ေက်းဇူးေတာ္ေန႔ အထိမ္းအမွတ္ သမၼတဘိုင္ဒင္ ၾကက္ဆင္လႊတ္
{{Zawgyi/Unicode}}
အေမရိကန္ ျပည္ေထာင္စုမွာ ႏွစ္စဥ္က်င္းပတဲ့ Thanksgiving ေက်းဇူးေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ အိမ္ျဖဴေတာ္မွာ သမၼတ Joe Biden က ၾကက္ဆင္ ၂ ေကာင္ ကို တနလၤာေန႔က ေဘးမဲ့ေပးလိုက္ပါတယ္။ အေမရိကန္မွာ ႏွစ္ေပါင္း ၇၅ ႏွစ္ၾကာ အစဥ္အလာမပ်က္ က်င္းပခဲ့တဲ့ ၾကက္ဆင္လႊတ္ပဲြကို သမၼတအျဖစ္ တာ၀န္ယူၿပီး ဒုတိယအႀကိမ္လုပ္ရာမွာ ေပါင္ ၅၀ ေလာက္စီရွိတဲ့ Chocolate နဲ႔ Chip လို႔ေခၚတဲ့ ၾကက္ဆင္ ၂ ေကာင္ကို ေဘးမဲ့ေပးလိုက္တာပါ။
ထူးထူးျခားျခား ဒီႏွစ္ ဝါရွင္တန္ဒီစီမွာ အေအးဓာတ္မ်ားေနခ်ိန္မွာပဲ ရာနဲ႔ခ်ီတဲ့ ဧည့္သည္ေတြနဲ႔ အိမ္ျဖဴေတာ္ ေတာင္ဖက္ ျမက္ခင္းမွာ ၾကက္ဆင္လႊတ္ပဲြ က်င္းပခဲ့တာလည္း ျဖစ္ပါတယ္။
ေဘးမဲ့ေဘးလိုက္တဲ့ ၾကက္ဆင္ႀကီး ၂ ေကာင္ကေတာ့ သူတို႔ဇာတိ ေျမာက္ကယ္ရိုလိုင္းနား ျပည္နယ္ တကၠသိုလ္ ပုရ၀ဏ္မွာ ရာသက္ပန္ ေဘးမဲ့ ေနထိုင္ခြင့္ ရၾကမွာ ျဖစ္ပါတယ္။၊
အေမရိကန္မွာ ၾကက္ဆင္ေတြကို သမၼတေတြက ေဘးမဲ့ေပးတဲ့ အစဥ္အလာကိုေတာ့ ၁၉ ၄၇ ခုႏွစ္ သမၼတ Harry Truman က စခဲ့တာျဖစ္ပါတယ္။
..........................................................
ကျေးဇူးတော်နေ့ အထိမ်းအမှတ် သမ္မတဘိုင်ဒင် ကြက်ဆင်လွှတ်
{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပတဲ့ Thanksgiving ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်မှာ သမ္မတ Joe Biden က ကြက်ဆင် ၂ ကောင် ကို တနင်္လာနေ့က ဘေးမဲ့ပေးလိုက်ပါတယ်။ အမေရိကန်မှာ နှစ်ပေါင်း ၇၅ နှစ်ကြာ အစဉ်အလာမပျက် ကျင်းပခဲ့တဲ့ ကြက်ဆင်လွှတ်ပွဲကို သမ္မတအဖြစ် တာဝန်ယူပြီး ဒုတိယအကြိမ်လုပ်ရာမှာ ပေါင် ၅၀ လောက်စီရှိတဲ့ Chocolate နဲ့ Chip လို့ခေါ်တဲ့ ကြက်ဆင် ၂ ကောင်ကို ဘေးမဲ့ပေးလိုက်တာပါ။
ထူးထူးခြားခြား ဒီနှစ် ဝါရှင်တန်ဒီစီမှာ အအေးဓာတ်များနေချိန်မှာပဲ ရာနဲ့ချီတဲ့ ဧည့်သည်တွေနဲ့ အိမ်ဖြူတော် တောင်ဖက် မြက်ခင်းမှာ ကြက်ဆင်လွှတ်ပွဲ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ဘေးမဲ့ဘေးလိုက်တဲ့ ကြက်ဆင်ကြီး ၂ ကောင်ကတော့ သူတို့ဇာတိ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် တက္ကသိုလ် ပုရဝဏ်မှာ ရာသက်ပန် ဘေးမဲ့ နေထိုင်ခွင့် ရကြမှာ ဖြစ်ပါတယ်။၊
အမေရိကန်မှာ ကြက်ဆင်တွေကို သမ္မတတွေက ဘေးမဲ့ပေးတဲ့ အစဉ်အလာကိုတော့ ၁၉ ၄၇ ခုနှစ် သမ္မတ Harry Truman က စခဲ့တာဖြစ်ပါတယ်။