သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားတပ်သား ရုရှားစေလွှတ်မှု သမ္မတပူတင် မငြင်း

မြောက်ကိုရီးယားစစ်သားတွေ တပ်မတော်စစ်ရေးပြအခမ်းအနားကျင်းပနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
မြောက်ကိုရီးယားစစ်သားတွေ တပ်မတော်စစ်ရေးပြအခမ်းအနားကျင်းပနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

မြောက်ကိုရီးယားက တပ်သား ၃,၀၀၀ ရုရှားကို စေလွှတ်ထားတယ်လို့ အမေရိကန်ရဲ့ ပြောကြားချက်ကို ရုရှားသမ္မတVladimir Putin က မငြင်းပါဘူး။ ဒါပေမယ့် ဒီတပ်သားတွေကို ယူကရိန်းစစ်မြေပြင်ကို စေလွှတ်ဖို့အပါအဝင် ဘယ်လိုတာဝန်ချမယ်ဆိုတာကိုတော့ ရုရှားအစိုးရကဆုံးဖြတ်မှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားတပ်သားတွေကို အောက်တိုဘာအစောပိုင်းမှာ ရုရှားကိုစေလွှတ်ခဲ့ပြီး သူတို့ကို ရုရှားရဲ့ လေ့ကျင့်ရေးစခန်းအများအပြားကို ပို့ဆောင်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ တာပါ။ ဒီတပ်သားတွေကို၃၂ လကြာနေပြီဖြစ်တဲ့ ယူကရိန်းနဲ့တိုက်ပွဲတွေဖြစ်ပွါးရာ ရှေ့တန်းစစ်မျက်နှာ ကို ရုရှားတပ်တွေနဲ့အတူတွဲပြီး တိုက်ခိုက်ဖို့စေလွှတ်မယ်ဆိုရင် တိုက်ပွဲအရှိန်အတော်မြင့်မား လာနိုင်တာကို အမေရိကန်က စိုးရိမ်ကြောင်းပြောပါတယ်။

သမ္မတပူတင်ကလည်း NATO မဟာမိတ်အဖွဲ့က ယူကရိန်းဘက်ကနေ ရုရှားကိုကူပြီးတိုက်ဖို့ အရာရှိတွေ၊ နည်းပြတွေစေလွှတ်ပြီး ယူကရိန်းစစ်ပွဲ အရှိန်မြင့်အောင်လုပ်ခဲ့ကြောင်းနဲ့ ဥရောပရဲ့ ဘယ် NATO အဖွဲ့ဝင်နိုင်ငံတွေ ယူကရိန်းမှာရှိနေတယ်၊ သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို ရုရှားက သိကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ရုရှားဟာ မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးဆိုင်ရာမှာ ၂ နိုင်ငံ အပြန်အလှန်အကူအညီပေးဖို့ သဘောတူစာချုပ် ချုပ်ဆိုထားကြောင်းလည်းသမ္မတ Putin က ပြောပါတယ်။

သမ္မတပူတင်ရဲ့ ဇွန်လ မြောက်ကိုရီးယားခရီးစဉ်အတွင်း Kim Jong Un နဲ့ ပြီးပြည့်စုံတဲ့ မဟာဗျူဟာ မြောက်မဟာမိတ်အဖြစ် လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ကို ရုရှားအောက်လွှတ်တော်က အတည်ပြုပေးခဲ့တဲ့နောက် သမ္မတက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အထက်လွှတ်တော် ကလည်း မကြာခင်မှာပဲ အတည်ပြုပေးဖို့ ရှိနေတာပါ။ ဒီသဘောတူညီချက်အရ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား တနိုင်ငံကအတိုက်ခိုက်ခံရရင် စစ်ရေးအကူအညီ ချက်ချင်းပေးအပ်ဖို့ ပါရှိပါတယ်။

 မြောက်ကိုရီးယားတပ်သား ရုရှားစေလွှတ်မှု သမ္မတပူတင် မငြင်း
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG