သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုမှာ ရုရှားဗိုလ်ချုပ်ကိုလုပ်ကြံခဲ့ဟု ယူကရိန်းကြေညာ


ရုရှား စစ်တပ်ရဲ့ နျူးကလီးယား၊ ဇီဝနဲ့ ဓာတု ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Igor Kirillov သေဆုံးခဲ့အပြီးမြင်ကွင်း (ဒီဇင်ဘာ ၁၇၊ ၂၀၂၄)
ရုရှား စစ်တပ်ရဲ့ နျူးကလီးယား၊ ဇီဝနဲ့ ဓာတု ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Igor Kirillov သေဆုံးခဲ့အပြီးမြင်ကွင်း (ဒီဇင်ဘာ ၁၇၊ ၂၀၂၄)

ရုရှား နိုင်ငံ မြို့တော် မော်စကိုက လမ်းမပေါ်မှာ ရုရှား ဗိုလ်ချုပ်ကြီး တဦး လုပ်ကြံသတ်ဖြတ်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း ယူကရိန်းက အင်္ဂါနေ့မှာ ပြောပါတယ်။ မော်စကိုမြို့တော်က သူ့နေအိမ် အပြင်ဘက်မှာ စကူတာမှာ ဗုံးတပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း ရုရှား ဗိုလ်ချုပ်ကြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရုရှား စစ်တပ်ရဲ့ နျူးကလီးယား၊ ဇီဝနဲ့ ဓာတု ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Igor Kirillov ဟာ သူ့ရုံးကို အသွားမှာ လုပ်ကြံခံရတာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ထောက်လည်း သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ သုံးနှစ်နီးပါးကြာ ယူကရိန်း ကျူးကျော်စစ် အတွင်း သူ့လုပ်ရပ်တွေ အတွက် အသက် ၅၄ နှစ် အရွယ် Kirillov ကို ဗြိတိန်နဲ့ ကနေဒါ အပါအဝင် နိုင်ငံ အတော်များများက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာဘဲ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့ SBU က သူဟာ တားမြစ်ထားတဲ့ ဓာတု လက်နက်တွေ အသုံးပြုခိုင်းခဲ့တယ်လို့ စွပ်စွဲပြီး ရာဇဝတ်ကြောင်း အရ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ အခု တိုက်ခိုက်မှုကို သူတို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ယူကရိန်း SBU တပ်ဖွဲ့က ပြောခွင့်မရတဲ့ အတွက် အမည် မဖော်တဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။ Kirillov ဟာ စစ်ရာဝတ်မှု ကျူးလွန်သူ၊ နောက် ပစ်မှတ်ထား တိုက်ခိုက်ခွင့် ရှိသူအဖြစ်လည်း သူက ရည်ညွန်း ပြောဆိုပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ရုရှားတို့ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ချိန်ကစလို့ ရုရှားက စစ်မြေပြင်မှာ ဓာတု လက်နက် အသုံးပြုခဲ့တဲ့ အကြိမ်ရေ ၄,၈၀၀ ကျော် ရှိခဲ့ကြောင်းလည်း SBU က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG