သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝေးပစ်လက်နက်အသုံးပြုဖို့ ယူကရိန်းကို ကန်သမ္မတခွင့်ပြု

Russia Ukraine War Long Range
Russia Ukraine War Long Range

အမေရိကန်တို့ ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးလက်နက်တွေနဲ့ ရုရှားနိုင်ငံတွင်း ပစ်ခတ်တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ပထမဆုံး ခွင့်ပြုလိုက်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အေပီသတင်းဌာနကို ပြောပါတယ်။

သမ္မတသက်တမ်းပြီးဆုံးဖို့း နီးကပ်လာတဲ့အချိန်မှာပဲ သမ္မတ ဘိုင်ဒန်က ခုလိုဆုံးဖြတ်လိုက်တဲ့အတွက် ဒါဟာ အမေရိကန်ရဲ့ ကြီးမားတဲ့မူဝါဒအပြောင်းအလဲတရပ်လည်းဖြစ်ပါတယ်။ ရွေးကောက်ခံသမ္မတ Donald Trump ကတော့ ယူကရိန်းအတွက် အမေရိကန်ကပေးအပ်နေတဲ့ စစ်လက်နက်တွေကို ကန့်သတ်ပြီး ရုရှား ယူကရိန်းစစ်ပွဲကို အမြန်ဆုံးရပ်အောင်လုပ်မယ်လို့ ကတိပြုပြောဆိုထားတာဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ကို အားပေးထောက်ခံတဲ့အနေနဲ့ မြောက်ကိုရီးယားက သူ့ရဲ့စစ်ဖက်တပ်ဖွဲ့ဝင် ထောင်နဲ့ချီကို ရုရှားဖက်က ကူတိုက်ဖို့ ပို့ပေးထားတာပါ။ အမေရိကန်ရဲ့ တာဝေးပစ်ဒုံးလက်နက်တွေကို အဲဒီအတွက် အသုံးချမယ့်ပုံရှိတယ်လို့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ လူသိရှင်ကြားပြောဆိုခွင့်ပြုမထားတဲ့အတွက် နီးစပ်တဲ့သတင်းရင်းမြစ်တွေက နာမည်မဖော်ပဲ ခုလိုရေးသားကြတာဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG