သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကလေးငယ် အဓမ္မခေါ်ဆောင်ခံရမှုရပ်တန့်ဖို့ ရုရှားကို ကုလတောင်းဆို 


ယူကရိန်းနိုင်ငံ၊ ဒွန်းနက်စ်ဒေသထဲက မိဘမဲ့ဂေဟာက ကလေးများများ။ (ဇူလိုင် ၈၊ ၂၀၂၂)
ယူကရိန်းနိုင်ငံ၊ ဒွန်းနက်စ်ဒေသထဲက မိဘမဲ့ဂေဟာက ကလေးများများ။ (ဇူလိုင် ၈၊ ၂၀၂၂)

{{Zawgyi/Unicode}}

ရုရှားတို့ ထိန်းချုပ်ထားတဲ့နယ်မြေထဲကနေ အတင်းအကြပ်ခေါ်သွားခံရတဲ့ ယူကရိန်းကလေးငယ်တွေနဲ့ အခြားအရပ်သားတွေရဲ့ သတင်းအချက်အလက်တွေပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေနဲ့ အကာကွယ်ပေးရမယ့်သူတွေကို ယူကရိန်းနိုင်ငံတွင်းမှာ ဖြစ်စေ၊ ရုရှားနိုင်ငံကိုဖြစ်စေ တရားမဲ့ အတင်းအကြပ် ရွှေ့ပြောင်းပို့ဆောင်နေမှုတွေ ရပ်ပစ်ဖို့ ရုရှားအစိုးရကိုတောင်းဆိုထားတဲ့ မူကြမ်းတရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အတည်ပြုလိုက်ပါတယ်။

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံထဲက ၂၈ နိုင်ငံတို့က ဒီမူကြမ်းကို ထောက်ခံမဲပေးခဲ့ကြပြီး ၁၇ နိုင်ငံတို့က ကြားနေခဲ့သလို တရုတ်နဲ့ အီရီထရီးယားတို့က ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

အဖွဲ့အစည်းတခုက အကာအကွယ်ပေးထားတဲ့ ကလေးတွေအပါအဝင် အုပ်ချုပ်သူမရှိတဲ့ကလေးတွေ၊ မိဘတွေနဲ့ကွဲနေတဲ့ကလေးတွေကို အတင်းအကြပ်နေရပ်ပြောင်းတာမျိုးမလုပ်ဖို့ ဒီမူကြမ်းမှာ အထူးအလေးပေးဖော်ပြထားပါတယ်။

စစ်ဒဏ်သင့်နေတဲ့ ယူကရိန်းနိုင်ငံထဲက ထောင်နဲ့ချီတဲ့ကလေးတွေကို ရုရှားနိုင်ငံထဲ ဒါမှမဟုတ် ရုရှားတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲ ရုရှားတပ်ဖွဲ့တွေက ခေါ်ထုတ်သွားတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေပါတယ်။ သီတင်း ၆ ပတ်နီးပါးကျင်းပမယ့် ဂျနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဒီအရေး အဓိက ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိဆိုရင် ရုရှားတို့ခေါ်သွားတဲ့ ယူကရိကန်းကလေးငယ် ၁၆,၀၀၀ ရှိတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။

တရုတ်ကိုယ်စားလှယ် Li Xiaomei ကတော့ ဒီမူကြမ်းဟာ လူ့အခွင့်အရေးကိစ္စရပ်ကို အသုံးချထားတယ်ဆိုပြီး ဝေဖန်ပြောဆိုပါတယ်။ မီးလောင်ရာလေပင့်လုပ်မယ့်အစား ရုရှားနဲ့ယူကရိန်းတွေ့ဆုံဆွေးနွေးဖို့ ကုလလူ့အခွင့်အရေးကောင်စီက အားပေးထောက်ခံတာမျိုး ပိုဖြစ်သင့်တယ်လို့လည်း ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}








XS
SM
MD
LG