သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ယူကရိန်းကို ဆက်လက်ကူညီဖို့ ပြင်သစ်နဲ့ အမေရိကန် သမ္မတတွေ ကတိပြု 


US-FRANCE-DIPLOMACY-POLITICS-BIDEN-MACRON
US-FRANCE-DIPLOMACY-POLITICS-BIDEN-MACRON

အမေရိကန်သမ္မတ Joe Biden နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ ကြပြီး ရုရှား သမ္မတ Vladimir Putin ရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေကြတဲ့ ယူကရိန်း ကို ဆက်လက်ကူညီ ပံ့ပိုးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။  

ယူကရိန်းကို ဆက်လက်ကူညီဖို့ ပြင်သစ်နဲ့ အမေရိကန် သမ္မတတွေ ကတိပြု

{{Zawgyi/Unicode}}
အမေရိကန်သမ္မတ Joe Biden နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ ကြပြီး ရုရှား သမ္မတ Vladimir Putin ရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေကြတဲ့ ယူကရိန်း ကို ဆက်လက်ကူညီ ပံ့ပိုးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

“သမ္မတ Putin ရဲ့ရည်ရွယ်လုပ်ဆောင်နေတာတွေကို ဟန့်တားနိုင်ဖို့ ပြင်သစ်နဲ့ အမေရိကန်တို့ လုပ်ဆောင်နေပါတယ်။” လို့ အမေရိကန်သမ္မတ Bidne က သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း ပထမဆုံးအကြိမ် လာရောက် လည်ပတ်တဲ့ ပြင်သစ် သမ္မတကို ကြိုဆိုခဲ့ပြီးနောက် ခုလိုပြောဆိုခဲ့တာပါ။

ပြင်သစ်ဟာ အမေရိကန်အတွက် အကောင်းဆုံနဲ့ အရှည်ကြာဆုံး မဟာမိတ်ဖြစ်ပြီး လွတ်မြောက်ရေးကိစ္စတွေမှာ လက်တွဲဖေါ် မဟာမိတ်ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒင် က ပြောဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတ Macron က ပြောဆိုရာမှာလည်း ရုရှား သမ္မတ Putin က ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတာ ၁၀ လ ရှိသွားပြီဖြစ်ပြီး၊ အမေရိကန်နဲ့ ပြင်သစ်တို့ ညီနောင်တွေအဖြစ် နောက်တကြိမ် လက်တွဲဖို့ လိုအပ်တဲ့ အခြေအနေတွေဖြစ်တယ်လို့ ပြောဆိုပါတယ်။ အမေရိကန် နဲ့ ပြင်သစ်တို့ဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတန်ဘိုးတွေ တူညီကြတယ်လို့ လည်းပြော ဆိုခဲ့ပါတယ်။

သမ္မတနှစ်ဦးတွေ့ဆုံပြီး ယူကရိန်း ကို ဆက်လက် ကူညီရေး အပါအဝင် တရုတ်ရဲ့ အင်ဒို ၊ ပစ္စဖိတ်ဒေသအတွင်း လွှမ်မိုးလာမှု၊ အီရန် နျူကလီးယားကိစ္စနဲ့ အာဖရိက ဆဟာရဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

 ယူကရိန်းကို ဆက်လက်ကူညီဖို့ ပြင်သစ်နဲ့ အမေရိကန် သမ္မတတွေ ကတိပြု
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}
အမရေိကနျသမ်မတ Joe Biden နဲ့ ပွငျသဈသမ်မတ Emmanuel Macron တို့ ကွာသပတေးနေ့က အိမျဖွူတောျမှာ တှေ့ဆုံခဲ့ ကွပွီး ရုရှား သမ်မတ Vladimir Putin ရဲ့ ကြူးကြောျစဈကို ခုခံတိုကျခိုကျနကွေတဲ့ ယူကရိနျး ကို ဆကျလကျကူညီ ပံ့ပိုးသှားမယျလို့ ကတိပွုခဲ့ကွပါတယျ။





XS
SM
MD
LG