သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံတွင်းတိုက်ခိုက်မှု လက်နက်သိုလှောင်ရုံများထိမှန်ဟု ယူကရိန်းထုတ်ပြန်


ဟောင်ဝစ်ဆာအမြှောက်ပစ်ခတ်နေတဲ့ ယူကရိန်းရှေ့တန်းရောက်စစ်သားတဦး (နိုဝင်ဘာ ၁၈၊ ၂၀၂၄)
ဟောင်ဝစ်ဆာအမြှောက်ပစ်ခတ်နေတဲ့ ယူကရိန်းရှေ့တန်းရောက်စစ်သားတဦး (နိုဝင်ဘာ ၁၈၊ ၂၀၂၄)

ရုရှား နိုင်ငံ Bryansk ဒေသတွင်းကို အာရုံဦး တိုက်ခိုက်မှု အတွင်း လက်နက် သိုလှောင်ရုံတွေကို ထိမှန်ခဲ့ကြောင်း ယူကရိန်းက အင်္ဂါနေ့မှာ ပြောပါတယ်။ အမေရိကန်ရဲ့ တာဝေးပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေ ချထားမှု နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် နှစ်ဘက်စလုံးက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောဆိုလာတာ ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှား တိုက်ခိုက်မှု ရက်ပေါင်း ၁,၀၀၀ ပြည့်လာချိန်မှာဘဲ အမေရိကန် သမ္မတ Joe Biden က အမေရိကန် မူဝါဒကို ပြောင်းလဲလိုက်ပြီး တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုခွင့် ပေးလိုက်ပြီး ၂ ရက် အကြာမှာဘဲ ရုရှားနဲ့ ယူကရိန်းနှစ်ဘက်စလုံးက တိုက်ခိုက်မှု သက်ရောက်မှု အတိုင်းအတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ယူကရိန်း တပ်တွေရဲ့ မနေ့ညက အမေရိကန်ထုတ် ATACMS ဗျူဟာမြောက် ဒုံးကျည် ၆ စင်းနဲ့ တိုက်ခိုက်မှု အတွင်း Bryansk က အဆောက်အအုံ တခုကို ထိမှန်ခဲ့ကြောင်း၊ ဒါပေမဲ့ ဒုံးကျည် ၅ လုံးကို ရုရှားတပ်တွေက ပစ်ချခဲ့ပြီး ကျန်တဲ့ ဒုံးကျည် တစင်းကိုလည်း ဖျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပေါက်ကွဲသွားတဲ့ ဒုံးကျည်တွေထဲက အပျက်အစီးတွေကြောင့် စစ်တပ် အဆောက်အအုံ မီးကူးလောင်ခဲ့တာ ဖြစ်ပြီး ထိခိုက် သေဆုံးမှုမရှိဘူးလို့လည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ် အဖွဲ့ရဲ့ Facebook စာမျက်နှာမှာတော့ သူတို့ တိုက်ခိုက်မှုကြောင့် Bryansk မှာ ရှိတဲ့ ရုရှား စစ်တပ်ရဲ့ လက်နက် သိုလှောင်ရုံတွေ မီးလောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်ထုတ် ATACMS ဗျူဟာမြောက် ဒုံးကျည် စနစ်တွေ သုံးခဲ့သလားဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG