပ်မှုအဖွဲ့က MAS ကလည်း ငွေကြေးအန္တရာယ် ကာကွယ်ရေးတွေ ခိုင်ခိုင်မာမာလုပ်ဖို့၊ ဖြစ်လာနိုင်တဲ့ ငွေကြေးခဝါချမှုတွေကိုပါ သတိထားစောင့်ကြည့်ဖို့ သတိပေးခဲ့တာပါ။

မြန်မာလုပ်ငန်းတွေကို ငွေကြေးဆိုင်ရာ ကြပ်မတ်မှုတွေ စင်ကာပူဘက်က ပိုလုပ်လာပေမယ့် လက်ရှိအထိတော့ နှစ်နိုင်ငံအကြား ငွေကြေးလည်ပတ်မှုက ရပ်တန့်မသွားသေးပါဘူး။ ဒါပေမယ့် ပြည်ပနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာ အကျပ်အတည်းရှိလာကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိကတော့ သွားတော့ သွားနေပါတယ်။ တခုတော့ရှိတယ် သူက အရင်ကထက်စာရင် အထူးသဖြင့် anti money laundry နဲ့ပတ်သက်တဲ့ စိစစ်မှုတော့ ပိုပြီးများလာတာရှိတယ်။ ဒါပေမယ့်လည်း လုံးဝကြီး ရပ်တန့်သွားတာမျိုးတော့ မရှိသေးပါဘူး။ အခုကတော့ ကျနော်တို့တိုင်းပြည်ကတော့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု အမေရိကန်ရဲ့ sanction ဒါတွေကတော့ ပြင်ပနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ နေရာမှာ နည်းနည်းလေး အခက်အခဲတွေ ရှိကြတာပေါ့နော်။ ပြည်ပနဲ့ဆက်သွယ်ရတဲ့ လုပ်ငန်းတွေကတော့ နည်းနည်းလေး လုပ်ရကိုင်ရ ကျပ်တဲ့အနေအထားလို့ ပြောလို့ရတယ်။”

စစ်ကောင်စီဘက်ကတော့ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေကို သူတို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတိုင်းပဲ ဆက်သွားဖို့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောလေ့ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားရင်တောင်မှ မိတ်ဘက်နိုင်ငံတွေနဲ့ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောခဲ့တာပါ။

“လုပ်ငန်းတွေကတော့ ထိခိုက်စရာ မရှိပါဘူး။ သို့သော် အဲဒီလို ထွက်သွားတဲ့အတွက် အပြောင်းအလဲတွေတော့ လုပ်ရမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ လည်ပတ်လို့ ရပါတယ်။ ကျနော်တို့ချည်းပဲ လည်ပတ်လို့လည်း ရကောင်းရနိုင်တယ်၊ လည်ပတ်လို့မရဘူး၊ နည်းပညာအကူအညီ လိုတယ်ဆိုရင်လည်း ကူညီနိုင်မယ့် မိတ်ဘက်နိုင်ငံများနဲ့ အဖွဲ့အစည်းများ ရှိတယ်လို့ပဲ ပြောချင်ပါတယ်ဗျာ။”

တရုတ်အပါအဝင် အာရှနိုင်ငံအများစုနဲ့ ဖွဲ့စည်းထားတဲ့ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး RCEP မှာ မြန်မာနဲ့ ကုန်သွယ်မှာ မဟုတ်ဘူးလို့ နယူးဇီလန်နိုင်ငံက ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်း အကြမ်းဖက်မှုတွေ၊ ဒီမိုကရေစီကို ဆိတ်သုန်းအောင် လုပ်တာတွေကို နယူးဇီလန်က ထောက်ပြပြီး တခြားအဖွဲ့ဝင်နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ အသိပေးလိုက်တာပါ။ နယူးဇီလန်နည်းတူ ဖိလစ်ပိုင်နိုင်ငံကလည်း ဒီကုန်သွယ်မှုမှာ မြန်မာနဲ့ မဆက်ဆံဖို့ နောက်တရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားကာလအစိုးရ NUG နဲ့ စစ်ကောင်စီတို့ကြားမှာ သံတမန်နည်းလမ်းနဲ့ ချဉ်းကပ်စေ့စပ်ပေးဖို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းနေပါတယ်။ အာဆီယံနဲ့ မြန်မာကြားက ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေကို ကျော်လွှားအောင် လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဆီယံ စီးပွားရေးအသိုင်းအဝန်းမှာ ဝင်ဆန့်နိုင်ဖို့ဆိုရင် အာဆီယံရဲ့ သဘောထားကိုလည်း မြန်မာက လိုက်လျောပေးရမယ်လို့ စီးပွားရေး လေ့လာသူတွေက မြင်ပါတယ်။ တမ္ပဒီပအင်စတီကျုက ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်တဲ့ ပညာရှင်တဦးကတော့ မြန်မာနိုင်ငံအနေနဲ့ ရေရှည်မှာ စီးပွားရေး ကောင်းမွန်ဖို့ဆိုရင် ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ဖို့လိုတယ်လို့ ပြောပါတယ်။

“အာဆီယံက ရှေ့တန်းတင်ပြီးတော့ လုပ်နေတယ်ဆိုရင် အာဆီယံနဲ့ အနည်းဆုံးတော့ စီးပွားရေးဆက်ဆံမှုက ရှိရမယ်လေ။ ဒါမှမရှိနိုင်ဘူးဆိုရင် တိုင်းပြည်က တော်တော်လေးကို ခက်ခဲလိမ့်မယ်။ အခု (ကမ္ဘောဒီးယား) ဟွန်ဆန် မနှစ်က ဘရူနိုင်းနဲ့စာလို့ရှိရင် ကမ္ဘောဒီးယားက မြန်မာပြည်နဲ့ ပိုသင့်မြတ်မယ်လို့ ထင်ရတယ်ပေါ့လေ။ ကမ္ဘောဒီးယား ဥက္ကဋ္ဌဖြစ်နေတဲ့အချိန်မှ အာဆီယံကို အဆင်ပြေအောင် မဆက်ဆံနိုင်ဘူး ဆိုရင်တော့ ကိုယ့်ဘက်က ညံ့တာပဲ။ စီးပွားရေးကို ပြန်မကြည့်ဘူး၊ လူထုပြည်သူကို ပြန်မကြည့်ဘူး၊ တိုင်းပြည်ကို ပြန်မကြည့်ဘူး၊ ဆိုတော့ ဘာကျန်တော့လဲ၊ အဲဒါတော့ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။”

ပြည်တွင်းက တင်းမာမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဆီယံအဖွဲ့က လျှော့ချပေးနိုင်ဖို့ အမေရိကန် အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အနောက်နိုင်ငံကြီးတချို့က မျှော်လင့်ထားတာပါ။ အထူးသဖြင့် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်လျောလာဖို့ တွန်းအားပေးနေကြပါတယ်။ ဒါပေမယ့်လည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ အကန့်အသတ်နဲ့ပဲ ကြားဝင်နိုင်တဲ့ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ ဖြေရှင်းဖို့ ခက်နေပါတယ်။ အာဆီယံနိုင်ငံတွေကြားမှာလည်း မြန်မာ့အရေးအပေါ် သဘောထားတွေ မတူညီကြပါဘူး။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဖိတ်ကြားမှုနဲ့ အမေရိကန်-အာဆီယံ အထူးထိပ်သီး အစည်းအဝေးကို ဝါရှင်တန်ဒီစီမှာ မကြာခင်လပိုင်းအတွင်း ပြုလုပ်သွားဖို့ ရှိပါတယ်။ မနှစ်က အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအပြီး သမ္မတအိမ်ဖြူတော်ရဲ့ သီးခြားထုတ်ပြန်ချက်မှာတော့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံထားပြီး မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှု၊ အကြမ်းဖက်မှုတွေကို စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG