သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဒရုန်း အများဆုံးနဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း ရုရှားနိုင်ငံ သတင်းထုတ်ပြန်


တိုက်ခိုက်ရေးသုံးဒရုန်းယာဉ် တပ်ဆင်နေတဲ့ ယူကရိန်းတပ်သားများကိုတွေ့ရစဉ် (ဩဂုတ် ၁၁၊ ၂၀၂၄)
တိုက်ခိုက်ရေးသုံးဒရုန်းယာဉ် တပ်ဆင်နေတဲ့ ယူကရိန်းတပ်သားများကိုတွေ့ရစဉ် (ဩဂုတ် ၁၁၊ ၂၀၂၄)

ရုရှား-ယူကရိန်း စစ်ပွဲစတင်တဲ့ ၂၀၂၂ ခုနှစ်ကစလို့ ရုရှားနိုင်ငံမြို့တော် မော်စကို ကို ယူကရိန်းက ဒရုန်း အများဆုံး သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပြီး မြို့တော်ကို ဦးတည်လာနေတဲ့ ဒရုန်း အားလုံးကို သူတို့ဘက်က ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။​

မနေ့ညက ဒရုန်း ၄၅ စင်း ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ မော်စကိုဒေသကို ဦးတည်လာနေတဲ့ ဒရုန်း ၁၁ စင်း ၊ Bryansk ဒေသမှာ ၂၃ စင်း ၊ Belgorod မှာ ၆ စင်း ၊​ Kaluga နဲ့ Kursk ဒေသတွေမှာ ၂ စင်း စီ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။​

ဒါဟာ မော်စကိုမြို့တော်ဒေသကို အကြီးမားဆုံး ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း မြို့တော်ဝန် Sergey Sobyanin က တယ်လီဂရမ် လူမှုကွန်ယက်မှာ ရေးပါတယ်။ ဒရုန်းယာဉ်တွေ ရည်မှန်းထားတဲ့ ပစ်မှတ်ကို မထိမှန်ခင် သူတို့ရဲ့ အင်အားကောင်းတဲ့ ခုခံ ကာကွယ်ရေးစနစ်နဲ့ ပစ်ချနိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။​

လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ဒရုန်းယာဉ်ကို ပစ်ချလိုက်တဲ့ပုံ မှတ်တမ်း ဗွီဒီယိုတွေ ရုရှား လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။​

ယူကရိန်းတို့က ရုရှားနိုင်ငံအနောက်ပိုင်း၊​ Kursk ဒေသအတွင်းကို ဆက်လက်ထိုးဖေါက် တိုက်ခိုက်နေတဲ့ တချိန်တည်းမှာ အခုလို ဒရုန်းတွေနဲ့ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG