သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရောက် မြောက်ကိုရီယားတပ်တွေပြန်ရုတ်ဖို့ တောင်ကိုရီးယားနဲ့အီးယူတောင်းဆို


အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul တို့တွေ့ဆုံနေစဉ် (နိုဝင်ဘာ ၄၊ ၂၀၂၄)
အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul တို့တွေ့ဆုံနေစဉ် (နိုဝင်ဘာ ၄၊ ၂၀၂၄)

ရုရှားကို လက်နက်တွေ ကူညီ ထောက်ပံ့ပေးနေတဲ့ အတွက် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားနဲ့ EU ဥရောပသမဂ္ဂ တို့က ပူးတွဲ ရှုတ်ချလိုက်ကြပြီး ယူကရိန်းကို တိုက်နေတဲ့ ရုရှားကို စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့တွေကိုလည်း ပြန်ရုတ်သိမ်းဖို့ တောင်းဆိုလိုက် ပါတယ်။

ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့တွေ စေလွှတ်ခဲ့တာနဲ့ပတ်သက်လို့ အထူး စိုးရိမ်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပြီး မကြာခင်မှာပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ အီးယူနဲ့ တောင်ကိုရီးယား အရာရှိတွေ ဆိုးလ်မြို့တော်မှာ ပထမဆုံးအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံမှာ တနင်္လာနေ့က ကျင်းပတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul တို့က ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေ ဥပဒေမဲ့ ပေးပို့နေတာကို ရှုတ်ချပြီး ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်ဖို့နဲ့ ရုရှားကို စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြတာပါ။

ဆိုးလ်မြို့တော်ကို ရောက်နေတဲ့ အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Yong-hyun နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆိုက်ဘာ လုံခြုံရေး၊ ကမ္ဘာ့ငြိမ်းချမ်ရေးအတွက် စစ်လက်နက်နဲ့ စစ်သည်အရေအတွက် လျှော့ချရေး အပါအဝင် အကြောင်းအရာ ၁၅ ခုမှာ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားဖို့ သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG