သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရုရှားနိုင်ငံသွားရောက်


ရုရှားနိုင်ငံဆီ တရားဝင်ခရီးစဉ်မစတင်မီ မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui (အလယ်) (အောက်တိုဘာ ၂၉၊ ၂၀၂၄)
ရုရှားနိုင်ငံဆီ တရားဝင်ခရီးစဉ်မစတင်မီ မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui (အလယ်) (အောက်တိုဘာ ၂၉၊ ၂၀၂၄)

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကို ရုရှားနိုင်ငံ စေလွှတ်လိုက်ကြောင်း မြောက်ကိုရီးယားက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ထောင်နဲ့ချီ စစ်ကူပို့ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ရန်ဖက်တောင်ကိုရီးယားနဲ့ မဟာမိတ် အနောက်နိုင်ငံတွေက စိုးရိမ်နေချိန်မှာပဲ မြောက်ကိုရီးယားက ထိပ်တန်းသံတမန် စေလွှတ်လိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကပဲ ရုရှားနိုင်ငံကို ထွက်ခွာသွားကြောင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်း အေဂျင်စီက ပြောဆိုခဲ့ပေမဲ့ သွားရောက်တဲ့ အကြောင်းရင်းကိုတော့ မပြောပါဘူး။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟာ ရုရှားကိုနောက်ထပ် မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်ဖို့နဲ့ အပြန်အလှန်အနေနဲ့ ပြန်ရနိုင်မယ့် ကိစ္စတွေကို ရုရှားအဆင့်မြင့်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်တယ်လို့ တောင်ကိုရီးယား လွှတ်တော်က တံခါးပိတ် အစည်းအဝေးအတွင်း တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနက တင်ပြခဲ့ကြောင်း အစည်းအဝေးတက်ခဲ့တဲ့ လွှတ်တော်အမတ်တယောက်က ပြောပါတယ်။ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် တသောင်းလောက် စေလွှတ်ထားပြီး ရှေ့ လာမယ့် သီတင်းပတ်တွေမှာ ယူကရိန်းနဲ့ ရှေ့တန်းစစ်မျက်နှာကို ပို့လိမ့်မယ်လို့ ခန့်မှန်းရကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောဆိုအပြီးမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုကြောင့် ယူကရိန်းနဲ့စစ်ပွဲ ပိုမိုတာရှည်နိုင်သလို၊ အပြန်အလှန်အနေနဲ့ ရုရှားရဲ့ အကူအညီတွေကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးခြိမ်းခြောက်မှုတွေ ပိုမိုကြီးထွားလာမှာကို တောင်ကိုရီးယားနဲ့ အနောက်မဟာမိတ်နိုင်ငံတွေ စိုးရိမ်နေကြပါတယ်။

Forum

XS
SM
MD
LG