သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလံဖြူထောင် စေ့စပ်ညှိနှိုင်းရဲတဲ့ သတ္တိရှိဖို့ ယူကရိန်းကို ပုပ်ရဟန်းမင်းကြီးတိုက်တွန်း


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

ရုရှားရဲ့ ကျုးကျော်မှုကြောင့် လူပေါင်းထောင်သောင်းချီ သေဆုံးရတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင် ယူကရိန်းအနေနဲ့ စေ့စပ်ညှိနှိုင်းရဲတဲ့ သတ္တိရှိဖို့လိုကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားလိုက်ပါတယ်။

အင်အားအကောင်းဆုံးသူဆိုတာဟာ အခြေအနေကို သုံးသပ်၊ ပြည်သူတွေအတွက် စဉ်းစားပြီး စေ့စပ်ညှိနှိုင်းနိုင်အောင် အလံဖြူထောင်ရဲတဲ့ သတ္တိရှိဖို့လိုကြောင်း ပုပ်ရဟန်းမင်းကြီး Francis က ဆွစ်ဇာလန် ရုပ်သံဌာနဖြစ်တဲ့ RSI က မတ်လ ၂၀ ရက်နေ့ အပြည့်အစုံထုတ်လွှင့်မယ့် မေးမြန်းခန်းမှာ မိန့်ကြားခဲ့တာပါ။

စေ့စပ်ညှိနှိုင်းမှုဆိုတာဟာ သတ္တိရှိတဲ့ စကားလုံးဖြစ်ပြီး၊ အရေးနိမ့်တဲ့ အခြေအနေမျိုးမှာ စေ့စပ်ညှိနှိုင်းတာဟာ ရှက်စရာလုပ်ရပ် မဟုတ်ကြောင်းလည်း တိုက်တွန်းခဲ့တာပါ။ အညံ့ခံတဲ့ သင်္ကေတအဖြစ် အလံဖြူထောင်ဖို့ဆိုတဲ့ စကားလုံးကိုတော့ သတင်းထောက်က မေးမြန်းရာမှာ ထည့်သွင်းပြောဆိုခဲ့တဲ့အပေါ် ပုပ်ရဟန်းမင်းကြီးက ပြန်လည်ဖြေကြားရာမှာ သုံးနှုန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်လို့ စေ့စပ်ညှိနှိုင်းဖို့ အရင်ကလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ဖူးပေမဲ့ အခုလို အလံဖြူထောင်ဖို့ အညံ့ခံဖို့ဆိုတာမျိုး သုံးနှုန်းတာတော့ မရှိခဲ့ဖူးပါဘူး။ ၂ နှစ်ကြာ ရုရှားကျုးကျော်စစ် အဆုံးသတ်ရေး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် အီတလီရဟန်းအမတ် Matteo Zuppi ကိုလည်း ယူကရိန်း၊ ရုရှားနဲ့ အမေရိကန်တို့ကို ပြီးခဲ့တဲ့နှစ်မှာ ပုပ်ရဟန်းမင်းကြီးက စေလွှတ်ခဲ့ဖူးပါတယ်။

Forum

XS
SM
MD
LG