သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်က ဟူသီအဖွဲ့ကို တိုက်ခိုက်မှုအတွက် ရုရှား လုံခြုံရေးကောင်စီ အစည်းဝေးခေါ်


 ယီမင်မှာရှိတဲ့ ဟူသီသူပုန်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ မဟာမိတ်လေယာဉ်တစီး (ဇန်နဝါရီ ၁၂၊ ၂၀၂၄)
ယီမင်မှာရှိတဲ့ ဟူသီသူပုန်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ မဟာမိတ်လေယာဉ်တစီး (ဇန်နဝါရီ ၁၂၊ ၂၀၂၄)

ယီမင်မှာရှိတဲ့ ဟူသီသူပုန်ပစ်မှတ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံ တချို့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ရုရှားက ဒီကနေ့ တောင်းဆိုထားတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်းမစ်ရှင်အဖွဲ့က ပြောပါတယ်။

ဂါဇာမှာရှိတဲ့ ဟားမတ်စ် အကြမ်းဖက်တွေကို ထောက်ခံတဲ့ အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက လတ်တလောမှာလည်း ပင်လယ်နီ ဒေသတဝိုက် သင်္ဘောတွေကို တိုက်ခိုက်နေတာပါ။ ဂါဇာ ပဋိပက္ခ ပိုပြီးမကျယ်ပြန့်လာအောင်တားဆီးတဲ့အနေနဲ့ ယီမင်မှာရှိတဲ့ ဟူသီသူပုန်ပစ်မှတ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ မဟာမိတ်တွေက လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်ဦးဆောင်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေက တရားမျှတမှုမရှိဘူးလို့ ဟူသီသူပုန်အဖွဲ့ ပြောခွင့်ရက ပြောဆိုပြီး အစ္စရေးဘက် ဦးတည်သွားတဲ့ သင်္ဘောတွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG