သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးစည်ဝေးပွဲ ရလဒ် NUG အကန့်အသတ်နဲ့ ကြိုဆို


Cambodia ASEAN
Cambodia ASEAN

အာဆီယံထိပ်သီးစည်ဝေးပွဲ ရလဒ် NUG အကန့်အသတ်နဲ့ ကြိုဆို

{{Zawgyi/Unicode}}
အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သောကြာနေ့က သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့တာကို NUG အမျိုးသားညီညွတ်ရေးအစိုးရ NUG က အတိုင်းအတာတခုအထိကြိုဆိုလိုက်ပြီး၊ ပိုမိုထိရောက်အောင် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေး ဘုံသဘောတူမှု ၅ ချက်အပေါ် အချိန်ကာလသတ်မှတ်ဆောင်ရွက်ဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့တဲ့အပေါ်၊ တုန့်ပြန်တဲ့ကြေညာချက်တစောင်ကို NUG က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီအစဉ်ရေးဆွဲမှုမှာ NUG နဲ့ ထိတွေ့လုပ်ဆောင်ဖို့ ကိုလည်းတောင်းဆိုလိုက်ပါတယ်။

မြန်မာ စစ်ကောင်စီဘက်ကတော့ တက်ခွင့်မရတဲ့ အခုအာဆီယံထိပ်သီးအစည်းဝေး ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်လိုက်ပါ တယ်။ အခုလိုအခြေအနေမှာဘဲ နောက်လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌ အဖြစ်အင်ဒိုနီးရှား ဖြစ်လာမှာကို NUG ကကြိုဆိုလိုက်သလို၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းကဆက်လက်တက်ပြပေးပါမယ်။

အာဆီယံထိပ်သီးစည်ဝေးပွဲ ရလဒ် NUG အကန့်အသတ်နဲ့ ကြိုဆို
please wait

No media source currently available

0:00 0:05:55 0:00
တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}



XS
SM
MD
LG