သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC အဖွဲ့ဝင်ဖြစ်ဖို့ အာမေးနီးယားဆုံးဖြတ်ချက် ရုရှားနဲ့ဆက်ဆံရေးထိခိုက်နိုင်


Russia Ukraine War Stolen Children
Russia Ukraine War Stolen Children

နိုင်ငံတကာတရားရုံး ICC ကိုဝင်ရောက်ဖို့ အာမေးနီးယားလွှတ်တော်က အင်္ဂါနေ့မှာ မဲခွဲအတည်ပြုလိုက်တဲ့အတွက် မဟာမိတ် ရုရှားနိုင်ငံနဲ့ဆက်ဆံရေးမှာ အစွန်းအထင်းတွေ ဖြစ်လာစေပါတယ်။

ယူကရိန်းနိုင်ငံထဲက ကလေးငယ်တွေကို ရုရှားနိုင်ငံဆီ ခေါ်ထုတ်သွားတဲ့ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်နေတဲ့အတွက်ဆိုပြီး ရုရှားသမ္မတ Vladimir Putin ကိုဖမ်းဆီးဖို့ ICC က ဒီနှစ်ဆန်းပိုင်းလောက်မှာပဲ အမိန့်ထုတ်ထားတာပါ။ ICC ကို ဝင်ဖို့ အာမေးနီးယားက ခုလိုဆုံးဖြတ်လိုက်တဲ့အတွက် အားနည်းလာနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ ရှေ့ဆက်ပိုပြီး ဆိုးလာမယ့်ပုံရှိနေပါတယ်။ ICC ကို ဝင်ရောက်ဖို့ အာမေးနီးယားအစိုးရရဲ့ဆောင်ရွက်ချက်ဟာ မိတ်ဆွေကောင်းမဆန်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ရုရှားနိုင်ငံက ပြီးခဲ့တဲ့လမှာပဲ ပြောဆိုထားပါတယ်။

နိုင်ငံတကာတရားရုံးရဲ့အုတ်မြစ်ဖြစ်တဲ့ Rome Statue သဘောတူညီချက်ကို လိုက်နာပါမယ်ဆိုပြီး လက်မှတ်ရေးထိုးထားကြတဲ့ နိုင်ငံတွေအနေနဲ့ သူတို့ နိုင်ငံပိုင်နယ်နိမိတ်ထဲ ရုရှားသမ္မတ ခြေချတာနဲ့ ဖမ်းဆီးပေးရမယ့် တာဝန်ရှိပါတယ်။ အာမေးနီးယား အစိုးရတာဝန်ရှိသူတွေကတော့ ICC ကို ဝင်ဖို့ ကြိုးပမ်းချက်ဟာ ရုရှားနိုင်ငံနဲ့ ဘာမှ မပတ်သက်သလို အဇာဘိုင်ဂျန်နိုင်ငံရဲ့ ရန်လိုတဲ့ အပြုအမူတွေကြောင့် ဖြစ်လာရတာပါလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG