သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုမြို့တော် ဗုံးပေါက်ကွဲမှုကြောင့် ရုရှားထိပ်တန်းတပ်မှူး သေဆုံး 

မော်စကိုမြို့ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ ျူကလီးယား၊ ဇီဝနဲ့ဓါတု ကာကွယ်ရေးတပ်ဖွဲ့၊ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Igor Kirllov နဲ့ အခြားတဦးတို့အခင်းဖြစ်ရာကို စစ်ဆေးစုံစမ်းနေသူများ။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၄)

ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ဒီကနေ့ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် နျူကလီးယား၊ ဇီဝနဲ့ဓါတု ကာကွယ်ရေးတပ်ဖွဲ့၊ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Igor Kirllov နဲ့ အခြားတဦးသေဆုံးသွားကြောင်း ရုရှားအာဏာပိုင်တွေက အတည်ပြုပါတယ်။တိုက်ခိုက်မှုဟာ ယူကရိန်းလက်ချက် ဖြစ်တယ်လို့လည်း ယူကရိန်း SBU တပ်ဖွဲ့ကို ကိုးကားပြီး Reuters နဲ့ AFP သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဒီကနေ့ ရုရှားမှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တဲ့ နျူကလီးယား၊ ဇီဝနဲ့ဓါတု ကာကွယ်ရေးတပ်ဖွဲ့၊ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Igor Kirllov
ဒီကနေ့ ရုရှားမှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တဲ့ နျူကလီးယား၊ ဇီဝနဲ့ဓါတု ကာကွယ်ရေးတပ်ဖွဲ့၊ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Igor Kirllov

ဒုဗိုလ်ချုပ်ကြီး Igor Kirllov နဲ့ လက်ထောက်ဟာ လူနေတိုက်ခန်းတွဲတခုကနေ လမ်းပေါ်ကိုထွက်လာစဉ် အနီးအနားမှာရပ်ထားတဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်မှာထောင်ထားတဲ့ ဗုံးပေါက်ကွဲခဲ့တာကြောင့် သေဆုံးသွားခဲ့တာလို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကထုတ်ပြန်ပါတယ်။ ၃ နှစ်ကြာ ယူကရိန်းအပေါ် ကျူးကျော်စစ်အတွင်း ရုရှားတပ်တွေ ဓာတုလက်နက် အသုံးပြုမှုနဲ့ ဆက်နွယ်ပြီး သေဆုံးသူ ဒုဗိုလ်ချုပ်ကြီးကို ယူကရိန်းအစိုးရကတရားစွဲဆိုပြီး နောက်တနေ့မှာ ဗုံးပေါက်ကွဲမှုဖြစ် ခဲ့တာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလထဲတုန်းကလည်း ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်တွေ ဓါတုလက်နက် အသုံးပြုတိုက်ခိုက်နိုင်အောင် စီစဉ်ခဲ့မှုနဲ့ ဒုဗိုလ်ချုပ်ကြီး Kirllov ကို ဗြိတိန်က ဒဏ်ခတ်အရေးယူခဲ့ ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG