သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ ပူတင္ ေဆြးေႏြးဖို႔သေဘာတူရင္ ႐ုရွားလံုျခံဳေရးကို စဥ္းစားေပးသင္႔ ( ျပင္သစ္သမၼတ)


သမၼတ ပူတင္ ေဆြးေႏြးဖို႔သေဘာတူရင္ ႐ုရွားလံုျခံဳေရးကို စဥ္းစားေပးသင္႔ ( ျပင္သစ္သမၼတ)

{{Zawgyi/Unicode}}
႐ုရွားသမၼတ ဗလာဒီမာပူတင္ ဟာ ယူကရိန္း အေရွ႔ဖက္ျခမ္းက သိမ္းပိုက္ထားတဲ့ Donbas ေဒသကိုသြား ေရာက္မယ္လို႔ ႐ုရွားအစိုးရ တာ၀န္ရွိသူေတြက စေနေန႔မွာ ေျပာဆိုလိုက္ပါတယ္။

ဒီေဒသဟာ ႐ုရွားျပည္ေထာင္စုပိုင္ ေဒသျဖစ္ၿပီး အခ်ိန္အခါသင္႔ရင္ သမၼတ ပူတင္ သြားေရာက္မယ္လို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ႐ုရွားသတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္ေတာ့သြားမယ္ဆိုတာ ကိုေတာ့ ေဖၚျပျခင္းမရွိပါဘူး။

တခ်ိ္န္ထဲမွာဘဲ ျပင္သစ္သမၼတ Emmanuel Macron ကေ ျပာဆိုရာမွာ ယူကရိန္းစစ္ပဲြကိုအဆုံးသတ္ဖို႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္ အေနနဲ႔ ေဆြးေႏြးလာမယ္ဆိုရင္ လုံျခဳံေရးကိစၥနဲ႔ ပတ္သက္ၿပီး ႐ုရွားကို ဘယ္လို အာမခံခ်က္ေပးမလဲ ဆိုတာကို အေနာက္ႏိုင္ငံေတြ အေနနဲ႔ စဥ္းစားသင့္တယ္လို႔ ျပင္သစ္သမၼတ က စေနေန႔ ကေျပာဆိုခဲ့ပါတယ္။

သမၼတ ပူတင္ ရဲ႔ စိုးရိမ္ခ်က္ျဖစ္တဲ့ NATO တပ္ေပါင္းစုဟာ ႐ုရွားရဲ႔ တံခါး၀ ကို ေရာက္လာၿပီး၊ လက္နက္ေတြ ေနရာခ်ထား တာဟာ႐ုရွားရဲ႔ လုံျခဳံေရးကို ၿခိမ္းေျခာက္တယ္ဆိုတဲ့ သမၼတပူတင္ ရဲ႔စိုးရိမ္ခ်က္ကို ဥေရာပအေနနဲ႔ ေျဖရွင္းဖို႔ လိုတယ္လို႔လည္း ျပင္သစ္သမၼတ Macron က ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက အိမ္ျဖဴေတာ္ ကိုေရာက္ရွိလာတဲ့ ျပင္သစ္သမၼတ နဲ႔ ေတြ႕ဆုံစဥ္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ က သတင္းေထာက္ေတြကို ေျပာဆိုရာမွာ ႐ုရွားသမၼတ ပူတင္ အေနနဲ႔ ယူကရိန္းစစ္ပဲြကို အဆုံးသတ္ဖို႔ ဆႏၵရွိ တယ္ဆိုရင္သူ႔အေနနဲ႔ ေဆြးေႏြးသြားေျပာမယ္လို႔ သမၼတ ဘိုင္ဒင္ က ေျပာဆိုခဲ့ပါတယ္။

ေနာက္တေနမွာေတာ ႐ုရွား သိမ္းပိုက္ထားတဲ့ယူကရိန္းရဲ႔ေဒသ ၄ ခုကို ႐ုရွားပိုင္နက္အျဖစ္ အေနာက္ႏိုင္ငံေတြကအသိအမွတ္ျပဳရင္ ယူကရိန္း ကိစၥေဆြး ေႏြးမယ္လို႔ သမတပူတင္ကတုန္႔ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

သမ္မတ ပူတင် ဆွေးနွေးဖို့သဘောတူရင် ရုရှားလုံခြုံရေးကို စဉ်းစားပေးသင့် ( ပြင်သစ်သမ္မတ)

{{Zawgyi/Unicode}}
ရုရှားသမ္မတ ဗလာဒီမာပူတင် ဟာ ယူကရိန်း အရှေ့ဖက်ခြမ်းက သိမ်းပိုက်ထားတဲ့ Donbas ဒေသကိုသွား ရောက်မယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒီဒေသဟာ ရုရှားပြည်ထောင်စုပိုင် ဒေသဖြစ်ပြီး အချိန်အခါသင့်ရင် သမ္မတ ပူတင် သွားရောက်မယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော့သွားမယ်ဆိုတာ ကိုတော့ ဖေါ်ပြခြင်းမရှိပါဘူး။

တချိန်ထဲမှာဘဲ ပြင်သစ်သမ္မတ Emmanuel Macron ကေ ပြာဆိုရာမှာ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင် အနေနဲ့ ဆွေးနွေးလာမယ်ဆိုရင် လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ရုရှားကို ဘယ်လို အာမခံချက်ပေးမလဲ ဆိုတာကို အနောက်နိုင်ငံတွေ အနေနဲ့ စဉ်းစားသင့်တယ်လို့ ပြင်သစ်သမ္မတ က စနေနေ့ ကပြောဆိုခဲ့ပါတယ်။

သမ္မတ ပူတင် ရဲ့ စိုးရိမ်ချက်ဖြစ်တဲ့ NATO တပ်ပေါင်းစုဟာ ရုရှားရဲ့ တံခါး၀ ကို ရောက်လာပြီး၊ လက်နက်တွေ နေရာချထား တာဟာရုရှားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ သမ္မတပူတင် ရဲ့စိုးရိမ်ချက်ကို ဥရောပအနေနဲ့ ဖြေရှင်းဖို့ လိုတယ်လို့လည်း ပြင်သစ်သမ္မတ Macron က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက အိမ်ဖြူတော် ကိုရောက်ရှိလာတဲ့ ပြင်သစ်သမ္မတ နဲ့ တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က သတင်းထောက်တွေကို ပြောဆိုရာမှာ ရုရှားသမ္မတ ပူတင် အနေနဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒရှိ တယ်ဆိုရင်သူ့အနေနဲ့ ဆွေးနွေးသွားပြောမယ်လို့ သမ္မတ ဘိုင်ဒင် က ပြောဆိုခဲ့ပါတယ်။

နောက်တနေမှာတော ရုရှား သိမ်းပိုက်ထားတဲ့ယူကရိန်းရဲ့ဒေသ ၄ ခုကို ရုရှားပိုင်နက်အဖြစ် အနောက်နိုင်ငံတွေကအသိအမှတ်ပြုရင် ယူကရိန်း ကိစ္စဆွေး နွေးမယ်လို့ သမတပူတင်ကတုန့်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG