သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေနံချက်လုပ်ငန်းတွေကို ယူကရိန်းတိုက်ခိုက် 


 Ryazan ဒေသရုရှားရေနံလုပ်ငန်းကို ယူကရိန်းတိုက်ခိုက်အပြီးမြင်တွေ့ရပုံ (မတ် ၁၃၊ ၂၀၂၄)
Ryazan ဒေသရုရှားရေနံလုပ်ငန်းကို ယူကရိန်းတိုက်ခိုက်အပြီးမြင်တွေ့ရပုံ (မတ် ၁၃၊ ၂၀၂၄)


ရုရှားရေနံချက်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ယူကရိန်းက ဒီကနေ့ အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်မှုအတွင်း Ryazan ဒေသမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ကနဦးအစီရင်ခံစာတွေအရ တိုက်ခိုက်ခံရမှုကြောင့် ရေနံချက်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း Ryazan ဒေသ အုပ်ချုပ်ရေးမှူး Pavel Malkov ကပြောပါတယ်။

Ryazan ဒေသရုရှားရေနံလုပ်ငန်းကို ယူကရိန်းတိုက်ခိုက်အပြီးမြင်တွေ့ရပုံ (မတ် ၁၃၊ ၂၀၂၄)
Ryazan ဒေသရုရှားရေနံလုပ်ငန်းကို ယူကရိန်းတိုက်ခိုက်အပြီးမြင်တွေ့ရပုံ (မတ် ၁၃၊ ၂၀၂၄)

Leningrad ဒေသ အာဏာပိုင်တွေကတော့ ရေနံချက်စက်ရုံတခုကို ချဉ်းကပ်လာတဲ့ ယူကရိန်းဒရုန်းတခုကို ရုရှားလေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ပြောခဲ့တာပါ။ ဒီနေ့နဲ့ဆိုရင် ရုရှားနယ်မြေတွေမှာ ယူကရိန်းက ဒရုန်းတွေနဲ့ စစ်ဆင်နေတာ ၂ ရက်ဆက်တိုက် ရှိသွားပါပြီ။

ယူကရိန်းနဲ့နယ်စပ် ရုရှားနိုင်ငံ Voronezh ဒေသ အုပ်ချုပ်ရေးမှူး Alexander Gusev ကလည်း လေကြောင်းရန် ကာကွယ်ရေးက ယူကရိန်းဒရုန်း ၃၀ ကျော်ကို ညဖက်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မနေ့တုန်းကလည်း ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ရုရှားစွမ်းအင်လုပ်ငန်း ၂ ခု ထိခိုက်ပျက်စီးခဲ့တာပါ။ ယူကရိန်းအစိုးရ တာဝန်ရှိသူတွေကတော့ Kryvyi Rih မြို့လယ်က အရပ်ဖက်အဆောက်အဦးတခုကို မနေ့တုန်းက ရုရှားမစ်ဇိုင်းဒုံး ထိမှန်မှုကြောင့် ၃ ဦးထက်မနည်း သေဆုံးပြီး၊ အနည်းဆုံး ၃၈ ယောက် ဒဏ်ရာရခဲ့ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG