သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

  မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေနဲ့ သမ္မတဘိုင်ဒင်ဆွေးနွေး 


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ASEAN2022 Phnom Pen
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ASEAN2022 Phnom Pen

ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က အဆုံးသတ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ Joe Biden ဟာ အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေနဲ့ သမ္မတဘိုင်ဒင်ဆွေးနွေး

{{Zawgyi/Unicode}}
ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က အဆုံးသတ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ Joe Biden ဟာ အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်မှာ အရပ်သားတွေကို ပစ်မှတ်ထားသလို၊ မြန်မာနိုင်ငံမှာလည်း အလားတူ အခြေအနေမျိုးနဲ့ ကြုံနေရတာကို သမ္မတက မှတ်ချက်ပေးခဲ့ကြောင်းလည်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး က ဗွီအိုအေကို ပြောပါတယ်။

“ယူကရိန်းမှာ တွေ့ရသလို အရပ်သားတွေအပေါ် ရန်လိုတဲ့ ပုံစံမျိုးတွေမှာ အသွင်တူတဲ့ သဘောမျိုး ကောက်ချက်ချ ပြောခဲ့တာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ တွေ့မြင်နေရတာတွေနဲ့တော့ တိတိကျကျ ဆက်နွယ်နေတာမျိုး မဟုတ်ပေမဲ့ ဒီကိစ္စ ၂ ခုကို တူညီတဲ့ ပုံစံတွေအဖြစ် မှတ်ချက်ပေးခဲ့တာပါ။” လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က သမ္မတရဲ့ Air Force One လေယာဉ်ပေါ်မှာ တနင်္ဂနွေနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ လက်တွေ့အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေတာကြောင့် အဖွဲ့ဝင် နိုင်ငံတချို့ အပါအဝင် နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ ဖိအားတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒင်ကတော့ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်သက်တမ်း ကုန်ဆုံးသွားတဲ့ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေး အမေရိကန်က ဆက်လက် အားပေးသွားမယ့်အကြောင်း သမ္မတဘိုင်ဒင်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

..................................................................


{{Zawgyi/Unicode}}





XS
SM
MD
LG