သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ အမေရိကန်ခေါင်းဆောင်တွေနဲ့ ဝါရှင်တန်မှာတွေ့မည်

နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်မှာ ကုလလုံခြုံရေးကောင်စီကို စကားပြောကြားနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy
(စက်တင်ဘာ ၂၀၊ ၂၀၂၃)
နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်မှာ ကုလလုံခြုံရေးကောင်စီကို စကားပြောကြားနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (စက်တင်ဘာ ၂၀၊ ၂၀၂၃)

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့ အကူအညီတွေ လိုအပ်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်ကို လာရောက်ပြီး အမေရိကန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

သမ္မတ Joe Biden နဲ့ အိမ်ဖြူတော်မှာ နေ့လည်ပိုင်း မတွေ့ဆုံခင် သမ္မတ Zelenskyy ဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာအပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့လည်း ပင်တဂွန် စစ်ဌာနချုပ်မှာ သွားရောက် တွေ့ဆုံဖို့ ရှိပါတယ်။

ယူကရိန်းနိုင်ငံအတွက် စစ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၂၄ ဘီလီယံ ကူညီထောက်ပံ့ပေးဖို့ သမ္မတ Biden အစိုးရက လွှတ်တော်ရဲ့ အတည်ပြုချက်ကို တင်ပြတောင်းဆိုထားပါတယ်။

သမ္မတ Biden အစိုးရ ကူညီပေးမယ့်အထဲက ဒေါ်လာ ဘီလီယံ ၂၀ ဟာ ကာကွယ်ရေးအတွက်ဖြစ်တာကြောင့် လာမယ့် လအနည်းငယ်အတွင်း ယူကရိန်းအတွက် သိသာတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေလိမ့်မယ်လို့ အမေရိကန် အမျိုးသားလုံခြုံကောင်စီပြောခွင့်ရ John Kirby က မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ယူကရိန်းကို နောက်ထပ် အကူအညီထပ်တိုးပေးမယ့် အစီအစဉ်တွေဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy အပါအဝင် ရီပတ်ဘလစ်ကန် လွတ်တော်အမတ်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ယူကရိန်းသမ္မတ အမေရိကန်ခေါင်းဆောင်တွေနဲ့ ဝါရှင်တန်မှာတွေ့မည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG