သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 ခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ သီးခြားစီတွေ့

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာကျင်းပနေတဲ့ G7 ထိပ်သီးစည်းဝေးပွဲအတွင်း G7 အဖွဲ့ဝင် ခေါင်းဆောင်များကိုတွေ့ရစဉ် (မေ ၁၉၊ ၂၀၂၃)
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာကျင်းပနေတဲ့ G7 ထိပ်သီးစည်းဝေးပွဲအတွင်း G7 အဖွဲ့ဝင် ခေါင်းဆောင်များကိုတွေ့ရစဉ် (မေ ၁၉၊ ၂၀၂၃)

ကမ္ဘာ့စီးပွားရေးအင်အားကြီး ဒီမိုကရေစီနိုင်ငံတွေရဲ့ G7 ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ဒီကနေ့ စနေနေ့မှာ ရောက်လာပြီး G7 ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ရုရှားတို့ရဲ့ ကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံအပေါ် ပံ့ပိုးမှုတွေဆက်လုပ်ဖို့ သမ္မတ Zelenskyy တောင်းဆိုနေချိန်မှာပဲ သမ္မတ Zelenskyy ကမာ္ဘ့ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံနေတာပါ။

စစ်ဖြစ်နေတဲ့ကြားက ဂျပန်ကို တကူးတက ရောက်လာနိုင်တဲ့အတွက် တွေ့ရတာ ဝမ်းသာတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak က ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီးနောက် တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron နဲ့တွေ့ဆုံစဉ်မှာလည်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတယ်လို့ သမ္မတ Zelenskyy က ပြောကြားခဲ့ပါတယ်။

အခုလို ယူကရိန်း သမ္မတအနေနဲ့ G7 အစည်းအဝေးမှာ အမြင်တွေကို ကိုယ်တိုင်လာရောက် တင်ပြနိုင်တာ ထူးခြားတဲ့ အခွင့်အရေးဖြစ်တယ်လို့ သမ္မတ Macron ကလည်း ပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတ Zelenskyy ဟာ အီတလီဝန်ကြီးချုပ် Giorgia Meloni နဲ့လည်း အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံစဉ်မှာတော့ အိန္ဒိယနိုင်ငံအနေနဲ့ရော သူ့အနေနဲ့ပါ ယူကရိန်းအတွက် တတ်နိုင်သမျှ လုပ်ပေးပါမယ်လို့ ဝန်ကြီးချုပ် Modi က သမ္မတ Zelenskyy ကို ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံနဲ့လည်း သမိုင်းကြောင်းအရ ဆက်ဆံရေး ကောင်းနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်က လူသားဆန်မှုနဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ တန်ဖိုးတွေက အဓိကဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ သမ္မတ Zelenskyy ဟာ အမေရိကန်သမ္မတ Joe Biden G7 စည်းဝေးပွဲ အိမ်ရှင် ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ရှိပါတယ်။

This item is part of
XS
SM
MD
LG