သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစွဲချက် ရုရှားကန့်ကွက်မှု ICJ ကြားနာ


ယူကရိန်းရုရှားအရေး ICJ ကြားနာနေစဉ် (စက်တင်ဘာ ၁၉၊ ၂၀၂၃)
ယူကရိန်းရုရှားအရေး ICJ ကြားနာနေစဉ် (စက်တင်ဘာ ၁၉၊ ၂၀၂၃)

ယူကရိန်းက စွဲဆိုထားတဲ့ လူမျိုးသုဥ်း သတ်ဖြတ်မှု နဲ့ပတ်သက်ပြီး ရုရှား ရဲ့ ကန့်ကွက်ချက် ကို ငါးရက်ကြာကြားနာခဲ့တာ ကို ကုလသမဂ္ဂ ရဲ့ ထိပ်တန်း တရားရုံး အိုင်စီဂျေ က စက်တင်ဘာလ ၂၇ ရက်နေ့ က အဆုံးသတ်လိုက်ပါတယ်။ အမှု ကို ဆက်စစ်မစစ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်ဖို့အတွက် နိုင်ငံတကာ တရားရုံး က တရားသူကြီးတွေ ဟာ ရက်သတ္တပတ်များစွာ အချိန် ယူ စဥ်းစားကြဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆက်စစ်ဖြစ်ရင်လည်း အမှု ပြီးဖို့ က နှစ်ပေါင်းများစွာ ကြာဦးမှာပါ။

ရုရှား က ယူကရိန်း နယ်မြေတွေ ကို ဆက်လက် တိုက်ခိုက်နေတဲ့အတိုင်း ယူကရိန်း အတွက် အချိန် မရှိဖြစ်နေပါတယ်လို့ နောက်ဆုံး ကြားနာရာမှာ ယူကရိန်း ရဲ့ ရှေ့နေအဖွဲ့ က အောက်ဆာနာ ဇိုလိုတာရီအိုဗာ Oksana Zolotaryova က လျှောက်ထားခဲ့ပါတယ်။ ယူကရိန်း ကရော၊ ရုရှား ကပါ လက်မှတ်ရေးထိုးထားကြတဲ့ ၁၉၄၈ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်အရ၊ ဒီ အမှု ကို ယူကရိန်း က စွဲခဲ့တာဖြစ်ပါတယ်။

၂၀၂၂ မတ်လတုန်း က ချမှတ်ခဲ့တဲ့ ကြားဖြတ်ဆုံးဖြတ်ချက်မှာတော့ ယူကရိန်း အပေါ် ရန်လိုနေတာတွေ ကို ရပ်ဖို့ နိုင်ငံတကာ တရားရုံး က ပြောခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက် ဟာ အကောင်အထည်ဖော် ကို ဖော်ဖို့ ရုရှား က ဥပဒေ အရ တာဝန်ယူရတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမဲ့ ဒါ ကို ရုရှား က ဆန့်ကျင်ပြီး ယူကရိန်း မြို့တွေ ကို ဆက်လက် တိုက်ခိုက်ခဲ့တာပါ။

နိုင်ငံတကာ တရားရုံး အိုင်စီဂျေ က နိုင်ငံတွေကြား အငြင်းပွါးမှု ကို ကြားနာပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး အိုင်စီစီ ကတော့ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ပြစ်မှုအမျိုးမျိုး အတွက် တာဝန်ရှိသူ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အများ အပေါ် တရားစွဲဆိုတာတွေ ကို ကြားနာ ဆုံးဖြတ်ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကို စစ်ရာဇဝတ်မှု နဲ့ ဖမ်းဆီးဖို့ အိုင်စီစီ က မတ်လမှာ ဝရမ်းထုတ်ထားပါတယ်။

XS
SM
MD
LG