သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံ


အီတလီနိုင်ငံ၊ ဗာတီကန်ကျောင်းတော်ကိုရောက်နေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံပြီး ယူကရိန်းအရေး ဆွေးနွေးစဥ်. (မေ ၁၃၊ ၂၀၂၃)
အီတလီနိုင်ငံ၊ ဗာတီကန်ကျောင်းတော်ကိုရောက်နေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံပြီး ယူကရိန်းအရေး ဆွေးနွေးစဥ်. (မေ ၁၃၊ ၂၀၂၃)

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို အီတလီနိုင်ငံက ဗာတီကန်ကျောင်းတော်မှာ စနေနေ့က သွားရောက်တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ စစ်ဒဏ်ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပုဒ်ရဟန်းမင်းနဲ့တွေ့ဆုံရတာဟာ အလွန်ကိုလေးစားဂုဏ်ယူစရာကောင်းပါတယ်လို့ သမ္မတ ဇာလန်းစကီးကပြောခဲ့သလို ပုပ်ရဟန်းမင်းကြီးကလည်း အခုလိုလာရောက်တွေ့ဆုံတာကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတကိုပြန်လည်ပြောဆိုခဲ့ပါတယ်။

မိနစ် ၄၀ ကြာ တွေ့ဆုံဆွေးနွေးမှုအတွင်း ယူကရိန်းမှာ စစ်ကြောင့်ဖြစ်ပေါ်လာရတဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေနဲ့ နိုင်ငံရေးအခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ဗာတီကန်ကျောင်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလကတည်းကစတင်ပြီး ပုပ်ရဟန်းမင်းကြီးအနေနဲ့ ယူကရိန်းအရေး လူသိရှင်ကြား ထုတ်ဖေါ်မေတ္တာရပ်ခံခဲ့တာတွေအပါအဝင် ငြိမ်းချမ်းရေးအတွက် ဘုရားသခင်ထံမှာ အဆက်မပြတ် ဆုတောင်းခဲ့တယ်လို့လည်း ဗာတီကန်က ပြောဆိုထားပါတယ်။

ယူကရိန်းပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ အထောက်အကူတွေပေးဖို့ ပုပ်ရဟန်းမင်းကြီးနဲ့ ယူကရိန်းသမ္မတတို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါ့ပြင်ပဋိပက္ခအတွင်း အပြစ်မဲ့ဒုက္ခခံစားရသူတွေ၊ ထိခိုက်လွယ်သူတွေအတွက်အရေးပေါ် အကူအညီတွေ အလျင်အမြန်ပေးအပ်နိုင်ဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက အလေးထား ဆွေးနွေးခဲ့တယ်လို့ ဗာတီကန်ကျောင်းတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းသမ္မတ Zelenskyy ဟာ စနေနေ့မှာ အီတလီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ သမ္မတ Zelenskyy ဟာ အီတလီကနေဂျာမနီကိုခရီးဆက်မှာဖြစ်ပြီး သူမသွားခင်မှာပဲ ဂျာမနီက ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေပေးမယ်လို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG