သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက နျူကလီယားတိုက်ခိုက်မှုပုံစံ စစ်ရေးလေ့ကျင့်


ပုံတူနျူကလီးယား တိုက်ခိုက်မှုပါဝင်တဲ့ ရုရှားစစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတခု။ (အောက်တိုဘာ ၂၅၊ ၂၀၂၃)
ပုံတူနျူကလီးယား တိုက်ခိုက်မှုပါဝင်တဲ့ ရုရှားစစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတခု။ (အောက်တိုဘာ ၂၅၊ ၂၀၂၃)

ရုရှားစစ်တပ်ဟာ ပုံတူနျူကလီးယား တိုက်ခိုက်မှုပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတခုကို ဗုဒ္ဓဟူးနေ့က လုပ်ခဲ့ပါတယ်။ ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြား ထုတ်လွှင့်ချက်ထဲမှာ ဒီစစ်ရေးလေ့ကျင့်မှုကို သမ္မတ ဗလာဒီမီယာပူတင်ကိုယ်တိုင် ဗွီဒီယိုခေါ်ဆိုမှုက တဆင့် ကြီးကြပ်ခဲ့ကြောင်း တွေ့မြင်ရပါတယ်။

ကမ္ဘာ့နျူကလီးယားစမ်းသပ်မှုတားမြစ်ချက်ကနေ ရုရှား အတည်ပြုထားတာကို နုတ်ထွက်ဖို့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် နာရီပိုင်းအကြာမှာ အခုလို နျူကလီးယား ဗုံးကြဲတိုက်ခိုက်လေ့ကျင့်မှု လုပ်ခဲ့တာပါ။ ဘက်စုံနျူကလီးယားစမ်းသပ်မှု တားမြစ်ရေး သဘောတူစာချုပ် အတည်ပြုချက်ကို ရပ်တန့်မယ့် ဥပဒေကြမ်းကို အရင်အပတ်တုန်းက ရုရှားအောက်လွှတ်တော်မှာလည်း အတည်ပြုထားပြီး ဖြစ်လို့ အခုဆိုရင် အပြီးသတ်အတည်ပြုချက်အတွက် သမ္မတပူတင်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ရပ်တည်ချက်က နျူကလီးယားစမ်းသပ်မှု တားမြစ်ချက်ကို လက်မှတ်ရေးထိုးထားပေမယ့် စမ်းသပ်မှုတွေ မလုပ်ဖို့ အတည်ပြုထားခြင်းမရှိတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ရောင်ပြန်ဟပ်ကြောင်း ပူတင်က ပြောပါတယ်။ ယူကရိန်း စစ်ပွဲကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်လာချိန်မှာ အခုလို နျူကလီးယား စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကတော့ စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က ရန်သူရဲ့ မဟာဗျူဟာမြောက် ထိုးစစ်ဆင်တဲ့ တပ်ဖွဲ့တွေနဲ့ နျူကလီးယား တိုက်ခိုက်မှုကြီးတွေကို ရုရှားဘက်က တုံ့ပြန်နိုင်ဖို့ လေ့ကျင့်တာလို့ ပြောပါတယ်။

အရင်လ အစောပိုင်းက ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်မှာတော့ ရုရှားအနေနဲ့ နျူကလီးယား စမ်းသပ်မှု တားမြစ်ချက်ကို ဆက်လက်လေးစားသွားမှာ ဖြစ်ပြီး အမေရိကန်ဘက်က နျူစမ်းသပ်တာတွေ မလုပ်မချင်း စမ်းသပ်မှုတွေကို ရုရှားဘက်က ပြန်လည်စတင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG