သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္ၿငိမ္းခ်မ္းေရးရဖို႔ ပုပ္ရဟန္းမင္းႀကီး ဆုေတာင္း


ပုပ္ရဟန္းမင္းႀကီး Francis

ျမန္မာႏိုင္ငံအပါအဝင္ ယူကရိန္းနဲ႔ ကင္မ႐ြန္းႏိုင္ငံေတြမွာ ၿငိမ္းခ်မ္းေရးရဖို႔ ဆုေတာင္းတယ္လို႔ ပုပ္ရဟန္းမင္းႀကီး ဖရန႔္စစ္က ဒီေန႔ေျပာၾကားလိုက္ပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ အီတလီႏိုင္ငံေတာင္ပိုင္းကို ဒီေန႔သြားေရာက္ခဲ့စဥ္အတြင္း အဲဒီလိုဆုေတာင္းခဲ့တာျဖစ္ၿပီး၊ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အခုလို ေျပာၾကားခဲ့ပါတယ္။

“ကမာၻေပၚက ျပႆနာေတြအမ်ားအျပားကို စဥ္းစားတဲ့အခါမွာ ျမန္မာႏိုင္ငံအေၾကာင္းကိုလည္း စဥ္းစားမိပါတယ္။ ဒီေလာက္ ျမင့္ျမတ္ၿပီး ခ်စ္စရာေကာင္းတဲ့ ႏိုင္ငံဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ကာလအတြင္း ဆိုး႐ြားတဲ့ လက္နက္ကိုင္ပဋိပကၡေတြနဲ႔ အၾကမ္းဖက္မႈဒဏ္ေတြကို ခံခဲ့ရၿပီး၊ အေတာ္မ်ားမ်ားလည္း ထိခိုက္ေသဆုံးၿပီးေတာ့ အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ရပါတယ္။ အခုတပတ္မွာလည္း စာသင္ေက်ာင္းကို ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ ကေလးငယ္ေတြ ေသဆုံးခဲ့ရတာနဲ႔ ပတ္သက္ၿပီးလည္း ၾကားခဲ့ရပါတယ္။ အခုဆိုရင္ ေက်ာင္းေတြကို ပစ္ခတ္တိုက္ခိုက္ဗုံးႀကဲတာေတြဟာ ေခတ္ေရစီးေၾကာင္းတခုလို ျဖစ္လာေနၿပီး၊ ဒီကေလးငယ္ေတြရဲ႕ ငိုသံေတြကို ၾကားၾကပါေစ၊ ဒီလိုအျဖစ္ဆိုးမ်ိဳးေတြ ျဖစ္ဖို႔မလိုအပ္ဘူးလို႔” ပုပ္ရဟန္းမင္းႀကီးက ေျပာၾကားသြားတာပါ။

ၿပီးခဲ့တဲ့သီတင္းပတ္က စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက လက္ယက္ကုန္းေက်း႐ြာကို စစ္ေကာင္စီဘက္က ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင့္ ဘုန္းႀကီးေက်ာင္းမွာ စာသင္ေနတဲ့ ကေလးငယ္ေတြအမ်ားအျပား ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ ဖရန္စစ္ဟာ ျမန္မာႏိုင္ငံကို ၂၀၁၇ ခုႏွစ္ကလာေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ မၾကာခဏဆိုသလို ထုတ္ေဖာ္ေျပာဆိုတာေတြ ဝတ္ျပဳဆုေတာင္းတာေတြ လုပ္ေလ့ရွိတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လတုန္းကေတာ့ ျမန္မာႏိုင္ငံမွာ ပဋိပကၡေတြၾကား ျပည္သူေတြရဲ ႔ အသက္အိုးအိမ္စည္စိမ္းေတြ ဆုံးရႈံးေနရတာေၾကာင့္ ျမန္မာျပည္သူေတြ လူ႔ဂုဏ္သိကၡာနဲ႔ အသက္ရွင္ရပ္တည္ခြင့္ကို ေလးစားဖို႔ တိုက္တြန္းခဲ့ပါေသးတယ္။

=== Unicode ====

မြန်မာနိုင်ငံအပါအဝင် ယူကရိန်းနဲ့ ကင်မရွန်းနိုင်ငံတွေမှာ ငြိမ်းချမ်းရေးရဖို့ ဆုတောင်းတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီနေ့ပြောကြားလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အီတလီနိုင်ငံတောင်ပိုင်းကို ဒီနေ့သွားရောက်ခဲ့စဉ်အတွင်း အဲဒီလိုဆုတောင်းခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

“ကမ္ဘာပေါ်က ပြဿနာတွေအများအပြားကို စဉ်းစားတဲ့အခါမှာ မြန်မာနိုင်ငံအကြောင်းကိုလည်း စဉ်းစားမိပါတယ်။ ဒီလောက် မြင့်မြတ်ပြီး ချစ်စရာကောင်းတဲ့ နိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ဆိုးရွားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုဒဏ်တွေကို ခံခဲ့ရပြီး၊ အတော်များများလည်း ထိခိုက်သေဆုံးပြီးတော့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ အခုတပတ်မှာလည်း စာသင်ကျောင်းကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ကြားခဲ့ရပါတယ်။ အခုဆိုရင် ကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်ဗုံးကြဲတာတွေဟာ ခေတ်ရေစီးကြောင်းတခုလို ဖြစ်လာနေပြီး၊ ဒီကလေးငယ်တွေရဲ့ ငိုသံတွေကို ကြားကြပါစေ၊ ဒီလိုအဖြစ်ဆိုးမျိုးတွေ ဖြစ်ဖို့မလိုအပ်ဘူးလို့” ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေအများအပြား သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်ကလာရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုတာတွေ ဝတ်ပြုဆုတောင်းတာတွေ လုပ်လေ့ရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်စိမ်းတွေ ဆုံးရှုံးနေရတာကြောင့် မြန်မာပြည်သူတွေ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်ခွင့်ကို လေးစားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

XS
SM
MD
LG