သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့စေ့စပ်ရေး ပုပ်ရဟန်းမင်းတိုက်တွန်းချက် ယူကရိန်းဝေဖန်တုံ့ပြန်


ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba

ယူကရိန်းအနေနဲ့ "အလံဖြူပြဖို့သတ္တိအင်အားရှိရမယ်" ဆိုပြီး ရုရှားနဲ့ စေ့စပ်ညှိနှိုင်းဖို့ ပုပ်ရဟန်းမင်းကြီး Francis က မှတ်ချက်ပေးခဲ့တဲ့အပေါ် ယူကရိန်းဘက်က တုံ့ပြန်ဝေဖန်ပါတယ်။

"ယူကရိန်းအလံတော်ဟာ အဝါရောင်နဲ့အပြာရောင်ဖြစ်ပြီး ဒီအလံနဲ့ပဲ ရှင်သန်မယ်၊ သေဆုံးမယ်၊ အောင်ပွဲရယူမယ်၊ ယူကရိန်းမှာ တခြားအလံ လွှင့်စရာမရှိဘူး"လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က လူမှုကွန်ရက် ပေါ်မှာ တုံ့ပြန်ခဲ့ပြီး "ဘယ်တော့မှ လက်နက်ချမှာမဟုတ်ဘူး" လို့ ကြုံးဝါးလိုက်တာပါ။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ကောင်းမွန်တဲ့ဘက်မှာ ရပ်တည်ပြီး
စေ့စပ်ညှိနှိုင်းရေးလို့ခေါ်တဲ့ တခြားတဘက်မှာ မရပ်ဖို့လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းရေးသားပါတယ်။

"ငြိမ်းချမ်းရေးအတွက် စဉ်ဆက်မပြတ်ဆုမွန်တောင်းပေးတဲ့အတွက် ကျေးဇူးတင်ပြီး ပုပ်ရဟန်းမင်းကြီးအနေနဲ့ ယူကရိန်းကိုလာရောက်လည်ပတ်ဖို့ မျှော်လင့်ပါတယ်" လို့လည်း ဆိုပါတယ်။ ဗာတီကန် ပြောခွင့်ရသူကဖြေရှင်းရာမှာတော့ 'ပုပ်ရဟန်းမင်းကြီးအနေနဲ့ပြောဆိုမှုဟာ ယူကရိန်းတို့ လက်နက်ချဖို့ဆိုတာ မဟုတ်ဘဲ ရန်လိုမုန်းတီးမှုတွေကိုရပ်စဲပြီး အပစ်အခတ်ရပ်ဖို့ စေ့စပ်ညှိနှိုင်းရဲတဲ့ သတ္တိကို တိုက်တွန်းတာပါ' လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ဆွစ်ဇာလန်သတင်းဌာနတခုလို ပြီးခဲ့တဲ့လမေးမြန်းခန်းအတွင်း မေးမြန်းသူက ယူကရိန်းကမကထလုပ်တဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုကိုရည်ညွှန်းပြီး အလံဖြူဆိုတဲ့ သုံးနှုန်းထားတာကို ပုပ်ရဟန်းမင်းကြီးက တုံ့ပြန်မှတ်ချက်ပေးခဲ့တာလို့ ဗာတီကန်ပြောခွင့်ရသူက ရှင်းပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG