သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ယူကရိန်းသမ္မတကို အိမ်ဖြူတော်မှာလက်ခံတွေ့ဆုံ 


အမေရိကန်နိုင်ငံကိုရောက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူမှာတွေ့ဆုံခဲ့ပြီး ရုရှားကျူးကျော်စစ်အတွက် ယူကရိန်းရဲ့တွန်းလှန်နေမှုကို ဆက်လက် ကူညီမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

"ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောခဲ့သလိုပဲ ရုရှားရဲ့ရက်စက်မှုနဲ့ ရန်လိုမှုခံနေရတဲ့ ယူကရိန်းလွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်ဖို့ ကျနော်တို့ ရပ်တည်မပေးရင် ကမ္ဘာမှာ ဘယ်နိုင်ငံမှ လုံခြုံမှုရှိမှာမဟုတ်ပါဘူး။ ယူကရိန်းကို အကူညီပေးရေးဟာ သိပ်ကိုအရေးကြီးတဲ့အတွက်လည်း ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်က ဝိုင်းဝန်းကူညီနေတာ.." ဖြစ်ကြောင်း သမ္မတဘိုင်ဒန်က ပြောသွားတာပါ။

သမ္မတဘိုင်ဒန်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူညီ ဒေါ်လာ ၃၂၅ သန်း ပေးဖို့ ရှိပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းကို ရုရှားကျူးကျော်ချိန်ကစပြီး စစ်ရေးနဲ့ လူသားစာနာမှုအကူအညီပေးခဲ့တာ အခုဆို အမေရိကန်ဒေါ်လာ ၁၁၃ ဘီလီယံ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကတော့ ဘိုင်ဒန်အစိုးရအဖွဲ့ဟာ ယူကရိန်းအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ ဦးစားပေး ဆောင်ရွက်နေကြောင်း ပြောပါတယ်။

၂၀၂၂ ဖေဖေါ်ဝါရီ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်ခဲ့တဲ့ နောက်ပိုင်း ဒါဟာ ယူကရိန်းသမ္မတ Zelenskyy ရဲ့ အမေရိကန်သမ္မတအိမ်ဖြူ ဒုတိယခရီးစဉ်ဖြစ်ပါတယ်။ ယူကရိန်းအတွက် စစ်ရေး အကူညီပေးနေတာနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်အမတ်တချို့ရဲ့ ဝေဖန်မှုတွေတိုးလာနေချိန်မှာ ယူကရိန်းသမ္မတ လာရောက်တာလည်း ဖြစ်ပါတယ်။

ကန်သမ္မတ ယူကရိန်းသမ္မတကို အိမ်ဖြူတော်မှာလက်ခံတွေ့ဆုံ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG