သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီမှာ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကုန်တင်သင်္ဘောတစင်း ထိခိုက်ပျက်စီး


ဟူသီသူပုန်တွေ အဝေးထိန်းဒရုန်းနဲ့ ပစ်ခတ်ခံရတဲ့ ပင်လယ်နီထဲက သင်္ဘောတစင်း
ဟူသီသူပုန်တွေ အဝေးထိန်းဒရုန်းနဲ့ ပစ်ခတ်ခံရတဲ့ ပင်လယ်နီထဲက သင်္ဘောတစင်း

ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပစ်ခတ်တယ်လို့ ယူဆရတဲ့ အဝေးထိန်းဒရုန်း ပင်လယ်နီထဲက သင်္ဘောတစင်းကို ထိမှန်ခဲ့ပြီး ပျက်စီးမှုရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Dwight D. Eisenhower ၈ လကြာ တာဝန်ကုန်ဆုံးပြီး နေရပ်ပြန်ချိန်မှာပဲ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာပါ။

ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်နေသမျှ ဆက်လက်တိုက်ခိုက်မယ်လို့ ဟူသီသူပုန်တွေက ခြိမ်းခြောက်ထားပြီး၊ တိုက်ခိုက်မှုတွေကြောင့် အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပအတွက် အဓိကကျတဲ့ ရေကြောင်းလမ်းမှာ အသွားအလာတွေလည်း ကျဆင်းနေပါတယ်။

အခုနောက်ဆုံးတိုက်ခိုက်မှုဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ Hodeida ဆိပ်ကမ်းအနီး ကမ်းလွန်မှာ အရုဏ်ဦးအချိန်လောက်က ဖြစ်ပွားခဲ့ကြောင်း ဗြိတိန်စစ်တပ်ရဲ့ ရေကြောင်းကုန်သွယ်ရေးဌာနက ပြောပါတယ်။ ပစ်ခတ်ခံရမှုကြောင့် သင်္ဘော ထိခိုက်ပျက်စီးခဲ့ပေမဲ့ သင်္ဘောသားတွေကတော့ အန္တရာယ်မဖြစ်ခဲ့ဘူးလို့ သတင်းရကြောင်းလည်း ပြောပါတယ်။

ထိခိုက်ပျက်စီးမှု အတိုင်းအတာ အတိအကျ မပြောပေမဲ့ စုံစမ်းစစ်ဆေးနေကြောင်း ပြောခဲ့တာပါ။ တိုက်ခိုက်ခံခဲ့ရတဲ့ သင်္ဘောဟာ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် တရုတ်နိုင်ငံ Qingdao ကိုသွားမယ့် ကုန်တင်သင်္ဘောဖြစ်ကြောင်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ Ambrey ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG