သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တလွှား ကျေးဇူးတော်နေ့ ဆင်နွှဲ


အမေရိကန် နိုင်ငံ တဝန်းမှာတော့ ဒီကနေ့ ကြာသပတေးနေ့မှာ ကျေးဇူးတော်နေ့ကို ဆင်နွှဲကြပါမယ်။ ဒီကနေ့ ကျေးဇူးတော်နေ့မှာတော့ ထုံးတမ်းစဉ်လာ အရ မိသားစုတွေ မိတ်ဆွေတွေ အတူဝိုင်းဖွဲ့ စားသောက်ကြသလို အလှပြချီတက်ပွဲတွေနဲ့ ဘောလုံးပွဲတွေ ကြည့်ရှုအားပေး ကြပါတယ်။ အများအပြားကတော့ အားလပ်ရပ်မှာ စပြီး ဈေးဝယ်နေကြပါပြီ။

နယူးယောက်မြို့ မက်ဟန်တန် အရပ်မှာ Macy’s ကုန်တိုက်ကြီးရဲ့ ကျေးဇူးတော်နေ့ အလှပြ ချီတက်ပွဲ အပါအဝင် ၂၀၁၇ ခုနှစ် အတွက် ပွဲလမ်းသဘင်တွေကိုတော့ လုံခြုံရေး တင်းတင်းကြပ်ကြပ် စိစစ်မှာပါ။ နယူးယောက်မြို့က စက်ဘီးစီးလမ်းပေါ်က လူအုပ်ထဲကို ဥဇဘက်နိုင်ငံက ပြောင်းရွှေ့လာသူက ကုန်ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့ရပြီး သတင်းပတ်တွေ အတွင်းမှာ ကျင်းပမယ့် အခု အလှပြ ချီတက်ပွဲကတော့ ကြည့်ရှုသူ ၂ သိန်းလောက် ရှိတတ်တာပါ။

လုံခြုံရေး ချထားမယ့် အထဲမှာ လက်ဖြောင့် ရဲတပ်ဖွဲ့ဝင်တွေရော၊ သဲတင်တဲ့ ကားကြီးတွေရော၊ နောက် ဗုံးရှာခွေးတွေလည်း ပါဝင်မယ်လို့ နယူးယောက် တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ခြိမ်းခြောက်မှုတွေ မရှိဘူးလို့ အာဏာပိုင်တို့က အတည်ပြု ပြောဆိုထားပေမယ့်လည်း မက်ဟန်တန် တလျှောက် ၂ မိုင်ခွဲလောက် လမ်းကြောင်းမှာ ထောင်နဲ့ချီတဲ့ ရဲတွေ ချထားမယ်လို့လည်း ပြောဆိုထားတာပါ။ အလှပြ ချီတက်ပွဲကတော့ အမေရိကန် စံတော်ချိန် မနက် ၉ နာရီမှာ စတင်မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG