သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို အနောက်နိုင်ငံတပ်တွေမလွှတ်ဖို့ ရုရှားသမ္မတသတိပေး


ရုရှားသမ္မတ ပူတင်က မော်စကော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဥ်။
ရုရှားသမ္မတ ပူတင်က မော်စကော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဥ်။

ရုရှားမှာ အနောက်နိုင်ငံတွေကပစ်မှတ်တွေကိုပစ်ခတ်နိုင်တဲ့ လက်နက်တွေရှိနေပြီး တကယ်လို့ ယူကရိန်းကို အနောက်နိုင်ငံတွေက တပ်တွေစေလွှတ်မယ်ဆိုရင် နျူကလီယားစစ်ပွဲစတင်မယ့် အန္တရာယ်ရှိကြောင်း ရုရှားသမ္မတ Vladimir Putin က သတိပေးလိုက်ပါတယ်။

ဒါ့အပြင် အခုဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခမှာ နျူကလီယားလက်နက်တွေသုံးလာပြီး လူ့အဖွဲ့အစည်းကိုအဖျက်ဆီးခံရမယ့် အန္တရာယ်ရှိတာကို အနောက်နိုင်ငံတွေ နားလည်ဖို့ ရုရှားသမ္မတက သူ့ရဲ့နှစ်ပတ်လည် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ အခုလို ရုရှားသမ္မတက ပြောကြားခဲ့ပေမဲ့ ယူကရိန်းရဲ့မဟာမိတ် အနောက်နိုင်ငံတွေက ၂၀၂၂ ရုရှားကျူးကျော်ခဲ့တဲ့နောက်ပိုင်း ရုရှာကိုပြန်တွန်းလှန်ဖို့ ယူကရိန်းကို လက်နက်ခဲယမ်းတွေသာ အများအပြားပေးပို့နေပေမယ့် ယူကရိန်းတပ်တွေနဲ့ လက်တွဲတိုက်ခိုက်ဖို့ တပ်သားတွေစေလွှတ်ပေးမယ်လို့ ဘယ်နိုင်ငံကမှ မပြောပါဘူး။

ယူကရိန်းမှာတိုက်ခိုက်ဖို့ အနောက်နိုင်ငံတပ်တွေ စေလွှတ်မယ့် အစီအစဉ် မရှိပေမဲ့ဖြစ်နိုင်ခြေကတော့ ရှိနေဆဲပဲလို့ ဒီသီတင်းပတ်အစောပိုင်းမှာပဲ ပြင်သစ်သမ္မတ Emmanuel Macron ကပြောကြားခဲ့တာပါ။ ယူကရိန်းဟာ အနောက်နိုင်ငံတွေရဲ့ စစ်ရေးမဟာမိတ်ဖြစ်တဲ့ NATO အဖွဲ့ဝင် မဟုတ်သေးတဲ့အတွက် ယူကရိန်းကာကွယ်ရေးအတွက် အနောက်နိုင်ငံတွေက ထဲထဲဝင်ဝင် မလုပ်ဆောင်ကြသေးပါဘူး။

ရုရှားသမ္မတ Putin ကတော့ ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီယားတပ်တွေဟာ အသင့်ဖြစ်နေကြောင်း သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို အနောက်နိုင်ငံတပ်တွေမလွှတ်ဖို့ ရုရှားသမ္မတသတိပေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG